(၂၀၂၃ ခုနှစ်၊ မေလ (၁၃) ရက်နေ့၊မြန်မာစံတော်ချိန် (၂၂:၃၀) နာရီအချိန် ထုတ်ပြန်ချက်)
(က)
အလွန့်အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း(Extremely Severe Cyclonic Storm)အခြေအနေ
(၁)
ယနေ့မြန်မာစံတော်ချိန် (၂၁:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတွင်
ဖြစ်ပေါ်နေသောအလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း(Extremely Severe
Cyclonic Storm)“မိုခါ”(MOCHA)သည် အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ မြန်မာနိုင်ငံ၊
ကိုကိုးကျွန်းမြို့(Coco Island)၏ အနောက်မြောက်ဘက် ရေမိုင် (၂၂၅) မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့(Hainggyigyun)၏
အနောက်-အနောက်မြောက်ဘက်ရေမိုင်(၂၀၅)မိုင်ခန့်၊ စစ်တွေမြို့ (Sittwe) ၏ တောင်-အနောက်တောင်ဘက်
ရေမိုင်(၂၁၀)မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ပို့ပလဲယား (Port Blair)၏ မြောက်-အနောက်မြောက်ဘက်ရေမိုင်(၃၅၀)မိုင်ခန့်နှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊
ကော့ဘဇားမြို့(Cox’s Bazar)၏တောင်-အနောက်တောင်ဘက် ရေမိုင် (၂၇၀)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို
ဗဟိုပြုနေပါသည်။
(၂)
မုန်တိုင်း၏ လက်ရှိအခြေအနေကို အနီရောင်အဆင့်ဟုသတ်မှတ်ပါသည်။
(ခ)
အလွန့်အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း(Extremely Severe CyclonicStorm) “မိုခါ”
(MOCHA)၏ တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း
အဆိုပါအလွန့်အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း(Extremely
Severe Cyclonic Storm) “မိုခါ” (MOCHA)သည် မြန်မာစံတော်ချိန်(၂၁:၃၀)နာရီအချိန်တွင်မြောက်လတ္တီကျု(၁၇.၁)ဒီဂရီနှင့်
အရှေ့လောင်ဂျီကျု (၉၁.၀)ဒီဂရီတွင် ရှိပြီး၊ ဗဟို ချက်လေဖိအား (၉၄၄)ဟက်တိုပါစကယ်နှင့်
အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီ လျှင် မိုင်(၁၂၀)မှ မိုင်(၁၃၀)နှုန်းခန့် ဖြစ်ပါသည်။
(ဂ)
နောက်(၄၈)နာရီအတွင်း ခန့်မှန်းချက်
အဆိုပါ
အလွန့်အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း“မိုခါ”သည်
မြောက်-အရှေ့မြောက်ဘက်သို့ရွေ့လျားနိုင်ပြီး၊ (၁၄.၅.၂၀၂၃)ရက်နေ့ နံနက်ပိုင်းမှစ၍ ရခိုင်
ကမ်းရိုးတန်းကိုစတင်ဖြတ်ကျော်နိုင်ကာ၊ (၁၄.၅.၂၀၂၃)ရက်နေ့ နေ့လယ်ပိုင်းတွင် မုန်တိုင်း၏
ဗဟိုချက်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့နှင့် မြန်မာနိုင်ငံ၊ကျောက်ဖြူမြို့တို့ကြားစစ်တွေမြို့အနီးမှ
အလွန့်အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း “မိုခါ” အနေဖြင့်
ဖြတ်ကျော်ဝင်ရောက်နိုင်ပါသည်။ ထို့နောက် မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး၊
ချင်းပြည်နယ်၊ မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးဆီသို့ အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်း
“မိုခါ” အနေဖြင့်
ဆက်လက်ရွေ့လျားနိုင်သည်ဟုခန့်မှန်းရပါ သည်။
(ဃ)
သတိပေးနှိုးဆော်ချက်
(၁)
အလွန့်အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း(Extremely SevereCyclonic Storm) “မိုခါ”(MOCHA)၏အရှိန်ကြောင့်
ယနေ့ညမှ (၁၅.၅.၂၀၂၃) ရက်နေ့အတွင်းနေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသ
ကြီး၊မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊
တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည် နယ်၊ ချင်းပြည်နယ်၊ရခိုင်ပြည်နယ်၊
ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊
စစ်ကိုင်းတိုင်းဒေသ ကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊
ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည် နယ်နှင့် ရခိုင်ပြည်နယ်တို့တွင်
ဒေသအလိုက်နှင့် နေပြည်တော်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင်
နေရာကွက်၍ မိုးကြီးနိုင်ပါသည်။
(၂)
သို့ဖြစ်ပါ၍ ယနေ့ညမှ (၁၄.၅.၂၀၂၃)ရက်နေ့အတွင်း ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင်
မကြာခဏမိုးသက်လေပြင်းများကျရောက်ပြီးလှိုင်းအလွန်ကြီးမည်။မိုးသက်လေပြင်းကျစဉ်ရေပြင်/
မြေပြင်လေသည်တစ်နာရီလျှင်မိုင်(၁၁၀)မှမိုင်(၁၂၀)ခန့်အထိတိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ
ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင်(၁၆)ပေမှ ပေ(၂၀)ခန့်
ရှိနိုင်ပါသည်။ မြစ်ဝကျွန်းပေါ် ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင်
မကြာခဏမိုးသက်လေပြင်းများကျရောက်ပြီးလှိုင်းကြီးရာမှလှိုင်းအလွန်ကြီးမည်။ မိုးသက်လေပြင်းကျစဉ်ရေပြင်/မြေပြင်လေသည်တစ်နာရီလျှင်မိုင်(၅၀)မှမိုင်(၇၀)ခန့်အထိတိုက်ခတ်နိုင်ပါသည်။
လှိုင်းအမြင့်မှာမြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင်
(၁၀)ပေမှ (၁၄)ပေ ခန့် ရှိနိုင်ပါသည်။
(၃)
ယနေ့ညမှ (၁၅.၅.၂၀၂၃)ရက်နေ့အတွင်း ရခိုင်ပြည်နယ်တွင် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင်
မိုင်(၁၁၀)မှ မိုင်(၁၂၀)ခန့်အထိ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊
ဧရာဝတီတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တို့တွင် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင်
မိုင်(၇၀)မှ မိုင်(၉၀)ခန့်အထိနှင့် နေပြည်တော်၊ပဲခူးတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊
ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင်
မိုင်(၄၀)မှ မိုင်(၆၀)ခန့်အထိ တိုက်ခတ်နိုင်သည်ဟု ခန့်မှန်းရပါသည်။
(၄)
မုန်တိုင်းဖြတ်ကျော်စဉ် မုန်တိုင်းဒီရေမှာရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ကျောက်ဖြူခရိုင်နှင့်
မောင်တောခရိုင်တို့ရှိ မြစ်ဝ၊ မြစ်လက်တက်များအတွင်း(၁၆)ပေမှ ပေ(၂၀)ခန့်အထိမြင့်တက်လာနိုင်သည်ဟု
ခန့်မှန်းရပါသည်။
(၅)
အဆိုပါအလွန့်အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း(Extremely Severe Cyclonic
Storm) “မိုခါ”(MOCHA)၏အရှိန်ကြောင့်
မုန်တိုင်းဒီရေ မြင့်တက်ခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့်အတူမြေပြိုခြင်းများ
ဖြစ်ပေါ်နိုင်ပါသဖြင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်တွင် နေထိုင်ကြသူများအနေဖြင့်
မုန်တိုင်းဒီရေအန္တရာယ်ကို ကြိုတင်သတိပြုရှောင်ရှားကြပါရန်၊ မြစ်ငယ်၊ချောင်းငယ်များအနီးတွင်
နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများနှင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့်မြေပြိုမှုအန္တရာယ်ကိုကြိုတင်သတိပြုနေထိုင်ကြပါရန်၊ပြည်တွင်းလေကြောင်းပျံသန်းရေးနှင့်မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့ရှိကမ်းနီး၊ကမ်းဝေး
ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်းမြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်
သို့ လုံးဝ (လုံးဝ)မထွက်ရန်နှင့် ပြည်သူလူထုအနေဖြင့်မိုးလေဝသနှင့် ဇလ ဗေဒညွှန်ကြားမှုဦးစီးဌာန၏
အချိန်နှင့် တပြေးညီထုတ်ပြန်ချက်များကို စောင့်ကြည့်၍ လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများကို
ဆောင်ရွက်သွားနိုင် ပါရန်သတိပေးနှိုးဆော်အပ်ပါသည်။
No comments:
Post a Comment