နေပြည်တော်
ဇူလိုင် ၈
နေပြည်တော်ကောင်းစီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယမန်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီ ဇမ္ဗူသီရိခန်းမ၌ ကျင်းပပြုလုပ်သည့် မြေအသုံးချမှု၊ ဇုန်သတ်မှတ်ချက်စည်းမျဉ်း၊ ဖွံ့ဖြိုးရေးခွင့်ပြုမိန့်ဆိုင်ရာစည်းမျဉ်းများနှင့်ပတ်သက်၍ ဆွေးနွေးပွဲကို တက်ရောက်သည်။
ဦးစွာ
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက နေပြည်တော်၏ Master Plan တွင် မြို့ပြဧရိယာအလိုက် ဇုန်များ
ခွဲခြားသတ်မှတ်ပြီး ဇုန်အလိုက် အခြေခံအဆောက်အအုံများကို
တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ နေပြည်တော်ကို မြို့ကြီး(City) အဆင့်သာမက မြို့တော်(Capital)အဆင့်နှင့်ကိုက်ညီမှုရှိစေပြီး
ဖွံ့ဖြိုးတိုးတက်မှုစံပြအဖြစ် တည်ဆောင်ရန်နှင့် နေပြည်တော်အား လက်ရှိအခြေအနေနှင့်ကိုက်ညီသည့်
မြို့ပြအကွက်ချပုံစံ(Urban
Plan) ရေးဆွဲဆောင်ရွက်လျက်ရှိကြောင်း၊
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအနေနှင့် ရန်ကုန်မြို့အတွက်
ဇုန်သတ်မှတ်ချက်စည်းမျဉ်းများ ဖွံ့ဖြိုးရေးခွင့်ပြုမိန့်ဆိုင်ရာ စည်းမျဉ်း/စည်းကမ်းများဆောင်ရွက်ထားသည်ကို
လေ့လာတွေ့ရှိရသဖြင့် ၎င်းလုပ်ငန်းများနှင့်ပတ်သက်ပြီး အတွေ့အကြုံများမျှဝေပေးဖို့
ပြောကြားလိုပါကြောင်း၊ ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် အဆောက်အအုံများ
ပြန်လည်ဆောက်လုပ်နိုင်ရေး မြို့ပြစီမံကိန်းရှုထောင့်မှ ထည့်သွင်းစဉ်းစားရန်နှင့်
သဘာဝဘေးအန္တရာယ်ကိုခံနိုင်ရည်ရှိစေရန် အဓိကထားထည့်သွင်းစဉ်းစား သုံးသပ်ဆောင်ရွက်ကြရန်လိုကြောင်း၊
အဆောက်အအုံများဆောက်လုပ်ရာတွင် မြေစမ်းသပ်မှု (Soil Test) များ စနစ်တကျဆောင်ရွက်ရန်၊
ငလျင်ကြောပေါ်တွင် ရောက်ရှိခြင်းမရှိစေရန်နှင့် ငလျင်ပြင်းအား ရစ်ချ်တာစကေး ၈ အထိ
ခံနိုင်ရည်ရှိရန် လိုအပ်ပါကြောင်း၊ နေပြည်တော်ကို Green City၊ Clean City၊ Smart City ဖြစ်အောင် အကောင်အထည်ဖော်ဆောင်ရွက်နေ
ကြောင်း၊ မြို့ပြဖွံ့ဖြိုးတိုးတက်ရေးအတွက်လိုအပ်သည့် အခြေခံအဆောက်အအုံတွေကို
ရေတို၊ ရေရှည်မျှော်မှန်းချက်များနှင့် ဘက်စုံထောင့်စုံမှဆက်စပ်စဉ်းစားပြီး
ဝိုင်းဝန်းသုံးသပ်အကြံပြုတင်ပြပေးကြရန်လိုကြောင်း ပြောကြားခဲ့သည်။ ယင်းနောက်
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မြို့ပြစီမံကိန်းဌာန၊ ဌာနမှူးက
ဇုန်သတ်မှတ်ချက်စည်းမျဉ်း၊
ဖွံ့ဖြိုးရေးခွင့်ပြုမိန့်ဆိုင်ရာစည်းမျဉ်းများနှင့်ပတ်သက်၍
ဆောင်ရွက်ခဲ့သည့်လုပ်ငန်းများအား ရှင်းလင်းဆွေးနွေးတင်ပြခဲ့သည်။ ထို့နောက်
တက်ရောက်လာကြသူများမှသိရှိလိုသည်များ မေးမြန်းဆောင်ရွက်ခြင်းနှင့် အထွေထွေဆွေးနွေးခြင်းများ
ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)
No comments:
Post a Comment