ဒေါက်တာဇင်မာကျော်
နှစ်စဉ်အောက်တိုဘာလ၏ နောက်ဆုံးသီတင်းပတ်ကို ကမ္ဘာလုံးဆိုင်ရာမီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာသိနားလည်မှု ရက်သတ္တပတ် (Global Media and Information Literacy (MIL) Week) အဖြစ် သတ်မှတ်ထားပါသည်။ ယခုနှစ်အတွက် အဓိကဖော်ညွှန်းချက်မှာ “သတင်းအချက်အလက်များ၏ ဒစ်ဂျစ်တယ်နယ်ပယ်အသစ်၊ ပြည်သူ့အကျိုးပြု သတင်းအချက်အလက်များအတွက် မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာသိနားလည်မှု”ဟူ၍ ဖြစ်ပါသည်။ ဤဖော်ညွှန်းချက်သည် သတင်းအချက်အလက်များ လျင်မြန်စွာဖန်တီးပေါ်ထွက်လာမှု၊ ပျံ့နှံ့မှုနှင့် အသုံးပြုမှုတို့ကို လမ်းညွှန်ရာတွင် ဘေးကင်းစေရန်၊ ပိုမို ပေါင်းစည်းပါဝင်ကြရန်နှင့် မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှုသည် အနာဂတ်ဒစ်ဂျစ်တယ်ခေတ်တွင် အားလုံးအတွက် ပဓာနကျ အရေးပါပုံကို မီးမောင်းထိုးပြထားခြင်းဖြစ်သည်။
အချက် ၅ ချက် သတ်မှတ်ပေးခဲ့
မျက်မှောက်ခေတ်တွင် ဒစ်ဂျစ်တယ်အခင်းအကျင်း ပေါ်ထွန်းလာမှုကြောင့် ယင်း၏အခွင့်အလမ်းနှင့်
စိန်ခေါ်မှုများကို ဖော်ထုတ်နိုင်ရေးမှာ အရေးပါလာပေသည်။ ထို့ကြောင့် ၂၀၂၄ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ
MIL Week အတွက် (၁) သတင်းတု၊ သတင်းမှားများ၊ အမုန်းစကားများ၊ အွန်လိုင်း ရင်းမြစ်ဖြစ်စဉ်များနှင့်
ပုဂ္ဂိုလ်ရေးချိုးဖောက်မှုများ အပါအဝင် အွန်လိုင်းစိန်ခေါ်မှုများနှင့် ခြိမ်းခြောက်
မှုများကြောင့် လူများစုရင်ဆိုင်နေရသည့် အခက်အခဲများကို ဖော်ထုတ်ရန်၊ (၂) မီဒီယာနှင့်
သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှုနှင့် ဆက်စပ်သည့် ခိုင်မာအားကောင်းသည့် ဒေသတွင်းနှင့်
အပြည်ပြည်ဆိုင်ရာမူဝါဒများ ပေါ်ထွက်လာစေရေး တိုက်တွန်းလှုံ့ဆော်ပေးရန်၊ (၃) ကမ္ဘာတစ်ခွင်မှ
အကြောင်းအရာများ ဖန်တီးပုံဖော်သူများ၊ လူငယ်များ၊ အမျိုးသမီးများနှင့် ပြည်သူများအား
ဆန်းသစ်သည့် မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှုကို ဦးစီးဦးဆောင်ပြုကာ အကောင်းဆုံးကျင့်သုံးနိုင်သူများဖြစ်စေရန်
ရည်ရွယ်၍ အသိအမြင်များ မြှင့်တင်ပေးရန်၊ (၄) မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှု
ပိုမို ထွန်းကားလာစေရေးအတွက် stakeholder များ အကြား ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်ပေး ရန်၊ (၅) သတင်းအချက်အလက်
အခင်းအကျင်းသစ်၏ စိန်ခေါ်မှုနှင့်အခွင့်အလမ်းများကို တုံ့ပြန်သည့် အနေဖြင့် MILကို
အားဖြည့်ရန်အလို့ငှာ အနာဂတ်တွင် သုတေသနများ ဆောင်ရွက်ခြင်း၊ မူဝါဒချမှတ်ခြင်းနှင့်
အရည်အသွေးမြှင့်တင်ခြင်းလုပ်ငန်းနယ်ပယ်များ ဖော်ထုတ်ရန်ဟူသည့် အချက် ၅ ချက် ကို သတ်မှတ်ပေးခဲ့ပါသည်။
ယခုနှစ်၏ အဓိကဖော်ညွှန်းချက်တွင် ပြည်သူများအား အွန်လိုင်းပေါ်တွင် ရေးသားဖော်ပြချက်
များကို တာဝန်ယူမှုရှိစွာလုပ်ကိုင်ကြစေရန်၊ ဝေဖန်သုံးသပ်စဉ်းစားကြရန်နှင့် သတင်းအချက်အလက်
များကို အကဲဖြတ်ရန်၊ လံကြုပ်သတင်းများ၊ ထွင်လုံးများကို သတိမူမိစေသည့် စွမ်းရည်များရှိနေစေရန်
အရေးကြီးကြောင်း မီးမောင်းထိုးပြထားသည်။ ယင်းအချက်သည် မျက်မှောက်ခေတ် ဒစ်ဂျစ်တယ်ဂေဟစနစ်တွင်
အထူးအရေးပါလာသည့် လိုအပ်ချက်တစ်ခု ဖြစ်နေသည်။
ဒစ်ဂျစ်တယ်ပလက်ဖောင်းပေါ်မှ သတင်းအချက်အလက်နှင့် သတင်းများကို ဖန်တီးပုံဖော်၊
သုံးစွဲသည့်နည်းလမ်းသည် အရှိန်အဟုန်ဖြင့် ပြောင်းလဲလာနေသည်။ အွန်လိုင်းသုံးစွဲသူများသည်
အွန်လိုင်းပေါ်မှ အကြောင်းအရာများကို အချိန်နှင့်တစ်ပြေးညီ စိတ်ကြိုက်အသုံးပြုနိုင်ခွင့်၊
ဝေမျှခွင့်များ ရရှိနေကြပြီဖြစ်သည်။ အွန်လိုင်းပေါ်တွင် သတင်းများ ရေးသားတင်ဆက်ကြသည့်
မျိုးဆက်သစ်ဂျာနယ်လစ်များ၊ တက်ကြွလှုပ်ရှားသူများနှင့် အွန်လိုင်းဆယ်လီများသည် သတင်းအချက်အလက်များကို
တစ်မူထူးသည့် နည်းလမ်းများသုံးပြီး မည်ကဲ့သို့ ဖြန့်ဖြူးကြမည်နည်းဆိုသည့် အပြောင်းအလဲကို
လိုလားနေကြသည်။ ယင်းလိုလားချက်များ အရှိန်ကောင်းလာကာ သမားရိုးကျလူထုဆက်ဆံရေးမီဒီယာများနှင့်ပေါင်းဆုံပြီး
ကွဲပြားသောပရိသတ်များဆီ ရောက်ရှိခဲ့ကြသည်။ သို့ရာတွင် မတူကွဲပြားသည့် အသံများနှင့်
ထင်မြင်ယူဆချက်များ ပိုမိုအားကောင်းလာစဉ်တွင် အွန်လိုင်းပေါ်၌ ရေးသားတင်ဆက်နေသူများ၏
ကျင့်ဝတ်၊ ပရော်ဖက်ရှင်နယ်ဆန်မှုနှင့် ယုံကြည်စိတ်ချရမှုဆိုသည့် အကြောင်းအရာများအပေါ်တွင်
မေးခွန်းထုတ်စရာ ဖြစ်လာနေပါသည်။
ပေါင်းစပ်မှုအသစ်များ ယူဆောင်လာ
ထို့အပြင် ဉာဏ်ရည်တု (Artificial Intelligence - AI) ပေါ်ထွန်းလာခြင်းသည် သတင်းအချက်အလက်
အခင်းအကျင်းကို ပေါင်းစပ်မှုအသစ်များ ယူဆောင်လာခဲ့ပါသည်။ အစစ်အမှန်နီးပါးတူသော စာသား၊
