Saturday, July 8, 2023

ရခိုင်ပြည်နယ်အတွင်း မိုခါမုန်တိုင်းသင့် ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက် ရှိသည့် နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲမှ ဆက်လက်ကပြ သီဆိုဖျော်ဖြေ

 

နေပြည်တော်  ဇူလိုင်  ၈

ရခိုင်ပြည်နယ် အတွင်းရှိ မိုခါမုန်တိုင်းဒဏ်သင့် ဒေသများတွင် ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက် လျက်ရှိသည့် နယ်မြေခံ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင် များအား စိတ်ရွှင်လန်း ချမ်းမြေ့စေရန်နှင့် ပင်ပန်းနွမ်းနယ်မှုများ ပြေပျောက်စေရန်အတွက် ယနေ့ည နေပိုင်းတွင် မောင်တောမြို့ရှိ၊ နယ်မြေခံရဲတပ်ရင်းခန်းမ၌ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ပြည်သူ့ဆက်ဆံ ရေးနှင့် စိတ်ဓါတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက်ရှိ နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲမှ စစ်သည်/ စစ်သမီးများ က အဆို/ အကများဖြင့် ဖျော်ဖြေ တင်ဆက်ကြသည်။

ထိုသို့ ဖျော်ဖြေတင်ဆက်ရာတွင် စစ်သည်/ စစ်သမီးများက မြန်မာသံစဉ် တေးသီချင်းများ၊ ခေတ်ပေါ် တေးသီချင်း အဆို/အကများ၊ တေးသရုပ်ဖော် အကများ၊ ရယ်ရွှင်ဖွယ်ရာ ဟာသပြဇာတ်၊ ဒေသ၏ရိုးရာယဉ် ကျေးမှု အကအလှများ၊ ဗဟုသုတ ဖြစ်ဖွယ်ရာ အသိပညာပေး အစီအစဉ်များဖြင့် ကဏ္ဍစုံလင်စွာ သီဆိုကပြ ဖျော်ဖြေကြရာ မောင်တောမြို့ရှိ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မီးသတ် တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ ပျော်ရွှင်စွာကြည့်ရှု အားပေးကြသည်။ ထိုသို့ သီဆိုကြပြ ဖျော်ဖြေသော စစ်သည်/ စစ်သမီးများ အား တာဝန်ရှိသူတို့က ဆုငွေများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment