နေပြည်တော် ဇွန် ၉
ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ နှစ်ပတ်လည်အစည်းအဝေးကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ အင်ဂျင်နီယာချုပ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ညွှန်ကြားရေးမှူး များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
စွမ်းစွမ်းတမံ
ဆောင်ရွက်
ရှေးဦးစွာ
ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် သမဝါယမနှင့် အသေးစား စက်မှုလက်မှုလုပ်ငန်းများ
စနစ်တကျ ထွန်းကားစေရေး၊ ကျေးလက်လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက် ရေး၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိပြီး
ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနကလည်း ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိကြောင်း၊ ကျေးလက်နေပြည်သူများ၏
ဒေသထွက်ကုန်များ အရည်အသွေးပြည့်မီစွာ ဈေးကွက်တင်ပို့နိုင်ရေးအတွက် ကျေးရွာနှင့်မြို့ပြ
ချိတ်ဆက်သော လမ်းများ၊ ကျေးရွာတွင်ရှိသည့် ဈေးကွက်နှင့် ချိတ်ဆက်သော လမ်းများ စသည့်
ကျေးလက်လမ်း ကွန်ရက်များ ချိတ်ဆက်ရန် လိုအပ်လျက်ရှိပြီး ဝန်ထမ်းများအားလုံး နားလည်
သဘောပေါက်ကာ တာဝန်ကျေပွန်စွာ စွမ်းစွမ်းတမံ ဆောင်ရွက်ရမည် ဖြစ်ကြောင်း။
ကျေးလက်နေပြည်သူများ၏
ကျေးလက်လမ်း တံတားလိုအပ်ချက်များ တင်ပြလာမှုကို အမြန်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး
ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန၏ မဟာဗျူဟာရည်မှန်းချက်
ဖြစ်သည့် ၂၀၃၀ ပြည့်နှစ်တွင် ရာသီမရွေးဆက်သွယ် သွားလာနိုင်သောလမ်းများ ဖြစ်ပေါ်အသုံးပြုနိုင်ရေးအတွက်
အလေးထားစီမံဆောင်ရွက်သွားရန်နှင့် ကျေးလက်လမ်းနှင့် တံတားများ စီမံဆောင်ရွက်ခြင်းအားဖြင့်
ကျေးလက်နေပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင်အခွင့်အလမ်းရရှိရေး၊ ဈေးကွက်နှင့်
အခြားဝန်ဆောင်မှုများအပြင် နိုင်ငံအဝန်းဖွံ့ဖြိုးရေးဆိုင်ရာ
ကန့်သတ်ချက်များကို ဖြေရှင်းဆောင်ရွက်ပေးနိုင်ရေး ကြိုးစား ဆောင်ရွက်သွားရန် မှာကြားလိုကြောင်း၊
ပြည်နယ်နှင့် တိုင်းဒေသကြီး ညွှန်ကြားရေးမှူးများအနေဖြင့်
လုပ်ငန်းများဆောင်ရွက်ရာတွင် တီထွင်ကြံဆ ကြိုးပမ်းလုပ်ဆောင်ကြရန်နှင့် တွေ့ကြုံရသည့်
အခက်အခဲများကို အချိန်နှင့်တစ်ပြေးညီတင်ပြပြီး ပူးပေါင်းညှိနှိုင်း ဖြေရှင်းဆောင်ရွက်ရမည်ဖြစ် ကြောင်း ပြောကြားသည်။
ထို့နောက်
ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးထွန်းနိုင်က လုပ်ငန်းများ
ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများကိုလည်းကောင်း၊ တိုင်းဒေသကြီးနှင့်
ပြည်နယ်ဦးစီးမှူးများက မိမိတို့ သက်ဆိုင်ရာကဏ္ဍများအလိုက် အကောင်အထည်ဖော် ဆောင်ရွက်
နေ သည့်လုပ်ငန်းများကို လည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ဆွေးနွေးတင်ပြ
ဆက်လက်၍
အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော် က တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုက်နာရမည့်
တင်ဒါစည်းကမ်းများ၊ ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်းများ၊ သတ်မှတ်စံချိန်စံညွှန်းများကို
ဖြည့်စွက်ဆွေးနွေးတင်ပြသည်။
ယင်းနောက်
ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ မူဝါဒဖြစ်သည့် ကျေးလက်လမ်းနှင့်
တံတားများ ဖွံ့ဖြိုးတိုးတက်ပြီး ရေရှည်တည်တံ့အောင် ဆောင်ရွက်ပေးခြင်းဖြင့် ကျေးလက်နေပြည်သူများ၏
လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေး ဝန်ထမ်းအားလုံးက အားသွန် ခွန်စိုက် ဝိုင်းဝန်းကြိုးပမ်း
အကောင်အထည်ဖော် ဆောင်ရွက်ကြရန်မှာကြားပြီး လုပ်ငန်းလိုအပ်ချက် များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း
သိရသည်။
သတင်းစဉ်
No comments:
Post a Comment