Thursday, August 6, 2026

နိုင်ငံတော်သမ္မတအား ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာအနုထင် ချာဝီရကွန်က အစိုးရအိမ်တော်၌ နိုင်ငံတော်အဆင့် အခမ်းအနားဖြင့် ဂုဏ်ပြုကြိုဆို

ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန်၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် (Official Visit) ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတအား ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန်က ယနေ့နံနက်ပိုင်းတွင် ဘန်ကောက်မြို့ရှိ အစိုးရအိမ်တော်၌ နိုင်ငံတော်အဆင့် အခမ်းအနားဖြင့် ဂုဏ်ပြုကြိုဆိုခဲ့သည်။










အစိုးရအိမ်တော်သို့ ရောက်ရှိလာသည့် နိုင်ငံတော်သမ္မတအား ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန်က ကြိုဆိုနှုတ်ဆက်ခဲ့ပြီး ဂုဏ်ပြုတပ်ဖွဲက မြန်မာနိုင်ငံတော်သီချင်းနှင့် ထိုင်းနိုင်ငံတော်သီချင်းတို့ကို တီးမှုတ်၍ ဂုဏ်ပြုကြိုဆိုခဲ့သည်။

ယခုကဲ့သို နိုင်ငံတော်အဆင့်အခမ်းအနားဖြင့် ဂုဏ်ပြုကြိုဆိုခြင်းသည် မြန်မာ–ထိုင်း နှစ်နိုင်ငံအကြား အစဉ်အလာကောင်းမွန်သည့် ချစ်ကြည်ရင်းနှီးမှုနှင့် အပြန်အလှန်လေးစားယုံကြည်မှုတို့ကို ထင်ဟပ်စေခဲ့သည်။

Souce : PPIB

No comments:

Post a Comment