Friday, May 12, 2023

ဘေးအန္တရာယ်ကျရောက်နိုင်ခြေမြင့်မားသည့်အနီရောင်အဆင့်ဒေသများအဖြစ်သတိပေး ကြေညာချက်

 ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသည့် ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင်ဖြစ်ပေါ်နေသော အားအလွန်ကောင်းသည့် ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) သည် ၁၄-၅-၂၀၂၃ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့နှင့် မြန်မာနိုင်ငံ၊ ကျောက်ဖြူမြို့တို့အကြား စစ်တွေမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်နိုင်သည်ဟု ခန့်မှန်းထားပြီး မုန်တိုင်းဖြတ်သန်းတိုက်ခတ်နိုင်သည့် အခြေအနေ၊ ဘေးအန္တရာယ်ကြောင့် ထိခိုက်ခံရနိုင်မှု အခြေအနေများအပေါ်မူတည်၍ အောက်ပါဒေသများကို ဘေးအန္တရာယ်ကျရောက်နိုင်ခြေ မြင့်မား သည့် အနီရောင်အဆင့် ဒေသများအဖြစ် သတိပေးကြေညာအပ်ပါသည်-

၁။        စစ်တွေမြို့နယ်

၂။         ကျောက်ဖြူမြို့နယ်

၃။        မောင်တောမြို့နယ်

၄။        ရသေ့တောင်မြို့နယ်

၅။        မြေပုံမြို့နယ်

၆။        ပေါက်တောမြို့နယ်

၇။        မာန်အောင်မြို့နယ်

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ

No comments:

Post a Comment