မော်လမြိုင် ဇွန် ၁၆
မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ၂၀၂၃ခုနှစ် မိုးရာသီ သစ်ပင် စိုက်ပျိုးပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့၊ ဣစ္ဆာသယသိဒ္ဓိရှင် လေးကျွန်းသစ္စာရှင် နဂါးမောက်စေတီတော်မြတ်ကြီးဝတ္တကမြေ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်စိုးမင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ သစ်မာအမျိုးအစားဖြစ်သော လုမ္ဗနီအင်ကြင်းကို နဂါးမောက်ဆရာတော် ဘဒ္ဒန္တနရိန္ဒမှ စိုက်ပျိုး၍ အမွှေးနံသာရည်များဖြင့် ပက်ဖျန်းခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ဌာနဆိုင်ရာများက သစ်မာသစ်မျိုးများ၊ အရိပ်ရအပင်များ၊ လေကာပင်များစသည့် သစ်မျိုး(၁၂)မျိုး၊ အပင်အရေအတွက်(၁၂၁)ပင်ကို တပျော်တပါးစိုက်ပျိုးခဲ့ပြီး တက်ရောက်လာကြသူများနှင့်အမှတ်တရ ဓာတ်ပုံရိုက်ကူးသည်။
ဆက်လက်၍ မွန်ပြည်နယ်အတွင်း အခြေခံစားကုန်များကို လုံလောက်စွာ ထုတ်လုပ်နိုင်ခြင်းဖြင့် ကုန်ဈေးနှုန်း တည်ငြိမ်ရေးနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့သည်။
အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က အခြေခံစားကုန်များကို လုံလောက်စွာ ထုတ်လုပ်နိုင်ခြင်းဖြင့် ကုန်ဈေးနှုန်း တည်ငြိမ်အောင်ဆောင်ရွက်ကာ ကုန်ထုတ်လုပ်သူများ အနေဖြင့်လည်း အများပြည်သူများအတွက် အဖြစ်သင့်ဆုံးဈေးနှုန်းဖြင့် ထိန်းညှိရောင်းချ ပေးရန်လိုပါကြောင်း၊ မွန်ပြည်နယ်ဈေးကွက်အတွင်း ဒေသအတွင်း လူကြိုက်များသော ပေါ်ဆန်း၊ ပေါ်ကျွဲဆန်ပိုမိုဝင်ရောက်ခဲ့ပြီး ဆန်အရောင်းအဝယ် ကောင်းမွန်ခဲ့ကြောင်း၊ မွန်ပြည်နယ်အတွင်း အခြေခံစားသောက်ကုန်များ လုံလောက်စွာ ထုတ်လုပ်နိုင်ဖို့ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း ရေထွက်ကုန်ပစ္စည်းများဖြစ်သည့် ငါး၊ ပုစွန်ထုတ်လုပ်ခြင်းလုပ်ငန်း များတွင် ရေချို၊ ရေငန် ငါးဖမ်းဆီးခြင်းလုပ်ငန်း၊ ငါး၊ ပုစွန် မွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိလာသော ရေထွက်ကုန်ပစ္စည်းများကို ဒေသတွင်း စားသုံးခြင်း၊ ပိုလျှံထွက်ရှိသော ရေထွက်ကုန်ပစ္စည်းများကို အအေးခန်း စက်ရုံများတွင် အေးခဲ၍ ရန်ကုန်မြို့မှ တစ်ဆင့်ပြည်ပသို့ တင်ပို့ခြင်း၊ ရေထွက်ကုန်ပစ္စည်းများကို MSMEs လုပ်ငန်းများမှ ပြုပြင်ထုတ်ပို့ပြီး ပြည်တွင်းစားသုံးနိုင်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးထုတ်လုပ်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ်ရာသီဥတုနှင့် ကိုက်ညီသော နေကြာသီးနှံအား ယခုနှစ်တွင် (၆၅၆၁)ဧက တိုးချဲ့စိုက်ပျိုးနိုင်ရန် စီစဉ်ထားရှိပြီး အခြား ဆီထွက် မြေပဲ တိုးချဲ့စိုက်ပျိုးနိုင်ပြီး ပြည်နယ်အတွင်း ဆီဖူလုံမှုရှိ စေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ မွန်ပြည်နယ်ဟာ အသီးအနှံများ ပေါများတဲ့ပြည်နယ်ဖြစ်ရာ ဒါကိုလည်း ပိုမိုဈေးကွက်ဝင်ပြီး လူအများစားသုံးနိုင်တဲ့စနစ်မျိုးရောင်းချဖို့ လိုအပ်ပါကြောင်း မိရိုးဖလာ အတိုင်း စိုက်ပျိုးခြင်းမဟုတ်ဘဲ စနစ်ကျတဲ့ စိုက်ပျိုးနည်းစနစ်များ သုံးစွဲခြင်းအပြင် သဘာဝမြေဩဇာဖြစ်တဲ့ ရွှေဇီဝကိုလည် အိတ်ရေ (၁၀,၀၀၀)အထိ ထုတ်လုပ်ဖြန့်ဖြူးဖို့ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေက ပံ့ပိုးသွားမှာဖြစ်ပါကြောင်း ၊မွန်ပြည်နယ်အတွင်းထွက်ရှိသော ဆန်၊ ငါး၊ ပုစွန်၊ ကြက်သား၊ ကြက်ဥများကို Supply and Demand မျှတအောင် သုံးစွဲရေး၊ ဈေးနှုန်း သင့်တင့်ရေး၊ လယ်ယာကဏ္ဍ၊ သားငါးကဏ္ဍနှင့် ကုန်ထုတ်လုပ်ငန်းများ တိုးတက်အောင် အကောင်အထည်ဖော် ဆောင်ရွက်ကြရန် ပြောကြားသည်။
ဆက်လက်၍ မွန်ပြည်နယ်အတွင်း အခြေခံစားကုန်များကို လုံလောက်စွာ ထုတ်လုပ်နိုင်ခြင်းဖြင့်ကုန်ဈေးနှုန်း တည်ငြိမ်ရေးအတွက် သက်ဆိုင်ရာဌာနများ၊ လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ၊ မွန်ပြည်နယ်အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီအဖွဲ့ဝင်များက စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ ဒေသထွက် သဘာဝမြေသြဇာ(ရွှေဇီဝ) ထုတ်လုပ်ဖြန့်ဖြူးနိုင်မှုအပေါ်ဆွေးနွေးတင်ပြခဲ့ကြရာ ပြည်နယ်အစိုးရအဖွဲ့ဝန်ဝန်ကြီးများက ဝိုင်းဝန်းဆွေးနွေးအကြံပြုကြပြီး၊ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ ဆက်)
No comments:
Post a Comment