မအေးစု(ဥပဒေ)
တရားသောစစ်မူသဘောတရား (Just War Theory) အရ နိုင်ငံတစ်နိုင်ငံရဲ့ အချုပ်အခြာအာဏာပိုင်လွတ်လပ်မှုကို ထိပါးနှောင့်ယှက်လာတဲ့အခါမှာ အဲဒီနိုင်ငံအနေနဲ့ ကာကွယ်ခုခံနိုင်တဲ့ အခွင့်အရေးရှိပါတယ်။ ဒီမူသဘောတရားကပဲ နိုင်ငံတစ်နိုင်ငံရဲ့ ပိုင်နက်နယ်မြေတည်တံ့ခိုင်မြဲမှုနဲ့ နိုင်ငံရေးလွတ်လပ်မှုကို မပြိုကွဲမပျက်စီးစေဖို့အတွက် ကာကွယ်ခုခံပိုင်ခွင့်အခွင့်အရေးကို ခွင့်ပြုထားတာပဲဖြစ်ပါတယ်။
နိုင်ငံတော်ကာကွယ်ခုခံပိုင်ခွင့်
(National Self |
Defence) ဆိုတာဟာ နိုင်ငံတော်ကို ကာကွယ်ဖို့နဲ့ ကျရောက်လာမယ့်
အန္တရာယ်တွေကို တိုက်ဖျက်ဖို့ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့်ဆိုရရင် နိုင်ငံတစ်နိုင်ငံရဲ့
အချုပ်အခြာအာဏာ၊ အခြေခံအဆောက်အအုံ၊ နိုင်ငံသားတွေရဲ့ လူမှုဘဝနဲ့
အကျိုးစီးပွားတွေကို ကာကွယ်ဖို့ပဲ ဖြစ်ပါတယ်။ နိုင်ငံတစ်ခုရဲ့ အတွင်းရန်နဲ့
အပြင်ရန်တွေကို ကာကွယ်ဖို့လုပ်ဆောင်တာလို့လည်း အဓိပ္ပာယ်ရပါတယ်။
ပြည်ပနိုင်ငံတစ်ခု
ထိပါးနှောင့်ယှက် လာတာတွေကို ကာကွယ်ဖို့
နိုင်ငံတော်ကာကွယ်ခုခံပိုင်ခွင့်အတွက်
နိုင်ငံတစ်ခုရဲ့ အတွင်းရန်ကို ကာကွယ်တယ်ဆိုတာကတော့ နိုင်ငံအတွင်းမှာရှိတဲ့
အကြမ်းဖက်အဖွဲ့တွေ၊ အကြမ်းဖက်လုပ်ရပ်တွေ၊ လက်နက်ကိုင်တိုက်ခိုက် လာတာတွေကြောင့်
နိုင်ငံတော်ရဲ့ လုံခြုံရေးနဲ့တည်ငြိမ်မှုကို ထိပါးလာတဲ့အခါ ကာကွယ်ဖို့ အခွင့်အရေးဖြစ်တဲ့
နိုင်ငံတော်ကာကွယ်ခုခံပိုင်ခွင့်ကို ကျင့်သုံးတာဖြစ်ပါတယ်။ နိုင်ငံတော်ကာကွယ်ခုခံပိုင်ခွင့်မှာ
အပြင်ရန်တွေဖြစ်တဲ့ ပြည်ပနိုင်ငံတစ်ခုခုက နည်းလမ်းတစ်မျိုးမျိုးနဲ့
ထိပါးနှောင့်ယှက် လာတာတွေကို ကာကွယ်ဖို့လည်း လိုအပ်ပါတယ်။
စာရေးသူတို့နိုင်ငံဟာ
လွတ်လပ်တဲ့ အချုပ်အခြာအာဏာပိုင်နိုင်ငံဖြစ်ပြီး နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာဟာ
နိုင်ငံသားတွေထံက ဆင်းသက်ပြီး နိုင်ငံတော်တစ်ဝန်းလုံးမှာ တည်တယ်ဆိုတဲ့
မူကိုပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)မှာ
ပြဋ္ဌာန်းထားပါတယ်။ ဒါ့အပြင် တပ်မတော်ဟာ နိုင်ငံတော်လုံခြုံရေးနဲ့ ကာကွယ်ရေးမှာ
ပြည်သူတစ်ရပ်လုံးပါဝင်ရေးအတွက် စီမံဆောင်ရွက်ခွင့်ရှိတယ်လို့လည်း
ပြဋ္ဌာန်းထားပါတယ်။
နိုင်ငံတော်ရဲ့
ပိုင်နက်နယ်မြေ လွတ်လပ်မှုကို ထိပါးလာ
လွတ်လပ်တဲ့
အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံဖြစ်တာနဲ့အညီ နိုင်ငံတော်ရဲ့ ပိုင်နက်နယ်မြေတည်တံ့ခိုင်မြဲမှုနဲ့
နိုင်ငံရေးအရလွတ်လပ်မှုကို ပြိုကွဲပျက်စီးအောင် လုပ်ဆောင်လာတာတွေကို
နိုင်ငံတစ်နိုင်ငံရဲ့ အခွင့်အရေးဖြစ်တဲ့ ကာကွယ်ခုခံပိုင်ခွင့်အနေနဲ့
တုံ့ပြန်ဆောင်ရွက်ခွင့် အပြည့်အဝရှိပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ ထာဝရငြိမ်းချမ်းရေး၊
ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေးဆိုတာတွေကို
ရှေးရှုဆောင်ရွက်နေချိန်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့အနေနဲ့
နိုင်ငံတော်မှာ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအကျပ်အတည်းကို အခွင့်ကောင်းယူပြီး
နယ်မြေချဲ့ထွင်ဖို့ လုပ်ဆောင်လာတာတွေဟာ နိုင်ငံတော်ရဲ့ ပိုင်နက်နယ်မြေတည်တံ့ခိုင်မြဲမှုနဲ့
နိုင်ငံရေးအရ လွတ်လပ်မှုကို ထိပါးနှောင့်ယှက်လာကြတာပဲ ဖြစ်ပါတယ်။
အဲဒီလို
ထိပါးနှောင့်ယှက်လာကြတဲ့နေရာမှာလည်း အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေရဲ့ သတ်မှတ်ပြဋ္ဌာန်းချက်တွေအရ
အကြမ်းဖက်လုပ်ရပ်တွေလို့ သတ်မှတ်ထားတဲ့ အများပြည်သူရဲ့ လုံခြုံရေး၊
အသက်အိုးအိမ်စည်းစိမ်၊ အများပြည်သူနဲ့ တစ်ဦးတစ်ယောက်ချင်းစီအတွက် အရေးကြီးတဲ့
အခြေခံအဆောက်အအုံတွေ၊ နိုင်ငံပိုင်အဆောက်အအုံ၊ ယာဉ်၊ စက်ပစ္စည်းကိရိယာနဲ့
အသုံးအဆောင်ပစ္စည်းတွေကို ပြင်းထန်စွာ ထိခိုက်ဆုံးရှုံးစေအောင်
ပြုလုပ်မှုတွေဖြစ်တဲ့ အများပြည်သူအသုံးပြုနေတဲ့ လမ်း၊ တံတားတွေကို
မိုင်းထောင်ဖောက်ခွဲဖျက်ဆီးတာတွေ၊ လျှပ်စစ်တာဝါတိုင်တွေကို ဖောက်ခွဲဖျက်ဆီးတာတွေ၊
လူနေထူထပ်တဲ့ မြို့ရွာတွေကို အဝေးကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေ၊ Drop Bomb တွေချပြီး
တိုက်ခိုက်တာတွေ၊ အပြစ်မဲ့ပြည်သူတွေကို အကြောင်းမဲ့သတ်ဖြတ်တာတွေ၊
ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ၊ ကျောင်းဆရာမ စတဲ့အမျိုးသမီးတွေကို
ဖမ်းဆီးပြီး အရှက်သိက္ခာအတွက် ငွေကြေးပေးမှ ပြန်လွှတ်ပေးတာတွေ၊ အတင်းအဓမ္မလူသစ်စုဆောင်းတာတွေ၊
နိုင်ငံတော်ပိုင်အဆောက်အအုံ၊ ယာဉ်၊ စက်ပစ္စည်းကိရိယာနဲ့ အသုံးအဆောင်ပစ္စည်းတွေကို
ဖျက်ဆီးတာတွေ စတဲ့အကြမ်းဖက်လုပ်ရပ်တွေကို လက်နက်ကိုင်တိုင်းရင်းသား အကြမ်းဖက်သောင်းကျန်းသူအချို့နဲ့
PDF အမည်ခံအကြမ်းဖက်သမားတွေက လုပ်ဆောင်လာခဲ့ကြတာကို တွေ့ရှိ
ရမှာဖြစ်ပါတယ်။
နိုင်ငံသားတိုင်းဟာ
ကျရာအခန်းကဏ္ဍက ပါဝင်လာ
ဒီလုပ်ရပ်တွေဟာ
နိုင်ငံတော်အတွင်း အခြေပြုပြီး နိုင်ငံတော်နဲ့ ပြည်သူတွေကို အကြမ်းဖက်မှု
ကျူးလွန်နေတာဖြစ်ပါတယ်။ ဒါကြောင့်လည်း တိုင်းရင်းသားလက်နက်ကိုင်သောင်းကျန်းသူအဖွဲ့အချို့ကို
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာခဲ့တာ ဖြစ်ပါတယ်။ ဒီလိုနိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို
ထိပါးလာမှုနဲ့ နိုင်ငံတော်နဲ့ ပြည်သူတွေအပေါ် အကြမ်းဖက်လာတာတွေကို
နိုင်ငံတော်ကာကွယ် ခုခံပိုင်ခွင့်ဆိုတဲ့ အခွင့်အရေးတစ်ရပ်အနေနဲ့ တုံ့ပြန်ဆောင်ရွက်သွားရမှာပဲ
ဖြစ်ပါတယ်။ ဒီကိစ္စဟာ တပ်မတော်အရေးကိစ္စသာမဟုတ်ဘဲ အမျိုးသားရေးကိစ္စတစ်ရပ်အနေနဲ့
ဖြစ်ပေါ်လာခဲ့ပါတယ်။ အမျိုးသားရေးကိစ္စမှာ အမျိုးသားအကျိုးစီးပွားကို
ကာကွယ်ဖို့အတွက် နိုင်ငံသားတိုင်းမှာ တာဝန်ရှိလာပါတယ်။ နိုင်ငံတော်ကာကွယ်ခုခံပိုင်ခွင့်အတွက်
နိုင်ငံသားတိုင်းဟာ ကျရာအခန်းကဏ္ဍက ပါဝင်လာကြဖို့ လိုအပ်လာပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်
အကြမ်းဖက်သောင်းကျန်းသူတွေရဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့်
ဒေသခံတိုင်းရင်းသားပြည်သူတွေအနေနဲ့ ယာယီနေရပ်စွန့်ခွာရမှုတွေနဲ့
ရင်ဆိုင်ကြုံတွေ့နေရတဲ့အပြင် အဲဒီအကြမ်းဖက်သောင်းကျန်းသူတွေဟာ မြို့ရွာတွေမှာ
အဓမ္မဝင်ရောက်နေထိုင်လာကြပြီး အဲဒီလိုနေထိုင်မှုအပေါ် တပ်မတော်က တန်ပြန်ထိုးစစ်ဆင်မှုကို
ကာကွယ်ဖို့အတွက် ပြည်သူတွေရဲ့ နေအိမ်အဆောက်အအုံတွေ၊ အရပ်ဘက်အဆောက်အအုံတွေကို
အသုံးပြုလာတာတွေ၊ လူသားတံတိုင်းအဖြစ် အသုံးပြုနိုင်ဖို့အတွက် ယာယီနေရပ်စွန့်ခွာသူတွေကို
မြို့၊ ရွာတွေမှာ ပြန်လည်နေထိုင်ဖို့ ဆွဲဆောင်စည်းရုံးတာတွေကို လုပ်ဆောင်လာကြတာကို
တွေ့ရှိရမှာဖြစ်ပါတယ်။ ဒီနေရာမှာ ပြည်သူတွေအနေနဲ့ တစ်ခုသတိထားရမှာက အကြမ်းဖက်သောင်းကျန်းသူတွေရဲ့
အသုံးချခံမဖြစ်ဖို့ဆိုတာနဲ့ အကြမ်းဖက်သောင်းကျန်းသူတွေကို ဆက်နွှယ်ပတ်သက်မိရင်
အကြမ်းဖက်အားပေးဖြစ်သွားနိုင်တယ်ဆိုတာပဲ ဖြစ်ပါတယ်။ နိုင်ငံတော်နဲ့ တပ်မတော်က
နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို ထိပါးလာမှုနဲ့ အကြမ်းဖက်မှုတွေကို မလွဲမသွေ တုံ့ပြန်ဆောင်ရွက်သွားမှာဖြစ်တဲ့အတွက်
ပြည်သူတွေအနေနဲ့ မြေဇာပင်မဖြစ်ရအောင် သတိပေးလိုခြင်းဖြစ်ပါတယ်။ အကြမ်းဖက်မှုကို
ပြည်သူတစ်ရပ်လုံး ဆန့်ကျင်သွားရမှာပဲ ဖြစ်ပါတယ်။
နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာကို
ထိပါးလာမှုနဲ့ အကြမ်းဖက်မှုတွေကို တုံ့ပြန်ဆောင်ရွက်တဲ့နေရာမှာ
တပ်မတော်တစ်ရပ်ထဲသာမက နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်နဲ့ အမျိုးဘာသာသာသနာကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်လိုစိတ်ရှိတဲ့
ပြည်သူတွေကပါ အမျိုးသားရေးတာဝန်တစ်ရပ်အနေနဲ့ နိုင်ငံတော်အပေါ် ကျရောက်လာတဲ့
လက်နက်ကိုင်အကြမ်းဖက်တိုက်ခိုက်မှုအန္တရာယ်ကို နိုင်ငံတော်ကာကွယ်ခုခံပိုင်ခွင့် (National Self Defence)အနေနဲ့
ကျင့်သုံးဆောင်ရွက်ရာမှာ တာဝန်သိစွာဖြင့် ပါဝင်လာဖို့လိုပါတယ်။ လက်ရှိအချိန်မှာ
တာဝန်သိပြည်သူတွေအနေနဲ့ တပ်မတော်နဲ့ လက်တွဲပြီး ပြည်သူ့စစ်အဖွဲ့တွေမှာ ပါဝင်တာဝန်ထမ်းဆောင်တာတွေ၊
ပြည်သူ့လုံခြုံရေးအဖွဲ့တွေမှာ ပါဝင်တာဝန်ထမ်းဆောင်လာတာတွေဟာ နိုင်ငံတော်ကာကွယ်ခုခံပိုင်ခွင့်အတွက်
အားတက်ဖွယ်မြင်ကွင်းတွေပဲ ဖြစ်ပါတယ်။ ဒီကဏ္ဍရပ်တွေအပြင် အခြားကဏ္ဍရပ်တွေမှာလည်း
ပြည်သူတွေပါဝင်လာကြဖို့ လိုအပ်ပါတယ်။ ဖြစ်ပေါ်လာတဲ့ အခြေအနေတွေအရ နိုင်ငံတော်အတွက်
စစ်မှုထမ်းခြင်းနဲ့ အခြားသောလုံခြုံရေးအဖွဲ့အစည်းတွေမှာ ပါဝင်ခြင်းဟာ ပြည်သူတွေရဲ့
တာဝန်တစ်ခုအဖြစ် အရေးတကြီးတည်ရှိလာပါတယ်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)ရဲ့ပြဋ္ဌာန်းချက်တွေထဲမှာဆိုရင်
“ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ရဲ့ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာနဲ့ နယ်မြေတည်တံ့ခိုင်မြဲရေးတို့ကို
ကာကွယ်စောင့်ရှောက်ရေးဟာ နိုင်ငံသားတိုင်းရဲ့ တာဝန်ဖြစ်တယ်” လို့ ဆိုတဲ့အချက်၊
“နိုင်ငံသားတိုင်းဟာ ဥပဒေပြဋ္ဌာန်းချက်တွေနဲ့အညီ စစ်ပညာသင်ကြားဖို့နဲ့ နိုင်ငံတော်ကာကွယ်ရေးအတွက်
စစ်မှုထမ်းဆောင်ဖို့ တာဝန်ရှိတယ်” လို့ ဆိုတဲ့အချက်တွေကို အတိအလင်းပြဋ္ဌာန်းထားပါတယ်။
ပြည်သူတွေအနေနဲ့
ကိုယ့်နိုင်ငံအပေါ် ရိုးသားစွာသစ္စာရှိပြီး ဥပဒေ၊ စည်းမျဉ်းစည်းကမ်းတွေကို
လိုက်နာဖို့၊ လုံခြုံရေးနဲ့ဆိုင်တဲ့ ဘယ်ဥပဒေကိုမဆို လိုက်နာဖို့ဆိုတာတွေဟာ
နိုင်ငံတစ်ခုရဲ့ လုံခြုံရေးစနစ်ကို ပြည့်ပြည့်ဝဝတည်ဆောက်တဲ့နေရာမှာ
လွန်စွာအရေးပါလှပါတယ်။ ပြည်သူတွေအနေနဲ့ သတင်းအချက်အလက်တွေကို အမှားအမှန်ခွဲခြားတတ်ပြီးတော့
သတင်းမှားတွေကို ကာကွယ်ဖို့၊ သတင်းမှားတွေ၊ အဖြစ်မှန်နဲ့ ကွဲလွဲချက်တွေဟာ
နိုင်ငံတော်ရဲ့လုံခြုံရေးကို ထိခိုက်စေနိုင်တာကြောင့် သတင်းမှားတွေပျံ့နှံ့မှုက
ကာကွယ်ဖို့အတွက် စောင့်ကြည့်သတိထားပြီး မှန်ကန်တဲ့ သတင်းအချက်အလက်တွေကို
အသုံးပြုကြဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် လူမှုရေး၊ ယဉ်ကျေးမှုနဲ့
အခြေခံတန်ဖိုးတွေကို လိုက်နာပြီး ပတ်ဝန်းကျင်၊ မြို့ရွာတွေ တည်ငြိမ်ရေးနဲ့
ငြိမ်းချမ်းရေးကို ထိန်းသိမ်းဖို့ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့
လုပ်ငန်းစဉ်တွေကို လိုက်နာဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ အရေးပေါ်အခြေအနေတွေ၊
ခြိမ်းခြောက်မှုတွေနဲ့ လုံခြုံရေးထိခိုက်မှုတွေ ဖြစ်ပေါ်လာတဲ့အခါ အစိုးရနဲ့
လုံခြုံရေးအဖွဲ့တွေထံကို သတိပေးတာတွေ၊ သတင်းပို့တာတွေကို ပြည်သူတွေအနေနဲ့
တာဝန်သိစွာ ဆောင်ရွက်ကြဖို့လိုပါတယ်။ ဒါမှသာ လုံခြုံရေးနဲ့ ကာကွယ်ရေးစနစ်အတွင်းမှာ
ပြည်သူတွေ ပူးပေါင်းပါဝင်လာပြီး နိုင်ငံတော်ကာကွယ်ခုခံပိုင်ခွင့်ကို ထိရောက်စွာ
ဆောင်ရွက်နိုင်မှာဖြစ်သလို နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို ထိပါးလာမှုနဲ့
အကြမ်းဖက်မှုတွေကို မလွဲမသွေတုံ့ပြန်မှုပြုကြရတဲ့အခါမှာ ပြည်သူများရဲ့
ပူးပေါင်းပါဝင်မှုအားနဲ့ ဆောင်ရွက်ကြပါစို့လို့ တိုက်တွန်းရေးသားလိုက်ရပါတယ်။ ။
No comments:
Post a Comment