ရုပ်ပုံနှင့် ဗီဒီယိုများ ဖန်တီးလုပ်ဆောင်လာနိုင်ခြင်း ကြောင့် လူသားများကိုယ်တိုင်
ဖန်တီးထားခြင်းနှင့် AI ဖြင့် ဖန်တီးမှုအကြား လုပ်နည်းကိုင်နည်းစနစ် ခွဲခြားရန် ပိုမိုဝေဝါးလာခဲ့ပြီး
သုံးစွဲသူများအကြား ဝေဖန်စဉ်းစားခြင်း၊ သတိဖြင့် စောင့်ကြည့်ခြင်း ဟူသည့် စွမ်းရည်သစ်များ
လိုအပ်လာနေပါသည်။
သတင်းအချက်အလက် အခင်းအကျင်းသစ်သည် လူသားများ၏ လုပ်ဆောင်မှုနှင့် AI ၏ လုပ်ဆောင်မှုဆုံမှတ်သို့
ရောက်ရှိနေပါသည်။ ယင်းအချက်မှာ အသုံးပြုသူများ ကိုယ်တိုင်ဖန်တီး ထုတ်လုပ်ခြင်းနှင့်
မီဒီယာလုပ်ငန်းများမှ ဖန်တီးထုတ်လုပ်ကာ ဆိုရှယ်မီဒီယာပလက်ဖောင်းသို့ တင်ခြင်းတို့ဖြစ်သည်။
ထို့ကြောင့် သတင်းအချက်အလက်ဆိုင်ရာများ ဖန်တီးထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူးမှု ဆင့်ကဲပြောင်းလဲတိုးတက်လာမှုတွင်
ပြည်သူများအတွက် ၎င်းတို့ရောက်ရှိနေသည့် အနေအထားကို နားလည်သဘောပေါက်ရန် အရေးကြီးသောအချိန်ကာလသို့
ရောက်ရှိနေပြီ ဖြစ်သည်။ ဒစ်ဂျစ်တယ်ခေတ်ကို ပုံဖော်ရာတွင် ပြည်သူတစ်ဦးချင်းစီတိုင်းက
ဖန်တီးမှု၊ ဆန်းသစ်မှု နှင့် လူမှုရေးဆိုင်ရာ လှုပ်ရှားမှုများဖြင့် တက်ကြွစွာ ပါဝင်သူများ
ဖြစ်လာနိုင်ပေမည်။ သတင်းအချက် အလက်များကို လိုရာပုံဖော်သုံးစွဲခြင်းမျိုးထက် ပြည်သူကို
ပိုမိုဗဟိုပြုရန်၊ ဒီမိုကရေစီ လက်ခံကျင့်သုံး ရန်၊ အားလုံးပါဝင်နိုင်စေရန်နှင့် သတင်းအချက်အလက်ဂေဟစနစ်ကို
ကောင်းစွာနားလည် ကြံ့ကြံ့ခံ နိုင်ရန် အခြေခံကောင်းများ ချမှတ်ပေးရပါမည်။
အွန်လိုင်းတွင် သတင်းတု၊ သတင်းမှားများ ပေါများလာ
လျင်မြန်သည့် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုသည် သင်ယူလေ့လာနိုင်ခြင်း၊ ကူးလူးဆက်ဆံနိုင်
ခြင်းနှင့် ဆန်းသစ်တီထွင်နိုင်ခြင်းဟူသည့် အခွင့်အလမ်းများစွာကို ဆောင်ကြဉ်းပေးနေသလို
စိန်ခေါ် မှုများစွာကိုလည်း သယ်ဆောင်လာနေပါသည်။ သတင်းတု၊ သတင်းအမှား၊ အမုန်းစကားနှင့်
အတွင်းရေးလျှို့ဝှက်ချက်များ၊ AI ဖြင့် လုပ်ဆောင်သည့် ကျား၊ မ ခွဲခြားမှုများ၊ လူမျိုးရေးတရားသေ
ကိုင်စွဲမှုများ ပေါ်ပေါက်လာခဲ့ခြင်းသည် တစ်ဦးတစ်ယောက်ချင်းမှ လူမှုအသိုက်အဝန်းများ၊
အုပ်ချုပ်ရေးယန္တရားနှင့် ကမ္ဘာတစ်ခွင် ငြိမ်းချမ်းရေးကို ထိခိုက်စေသည်အထိ ပြဿနာရပ်များ
ပေါ်ပေါက်အောင် ဖိအားပေးနိုင်ခဲ့သည်။ အွန်လိုင်းတွင် သတင်းတု၊ သတင်းမှားများ ပေါများလာခြင်း
သည် ပဋိပက္ခများ၊ ရွေးကောက်ပွဲများ၊ ကျန်းမာရေးဆိုင်ရာများနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာများကဲ့သို့သော
အရေးကြီးသည့်ကိစ္စရပ်များနှင့် စပ်ဆိုင်လာသောအခါ အထူးစိုးရိမ်စရာဖြစ်လာခဲ့သည်။
ဉာဏ်ရည်တုကို အသုံးပြု၍ မဟုတ်မမှန် လုပ်ကြံရေးသားထားသည့် အကြောင်းအရာများ ဖန်တီး၍
ယင်းကို အတိုင်းအတာတစ်ခုအထိ ပျံ့နှံ့သွားအောင် လုပ်ဆောင်စေခြင်းဖြင့် သတင်းတု၊ သတင်းမှားများ
ပျံ့နှံ့မှုနှုန်းအားကောင်းရန် လုပ်ဆောင်နိုင်ပြီဖြစ်သည်။ ဉာဏ်ရည်တုသည် တုပထားသည့်၊
မှားယွင်းသည့် သတင်းအချက်အလက်များ ဖန်တီးရာတွင် ဦးဆောင်နေပြီဟု ယူဆ၍ရနိုင်ပါသည်။
မီဒီယာနှင့် သတင်းအချက်အလက်ကို ကောင်းစွာအသုံးချ
ယူနက်စကို၏ ကမ္ဘာလုံးဆိုင်ရာ MIL အစီအစဉ်တွင် လူငယ်များအား ဉာဏ်ရည်တုဖြင့် ဖန်တီးပုံဖော်
မှု အားကောင်းလာသည့် ဒစ်ဂျစ်တယ်အသိုက်အဝန်းအတွင်း ပူးပေါင်းဖန်တီးမှု၊ တွဲဖက်ဦးဆောင်မှု၊
MIL ပညာပေးရေးလုပ်ငန်းများတွင် ရေရှည်ပါဝင်ဆောင်ရွက်ရန် တိုက်တွန်းထားသည်။ ယင်းအချက်
ကို လက်ရှိ MIL ဆိုင်ရာမူဝါဒတွင် မီးမောင်းထိုးပြထားသည့်အချက်မှာ “မီဒီယာနှင့် သတင်းအချက်
အလက်ဆိုင်ရာ သိနားလည်မှုကို ကောင်းစွာအသုံးချ၍ ဉာဏ်ရည်တုနည်းပညာဖြင့် စွမ်းဆောင်ချက်
ကောင်းများ တိုးတက်ပေါ်ထွန်းလာစေရေး”ဟူ၍ ဖြစ်သည်။
ကမ္ဘာ့နိုင်ငံအနှံ့အပြားတွင် ကဏ္ဍအသီးသီးမှ stakeholder များဖြစ်သော အစိုးရအဖွဲ့အစည်းများ၊
ပညာရေးဆိုင်ရာ အဖွဲ့အစည်းအသီးသီးနှင့် တက္ကသိုလ်များ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ပုံနှိပ်၊
ရုပ်သံလွှင့်၊ အွန်လိုင်းမီဒီယာများနှင့် နည်းပညာကုမ္ပဏီများသည် ကမ္ဘာလုံးဆိုင်ရာ မီဒီယာနှင့်
သတင်းအချက်အလက်ဆိုင်ရာ ရက်သတ္တပတ်အခမ်းအနားများ ကျင်းပကာ အသိပညာများ ဝေမျှ၊ ဆွေးနွေးမှုများ
ဆောင်ရွက်ကြမည်ဖြစ်သည်။ ထို့ကြောင့် အားလုံးအတွက် ဘေးကင်းလုံခြုံပြီး ပိုမို ပူးပေါင်းပါဝင်နိုင်သည့်
ဒစ်ဂျစ်တယ်အနာဂတ်ကို ပုံဖော်ကြရန် ခိုင်မာသည့်လုပ်ဆောင်ချက်များ ချမှတ်ဆောင်ရွက်နိုင်မည်ဟု
မျှော်လင့်လျှက် ၂၀၂၄ ခုနှစ် Global MIL Week အား ကြိုဆိုလိုက်ရပါ သည်။ ။
(ကိုးကား၊ Concept Note of 2024 Global MIL Week, UNESCO)

No comments:
Post a Comment