Saturday, July 8, 2023

ရခိုင်ပြည်နယ်အတွင်း ဆိုင်ကလုန်မုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ဒေသအလိုက် ခန့်အပ်တာဝန်ပေးသူများက သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ကူညီဆောင်ရွက်လျက်ရှိ

 

နေပြည်တော်၊ ဇူလိုင်  

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက် စီးခဲ့သည့် ဒေသများကို သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၁၁ အရ သဘာဝဘေးအန္တရာယ် ကျရောက်သော ဒေသများ အဖြစ်ကြေညာချက်များ ထုတ်ပြန်၍ ယင်းကြေညာချက်များပါ ဒေသ များတွင် ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဒေသအလိုက် တပ်မတော်အရာရှိကြီးများကို ခန့်အပ်တာဝန်ပေးထားပြီးဖြစ်သည်။

ဇူလိုင် ၇ ရက်တွင် ချင်းပြည်နယ်၊ အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်သည့် သဘာဝဘေး အန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးသို့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်နှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ဟားခါးမြို့သို့ ရောက်ရှိနေသော ကာကွယ်ရေး ဦးစီးချုပ် ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်တို့ တက်ရောက်၍ အဖွင့်အမှာ စကားများ အသီးသီးပြော ကြားပြီး မုန်တိုင်းကြောင့် ပျက်စီးသွားသည့် အဆောက်အဦများ ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေ များနှင့် ပတ်သက်၍ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ်လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ပေးသည်။

အလားတူ ယနေ့တွင် ကျောက်ဖြူမြို့သို့ရောက်ရှိနေသော ကာကွယ်ရေးဦးစီး ချုပ်ရုံး (ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး လူအေးသည် ဌာနဆိုင်ရာ တာဝန်ရှိသူ များနှင့်အတူ အစိုးရရပ်ကွက်ရှိ အစိုးရအဖွဲ့ဧည့်ရိပ်သာနှင့် ငါးလုပ်ငန်းဦးစီးဌာန၊ ဝန်ထမ်းအိမ်ရာ ဝန်းအတွင်း/ အပြင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများကို သွားရောက်ကြည့် ရှုအားပေးပြီး အရှေ့ပိုင်း ရပ်ကွက်ရှိ MSME လုပ်ငန်း တစ်ခုဖြစ်သည့် နှင်းတောင်ငှက် သိုက်ထုတ်လုပ်ရေးငန်းမှ ဇီဝဇိုးငှက် မွေးမြူထားရှိမှုနှင့် ငှက်သိုက်များ သန့်စင်ထုတ်လုပ်ပုံအဆင့်ဆင့်တို့ကို လေ့လာကြည့်ရှု အားပေးသည်။

ထို့အတူ ဘူးသီးတောင်မြို့သို့ရောက်ရှိနေသော ကာကွယ်ရေးဦးစီးချုပ် ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး အေးဝင်းသည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အတူ အခြေခံပညာ အထက်တန်းကျောင်း (လက်ဝဲဒက်ပုဇွန် ချောင်း)၌ စုပေါင်း သန့်ရှင်းရေးဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှုအားပေးပြီး လက်ဝဲဒက် ဘော်ဒါ ဆောင်ရှိ ကျောင်းသား၊ ကျောင်းသူများအား ဆန်၊ ဆီ၊ စားသောက်ဖွယ်ရာ များပေးအပ်၍ ဒံပေါက်များ ကျွေးမွေးသည်။ ယင်းနောက် မြို့နယ်လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေးလုပ်ငန်း ဓါတ်အားခွဲရုံသို့သွားရောက်ကာ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူး ပေးနိုင်ရေး ဆောင်ရွက်မည့်အခြေအနေများနှင့် ပတ်သက်၍ တာဝန်ရှိသူများ၏ တင်ပြချက် များအပါ် လိုအပ်သည်များညှိနှိုင်းဆောင်ရွက်ပေးပြီး လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးပါက လျှပ်စစ် အန္တရာယ်ကင်းဝေးစေရေးအတွက်မှာကြားသည်။

အလားတူ သံတွဲမြို့သို့ရောက်ရှိနေသည့် ဗိုလ်ချုပ် စိုးနိုင်ဦး သည် ဌာနဆိုင်ရာ တာဝန်ရှိသူ များနှင့်အတူ ငပလီမြို့ရှိ အခြေခံပညာအထက်တန်း ကျောင်း(ငပလီ) ကျောင်းဝန်းအတွင်း၌ စုပေါင်းသန့်ရှင်း ရေးဆောင်ရွက် နေမှု များကိုသွားရောက် ကြည့်ရှု အားပေးသည်။

ထို့အတူ ချင်းပြည်နယ်၊ မတူပီမြို့သို့ရောက်ရှိနေသည့် ဗိုလ်မှူးချုပ် ခင်မောင်အေး သည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မတူပီမြို့နယ်အတွင်းရှိ သဘာဝဘေးဒဏ်သင့် အိမ်ထောင်စု များအတွက် သွပ် ၆၄၃၁ ချပ်အား‌ထောက်ပံ့ပေးအပ်ရာ ရပ်မိရပ်ဖတစ်ဦးက ကျေးဇူးတင် စကားပြန်လည်ပြောကြား သည်။

အလားတူ ကျောက်တော်မြို့သို့ရောက်ရှိနေသော ဗိုလ်မှူးချုပ် အောင်သူဦးသည် ဌာနဆိုင်ရာ တာဝန်ရှိသူများ နှင့်အတူ စိုက်ပျိုးရေးသိပ္ပံ(ကျောက်တော်)၌ ပြုလုပ်သော စုပေါင်းသစ်ပင် စိုက်ပျိုးပွဲသို့ တက်ရောက်၍ သစ်ပင် များအား စိုက်ပျိုးခဲ့သည်။ ထို့ပြင် မြို့မအားကစားကွင်းသို့ သွားရောက်ကာ မုန်တိုင်းဒဏ်သင့်ပြည် သူများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအား အရေးပေါ် အသုံးပြုနိုင်ရေးအတွက် မိုးကာတဲ ၁၂ လုံးအား ထောက်ပံ့ ပေးအပ်သည်။

ထို့အတူ မောင်တောမြို့သို့ရောက်ရှိနေသည့် ဗိုလ်မှူးချုပ် တင်ဆွေသည် ဌာနဆိုင်ရာ တာဝန်ရှိသူ များနှင့်အတူ မဟာဗန္ဓုလလမ်းတစ်လျှောက်၊ ပြည်သူ့ ဆေးရုံရှေ့နှင့် အိမ်တွင်းမှုကျောင်းရှေ့တို့၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက် နေမှုများကို သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ထို့ပြင် ရသေ့တောင်မြို့သို့ရောက်ရှိနေသည့် ဗိုလ်ချုပ် အောင်မျိုးထွန်းသည် ဌာနဆိုင်ရာ တာဝန်ရှိသူ များနှင့်အတူ ဇူလိုင် ၇ ရက်တွင် အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း၌ ရသေ့တောင်မြို့နယ် အသင်း(ရန်ကုန်)မှ ကြီးမှူးကျင်းပ သော အထက်တန်းအဆင့် ကျောင်းသား/ ကျောင်းသူများအား ထီးအရှည်များ လှူဒါန်းထောက်ပံ့ပွဲသို့တက်ရောက် အမှာစကားပြောကြားပြီး ကျောင်းသား၊ ကျောင်းသူ ၃၅၀၀ ဦးအတွက် ထီးအရှည်များထောက်ပံ့လှူဒါန်းရာ တာဝန်ရှိသူ များက လက်ခံရယူပြီး ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားခဲ့ကြကြောင်း သတင်း ရရှိသည်။

 

No comments:

Post a Comment