Saturday, April 29, 2023

ကျန်းမာရေးစောင့်ရှောက်မှု ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ အစည်းအဝေး (၁/၂၀၂၃) ကျင်းပ

 



နေပြည်တော် ဧပြီ ၂၈

ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာစီမံခန့်ခွဲမှု လုပ်ငန်းကော်မတီဥက္ကဋ္ဌ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်းသည် ဧပြီ ၂၆ ရက် မွန်းလွဲပိုင်းက ကျန်းမာရေးဝန်ကြီးဌာန ရုံးအမှတ်()၌ ကျင်းပခဲ့သော ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ အစည်းအဝေး (/၂၀၂၃) သို့ တက်ရောက်ခဲ့သည်။

သဘာဝဘေးအန္တရာယ်များ

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၌ သဘာဝဘေးအန္တရာယ်များ အနေဖြင့် ရေကြီးခြင်း၊ မုန်တိုင်းတိုက်ခတ်ခြင်း၊ မြေပြိုခြင်း၊ ငလျင်လှုပ်ခတ်ခြင်း၊ မီးလောင်ခြင်းနှင့် ကူးစက် ရောဂါအန္တရာယ်များ ကျရောက်ခြင်း အစရှိသော ဘေးအန္တရာယ်များ ဖြစ်ပွားနိုင်ခြေများရှိကြောင်း။

လတ်တလောကာလအတွင်း လွန်ခဲ့သည့် ဧပြီ ၂၁ ရက်တွင် လယ်ဝေးမြို့နယ်ရှိ ကျေးရွာနှစ်ရွာ၌ လေဆင်နှာမောင်းတိုက်ခတ်ခဲ့မှုကြောင့် ထိခိုက်ဒဏ်ရာရရှိမှုနှင့် သေဆုံးမှုများ ဖြစ်ပွားခဲ့ကြောင်း၊ မိမိတို့ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် လူအများထိခိုက်ဒဏ်ရာရရှိမှုဖြစ်စဉ်အတွက် ဇာတ်တိုက် လေ့ကျင့်မှု၊ ဆေးပစ္စည်းကိရိယာ၊ ယာဉ်စသည်တို့ကို ကြိုတင်ပြင်ဆင်ထားရှိရာ အဆိုပါဖြစ်စဉ်တွင် အရေးပေါ်လူနာများကို ဆေးရုံသို့ လွှဲပြောင်း ပို့ဆောင်ကုသမှု၊ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာများ မဖြစ်ပွားစေရေး ကာကွယ်မှုလုပ်ငန်းများကို ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းမှုအားကောင်းစွာဖြင့် ဆောင်ရွက်နိုင်ခဲ့သည် ကို တွေ့မြင်ရကြောင်း။

ဘေးအန္တရာယ်ဖြစ်စဉ်များတွင် သက်ဆိုင်ရာ ကဏ္ဍအလိုက် လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက် လျက်ရှိသည့် ဌာနဆိုင်ရာများနှင့် အဖွဲ့အစည်းများအား ကျေးဇူးတင်ရှိကြောင်း၊ အဆိုပါဖြစ်စဉ်များတွင်

လူအများထိခိုက်ဒဏ်ရာရရှိမှုများအတွက် တိုင်းဒေသ ကြီး/ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်ဆေးရုံများတွင် အသင့်ဖြစ်နေစေရေးအတွက် စုစည်းမှုအားကောင်း စွာဖြင့် ဆောင်ရွက်ထားစေလိုကြောင်း၊ အရေးပေါ် ဆေးသေတ္တာများတွင်ပါဝင်သည့် ဆေးဝါးပစ္စည်းများ ကိုလည်း အမြဲအသင့်ဖြစ်နေစေရေး ဆောင်ရွက် ထားရမည်ဖြစ်ကြောင်း၊ ဘေးအန္တရာယ်ဖြစ်စဉ်များတွင် ထိခိုက်ဒဏ်ရာရရှိသူများအား အရေးပေါ်ကုသမှုနှင့် ရှေးဦးသူနာပြုစုမှုများတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် မိတ်ဖက်အဖွဲ့အစည်းများက ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိရာ အဆိုပါအဖွဲ့ အစည်းများနှင့် ကွန်ရက်ချိတ်ဆက်မှုများ အားကောင်းစေလိုကြောင်း။

ဘေးအန္တရာယ်ဖြစ်စဉ်ဆိုင်ရာ သတင်းအချက်အလက်များအား အချိန်နှင့်တစ်ပြေးညီ ရယူခြင်းနှင့် ဖြန့်ဝေခြင်းတို့ကို ပြည်သူ့ကျန်းမာရေးအရေးပေါ် အခြေအနေကွပ်ကဲရေးစင်တာများ အမြဲတမ်း အသင့်ရှိနေရမည်ဖြစ်ကြောင်း။

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနအနေဖြင့် ကြိုတင်ခန့်မှန်းသိရှိနိုင်သည့် ဘေးအန္တရာယ် ဖြစ်စဉ်များအတွက် သတိပေးကြေညာချက်များ ထုတ်ပြန်ပေးလျက်ရှိပြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနအနေဖြင့်လည်း ဘေးအန္တရာယ် အမျိုးအစားအလိုက် စောစီးစွာသိရှိနိုင်သည့် ကြိုတင် သတိပေးလက္ခဏာများကိုလည်း အသိပညာပေးမှု များ ဆောင်ရွက်လျက်ရှိကြောင်း၊ ဘေးအန္တရာယ် ဖြစ်စဉ်ကျရောက်မှုအား ကြိုတင်ခန့်မှန်းသိရှိနိုင်သည့် ဖြစ်စဉ်များအတွက် ကြိုတင်သတိပေးလက္ခဏာများ နှင့်ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး ဆက်လက်ဆောင်ရွက်ပေးစေလိုကြောင်း၊ ကျန်းမာရေး ဝန်ကြီးဌာနအနေဖြင့် ဘေးအန္တရာယ်ဆိုင်ရာ ကျန်းမာရေးကဏ္ဍ ကြိုတင်ပြင်ဆင်မှုနှင့် တုံ့ပြန်ခြင်း လုပ်ငန်းများကို ဦးစားပေးလုပ်ငန်းတစ်ရပ်အနေဖြင့် အထူးဦးစားပေး ဆောင်ရွက်လျက်ရှိကြောင်း။

ယနေ့အစည်းအဝေးတွင် လုပ်ငန်းကော်မတီ အဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်နေမှုများ၊ ပူးပေါင်းဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ ပွင့်လင်းစွာဆွေးနွေးကြရန် ဖြစ်ကြောင်း ပြောကြားသည်။

ရှင်းလင်းတင်ပြ

ဆက်လက်၍ ကျန်းမာရေးစောင့်ရှောက်မှု ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ၊ အတွင်းရေးမှူး ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြင့်မြင့်သန်းက ကျန်းမာရေးစောင့်ရှောက် မှုဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီဖွဲ့စည်းပုံနှင့် လုပ်ငန်းကော်မတီ၏ လုပ်ငန်းတာဝန်များကို ရှင်းလင်းတင်ပြသည်။

ထို့နောက် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ တွဲဖက်အတွင်းရေးမှူး () ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းတင်က ကျန်းမာရေး ဝန်ကြီးဌာနမှ ဆောင်ရွက်ထားရှိမှုများနှင့် ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာသည့် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ အဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်နေမှုများနှင့် ပူးပေါင်း ဆောင်ရွက်နေမှုများကို ဆွေးနွေးပြောကြားသည်။

ထို့နောက် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားပြီး အစည်း အဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment