ချောက် ဧပြီ ၂၆
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ် ဂွေးချိုကျေးရွာ အေးစေတီဓမ္မာရုံ၌ ယနေ့မွန်းလွဲ၁နာရီအချိန်က တိုင်းဒေသကြီးနိုင်ငံစီးပွားမြှင့်တင်ရေး စီမံကိန်း ကြီးကြပ်မှု ကော်မတီနှင့်ခရိုင်/မြို့နယ်အဆင့် နိုင်ငံစီးပွားမြှင့်တင်ရေးစီမံ ကိန်းကြီးကြပ်မှုကော်မတီများ၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ MSME လုပ်ငန်းရှင်များ တွေ့ဆုံပွဲအခမ်းအနားကို မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးတင့်လွင်တက်ရောက်ခဲ့ကြောင်း သိရသည်။
ဦးစွာ ချောက်မြို့နယ် နိုင်ငံစီးပွားမြှင့်တင်ရေး
စီမံကိန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးစိုးလွင်မှ
မြို့နယ်အတွင်း နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက် မည့်လုပ်ငန်း အစီအစဉ်
များအားလည်းကောင်း၊ ရေနံချောင်းမြို့နယ် နိုင်ငံစီးပွားမြှင့်တင်ရေး စီမံကိန်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ
ဦးအောင်ဇင်ဦးမှ
မြို့နယ်အတွင်း နိုင်ငံစီးပွာမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များအားလည်းကောင်း
ရှင်းလင်းတင်ပြခဲ့ပြီး ချောက်ခရိုင် နိုင်ငံစီးပွားမြှင့်တင်ရေးစီမံကိန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ
ဦးဌေးကျော်မှ
ဖြည့်စွက်ဆွေးနွေးတင်ပြခဲ့သည်။
ထို့နောက် တက်ရောက်လာသော
စိုက်ပျိုးရေး၊ မွေးမြူရေး၊ MSMEလုပ်ငန်းရှင်များ၏
တင်ပြချက်များအပေါ် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦး တင့်လွင်က လိုအပ်ချက်များအား
ခရိုင်/မြိုနယ်အဆင့် တာဝန်ရှိသူများနှင့် ပေါင်းစပ်ကာ ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း
သိရသည်။
ကျော်မိုး(ပြန်/ဆက်)
No comments:
Post a Comment