Saturday, April 29, 2023

ပြည်ထောင်စုဝန်ကြီး ဦးလှမိုးပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

 



နေပြည်တော် ဧပြီ ၂၈

နေပြည်တော်ကောင်စီနယ်မြေ ကျေးလက်နေပြည်သူများ၏ တစ်ဦးချင်း ဝင်ငွေတိုးပွားစေရေး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် တစ်ပိုင်တစ်နိုင်ကုန်ထုတ် လုပ်မှုလုပ်ငန်းများ အမှန်တကယ်လုပ်ကိုင် ဆောင်ရွက်နိုင်ကြခြင်းဖြင့် ကျေးလက်နေပြည်သူများ၏ဝင်ငွေနှင့် လူနေမှုဘဝမြင့်မားရေးကို နိုင်ငံတော်အစိုးရ၏ စီမံလမ်းညွှန်မှုဖြင့် မိမိတို့ဝန်ကြီးဌာနက ကြိုးပမ်းအကောင်အထည်ဖော်လျက် ရှိရာ ဒေသနေပြည်သူများအနေဖြင့်လည်း တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ကြရန်လိုကြောင်း ယနေ့မွန်းလွဲပိုင်းက တပ်ကုန်းမြို့နယ် မကျီးပင်ကျေးရွာ၊ ဂွေးပင်(စံပြ)ကျေးရွာ၊ ဇေယျာသီရိမြို့နယ် ရှားစေး ဖိုကျေးရွာ၊ ပုဗ္ဗသီရိမြို့နယ် အေးမြင့်သာယာကျေးရွာ ဒေသခံပြည်သူများနှင့်တွေ့ဆုံစဉ် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ပြောကြားသည်။

ရှင်းလင်းတင်ပြ

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တပ်ကုန်းမြို့နယ် မကျီးပင်ကျေးရွာအုပ်စု မကျီးပင် ကျေးရွာသို့ရောက်ရှိပြီး ကျေးရွာယာယီရှင်းလင်းဆောင်၌ ဒေသခံပြည်သူများနှင့် ခင်မင်ရင်းနှီးစွာ တွေ့ဆုံ၍ တပ်ကုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနဦးစီးမှူးက မကျီးပင်ကျေးရွာတွင် လုပ်ငန်းများဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ကျေးလက်နေ တစ်မိသားစု ချင်း၏ ဝင်ငွေတိုးပွားရေး မိုးစပါးအပြီး ဆောင်းသီးနှံနှင့် နွေသီးနှံများ စိုက်ပျိုးနိုင်ရေး လိုအပ်သည့် မျိုးကောင်းမျိုးသန့်၊ သွင်းအားစုနှင့် နည်းပညာများ ကူညီဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊ ကျေးရွာရှိ စိတ်တူကိုယ်တူဆန္ဒတူသူများ စုပေါင်း၍ သမဝါယမ အသင်းထူထောင်ပြီး စီးပွားဖြစ်လယ်ယာကုန်ထုတ် လုပ်ငန်းများ ပေါ်ထွန်းလာရေးအတွက် ကျေးရွာသူ ကျေးရွာသားများ အားလုံးပူးပေါင်းလုပ်ဆောင်ကြရန်နှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို ဆွေးနွေးပြီး ဒေသခံပြည်သူများက ကျေးရွာလိုအပ်ချက် တင်ပြမှုအပေါ် အမြန်ဆုံးတုံ့ပြန်ဆောင်ရွက်ပေးနိုင်ရေး ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးပြီးနောက် ကျေးရွာတောင်သူများ၏ စိုက်ပျိုးမြေဧက ၂၀၀ ကျော် အကျိုးပြုပေးနိုင်မည့် ယာယီချောင်းပိတ်ဆည်၊ ရေပေးမြောင်းနှင့် ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေရရှိရေး ဆောင်ရွက်ထားရှိမှုကို ကြည့်ရှုအားပေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် တပ်ကုန်းမြို့နယ် ဂွေးပင်ကျေးရွာ၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနတို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် ဂွေးပင်ကျေးရွာ စနစ်ကျလယ်ယာမြေ ၇၉ ဒသမ ၈၈ ဧကအဆင့်မြင့်လယ်ယာမြေများပေါ်တွင် နွေစပါး ၉ ဒသမ ၀၉ ဧကနှင့် နွေသီးနှံပဲတီစိမ်း ၆၂ ဒသမ ၅၂ ဧကစိုက်ပျိုးထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာဦးစီးဌာနအလိုက် တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ၊ တောင်သူများက လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဆွေးနွေးမှာကြားသည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဆောင်ရွက်လျက်ရှိသည့် ဆင်သေချောင်း ယာယီ ချောင်းပိတ်ဆည်ဝဲယာရှိ ဇေယျာသီရိမြို့နယ် ရှားစေးဖိုကျေးရွာသို့ရောက်ရှိရာ ရှားစေးဖိုကျေးရွာတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဆောင်ရွက်သည့် ရေတင်လုပ်ငန်းမှ သမဝါယမ စိုက်ပျိုးတောင်သူများ၏ စပါး၊ နှမ်း၊ ပဲတီစိမ်း၊ ပြောင်း၊ သပြေပင် စုစုပေါင်းစိုက်ဧက ၁၆၀ စိုက်ပျိုးပြီးစီးမှု၊ ပုဗ္ဗသီရိမြို့နယ် အေးမြင့်သာယာကျေးရွာနှင့် ဘဲကုန်း ကျေးရွာတို့တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် သမဝါယမနှင့်ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာနတို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် ဆင်သေချောင်း ယာယီရေ ထိန်းဆည်နှင့် လျှပ်စစ်ရေတင်လုပ်ငန်းမှ စိုက်ပျိုး တောင်သူ ၆၅ ဦး၏ နေကြာ၊ နှမ်း၊ ပဲတီစိမ်း၊ ပြောင်း စုစုပေါင်းစိုက်ပျိုးဧက ၁၈၅ ဧကစိုက်ပျိုးနေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment