Wednesday, June 12, 2024

နေပြည်တော်စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့ နှစ်ပတ်လည်အစည်းအဝေး (၂၀၂၄) ကျင်းပ

 


နေပြည်တော် ဇွန် ၁၁

မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့၊ နေပြည်တော်စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့ နှစ်ပတ် လည်အစည်းအဝေး (၂၀၂၄) ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်တိုင်းစစ်ဌာနချုပ် ပုဗ္ဗသီရိတပ်နယ်ရှိ နယ်မြေခံတပ်ရင်းခန်းမ၌ ပြုလုပ်ရာ နေပြည်တော်စစ်မှုထမ်း ဟောင်းကြီးကြပ်ရေးအဖွဲ့နာယက နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးမင်းနှင့် အဖွဲ့ဝင်များ၊ နေပြည်တော် စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားသည်။ ထို့နောက် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအတွက် စားသောက်ဖွယ်ရာများ ပေးအပ်ရာ နေပြည်တော် စစ်မှုထမ်းဟောင်းကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌက လက်ခံယူသည်။

ယင်းနောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား ရင်းရင်း နှီးနှီးလိုက်လံနှုတ်ဆက်သည်။ ထို့နောက် နေပြည်တော် စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့ နှစ်ပတ်လည်အစည်းအဝေး (၂၀၂၄) ကို အစီအစဉ်အတိုင်း ဆက်လက်ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment