Sunday, June 18, 2023

ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် ဘေးသင့်ပြည်သူများအတွက် ပြည်တွင်း/ပြည်ပ စေတနာရှင် ပြည်သူများက အလှူငွေများ လှူဒါန်းနိုင်ရေး အသိပေးကြေညာခြင်း

 

၁။ မြန်မာနိုင်ငံတွင် ၁၄-၅-၂၀၂၃ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (မိုခါ)ကြောင့် ဘေးသင့်ပြည်သူများအတွက် ပါဝင်လှူဒါန်းလိုသော စေတနာရှင် ပြည်သူများအနေဖြင့် မြန်မာကျပ်ငွေစာရင်းအမှတ် OA -011834 နှင့် နိုင်ငံခြား ငွေစာရင်းအမှတ် 1DA- 0300086 သို့ ထည့်ဝင်လှူဒါန်းနိုင်ကြောင်း ကြေညာခဲ့ပါသည်။

၂။ ထိုသို့ကြေညာရာတွင် အခြားသော အီလက်ထရောနစ် ငွေပေးချေမှုစနစ်နှင့် မိုဘိုင်းငွေပေးချေမှု စနစ်များဖြင့် လှူဒါန်းနိုင်ရန် ဆက်လက်ဆောင်ရွက်လျက်ရှိပြီး ထပ်မံအသိပေး ကြေညာသွားမည်ဟု ပါရှိပါသည်။

၃။ လှူဒါန်းရာတွင် ယခင်ကြေညာထားသည့် ဖုန်းနံပါတ်နှင့် ဖွင့်လှစ်ထားသည့် အကောင့်သို့ လှူဒါန်းမှုပြုနိုင်ရေး ကြေညာထားပြီး ဖုန်းနံပါတ်ဖြင့် လှူဒါန်းမှုပြုလုပ်ခြင်းမှာ ရောထွေးနိုင်သဖြင့် ဖုန်းနံပါတ်အစား QR ဖြင့် လှူဒါန်းနိုင်ရေး ဆောင်ရွက်ထားပြီး ဖြစ်ပါသည်။

၄။ KBZ Pay Wave Money တို့ဖြင့် လှူဒါန်းနိုင်ပြီး လှူဒါန်းလိုပါက KBZ Pay Wave Money တို့၏ QR အား Scan ဖတ်ခြင်း၊ QR တွင် ပါဝင်သော ကုတ်နံပါတ်အား ရိုက်ထည့်၍ လှူဒါန်းခြင်းများ ဆောင်ရွက်နိုင်ပါသည်။

၅။ ယခုအခါ ပြည်သူများ လှူဒါန်းမှုပြုလုပ်ရာတွင် ပိုမိုအဆင်ပြေစေရေး ပြည်သူများ အသုံးပြုမှု များပြားသည့် CB Pay AYA Pay OK $ UAB pay နှင့် Citizens Pay တို့ဖြင့်လည်း လှူဒါန်းနိုင်ရေး ဆောင်ရွက်ထားပြီးဖြစ်သဖြင့် QR အား Scan ဖတ်ခြင်း၊ QR တွင်ပါဝင်သော ကုတ်နံပါတ်အား ရိုက်ထည့်၍ လှူဒါန်းခြင်းများ ဆောင်ရွက်နိုင်ပါသည်။



No comments:

Post a Comment