Wednesday, May 17, 2023

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ရန်ကုန်မြို့ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတွင် မုန်တိုင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုနှင့် စစ်တွေမြို့သို့ပို့ဆောင်မည့် ရုပ်သံထုတ်လွှင့်ရေးဆိုင်ရာ ပစ္စည်းများ ထုပ်ပိုးပြင်ဆင်မှုကို ကြည့်ရှုစစ်ဆေး

 

ရန်ကုန် မေ ၁၆

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထေင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယမန်နေ့က ရန်ကုန်မြို့ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားရှိ ပင်မအဆောက်အဦတွင် မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ခေါင်မိုးများ ထိခိုက်ပျက်စီးမှု အပါအဝင်ရုပ်သံ ထုတ်လွှင့်မှုလုပ်ငန်းများ ကြံ့ခိုင်မှုအခြေအနေနှင့် စစ်တွေမြို့သို့ ပို့ဆောင်မည့် ရုပ်သံထုတ်လွှင့်မှုဆိုင်ရာပစ္စည်းများ ရေကူးအသံလွှင့်စက်ရုံ၌ ထုပ်ပိုးပြင်ဆင်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေး

နံနက်ပိုင်းတွင် ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၌ မေ ၁၄ ရက် နံနက်  နာရီခန့်က မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ပင်မ အဆောက်အဦမှ ခေါင်မိုးသွပ်များနှင့် ဒိုင်း/မြားသံချောင်းများပြုတ် ထွက်ပျက်စီးမှုကို ကြည့်ရှုစစ်ဆေးပြီး ယင်းနေရာအောက်တွင် တိုက်ရိုက် (Live)ရိုက်ကူး ထုတ်လွှင့်သော စတူဒီယို (အေ)ရှိ နေသဖြင့် မိုးရေများစိမ့်ဝင်ပြီး ထိခိုက်ပျက်စီးမှုများ ထပ်မံမဖြစ်ပွားစေရေး အမြန်ပြင်ဆင် ဆောင်ရွက်ရန်နှင့် ပျက်စီးမှုများကို အမြန်ရှင်းလင်းကာ စနစ်တကျ ဆယ်တင်အသုံးပြုရေး အဖွဲ့စနစ်ဖြင့် မှတ်တမ်းထားရှိ ဆောင်ရွက်ရန် မှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ရုပ်သံထုတ်လွှင့်မှုဆိုင်ရာ စက်ပစ္စည်းများ ထိခိုက်မှုရှိ/မရှိ စစ်ဆေးဆောင်ရွက်နေမှုနှင့် ကြံ့ခိုင်ကောင်းမွန်မှု အခြေအနေများကို လိုက်လံစစ်ဆေးပြီးလိုအပ် သည်များမှာကြားသည်။

ဂုဏ်ပြုဆုငွေများချီးမြှင့်

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ဂီတဌာနခွဲမှ ဝန်ထမ်းများနှင့် တွေ့ဆုံ၍ ဆောင် ရွက်ပြီးစီးခဲ့သည့် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲ အခမ်းအနားတွင် မြန်မာ့ဆိုင်းဝိုင်းကြီး၊ ခေတ်ပေါ် တီးဝိုင်းနှင့် သံစုံတီးဝိုင်းကြီးတို့ ပါဝင်ဆောင်ရွက်ခဲ့မှုအပေါ် ချီးကျူးဂုဏ်ပြုပါကြောင်းနှင့် ပြည်တွင်း/ပြည်ပ ဖျော်ဖြေပွဲများကို ရည်ရွယ်မျှော်လင့်ပြီး စဉ်ဆက်မပြတ် လေ့ကျင့်ပြင်ဆင်ထားရန် မှာကြားကာ ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်မြို့မရမ်းကုန်းမြို့နယ်ရှိ ရေကူးအသံလွှင့် စက်ရုံသို့ ရောက်ရှိပြီး မေ ၁၄ ရက်က စစ်တွေမြို့တွင် တိုက်ခတ်ခဲ့သော မုန်တိုင်းဒဏ်ကြောင့် ပြိုလဲ ပျက်စီးခဲ့သည့် စစ်တွေထပ်ဆင့် လွှင့်စက်ရုံမှ အမြင့်မီတာ ၁၀၀ တာဝါတိုင်(အစား) အမြင့်မီတာ ၃၀ ယာယီတာဝါတိုင် အမြန် တည်ဆောက်၍ DVB-T2 စနစ် ဖြင့် ရုပ်သံထုတ်လွှင့်နိုင်ရန်နှင့် FM Radio ကို ပြန်လည်ထုတ်လွှင့် နိုင်ရန်အတွက် ဝပ်အား ၃၀၀ လွှင့်စက်အပါအဝင် လိုအပ်သောပစ္စည်းများ ထုပ်ပိုးပြင်ဆင်မှုကို လည်းကောင်း၊ စစ်တွေမြို့မှ DTH စနစ်ဖြင့် ရုပ်/သံ ကြည့်ရှု နိုင်ရန်အတွက် အစုံ ၅၀၀ ထုပ်ပိုး ပြင်ဆင်မှုကို လည်းကောင်း၊ မုန်တိုင်းဒဏ်ကြောင့် ထိခိုက် ပျက်စီးခဲ့သည့် သတင်းများပေးပို့ သည့် V-SAT (Flyaway) စနစ် (အစား) Back Pack တစ်စုံ ပေးပို့ရန်နှင့် သက်ဆိုင်ရာဝန်ထမ်းများ စုဖွဲ့ပြီး အမြန်လိုက်ပါရန်တို့ကို စစ်ဆေးမှာကြားသည်။

စစ်တွေသို့ ပို့ဆောင်

အဆိုပါ မီတာ ၃၀ တာဝါတိုင် အမြန်တည်ဆောက်နိုင်ရန်အတွက် ဝပ်အား ၃၀၀ လွှင့်စက် အပါအဝင် လိုအပ်သောပစ္စည်းများ၊ DTH စနစ် အစုံ ၅၀၀ နှင့် Back Pack တစ်စုံတို့မှာ ယနေ့ တွင် နေပြည်တော်နှင့် ရန်ကုန်တို့ မှ လေကြောင်းခရီးဖြင့် စစ်တွေသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment