Saturday, April 29, 2023

၂၀၂၃ ခုနှစ်၊ ရေကြောင်းနှင့်လေကြောင်းလူငယ် အခြေခံသင်တန်းများနှင့် တန်းမြင့်သင်တန်းများကို သက်ဆိုင်ရာမြို့နယ်အသီးသီး၌ လေ့ကျင့်သင်ကြားပေးလျက်ရှိ

 


နေပြည်တော် ဧပြီ ၂၉

ကျောင်းသား၊ ကျောင်းသူ မျိုးဆက်သစ်လူငယ်မောင်မယ်များကို နွေရာသီ ကျောင်းပိတ်ရက်ကာလအတွင်း အသိပညာများဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ် ရက်များအကျိုးရှိစေရန်၊ မိမိဝါသနာပါသည့်ပညာရပ်များကို လေ့လာဆည်းပူးနိုင်စေရန်နှင့် နိုင်ငံတော်အတွက်ရေကြောင်းပညာ၊ လေကြောင်းပညာကျွမ်းကျင်သော အနာဂတ်မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ တပ်မတော် (ရေ) က ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်းများ၊ တပ်မတော် (လေ) က အခြေခံလေကြောင်းလူငယ်သင်တန်း (အကြီးတန်းအဆင့်) နှင့် အခြေခံလေကြောင်း လူငယ်သင်တန်း (အငယ်တန်းအဆင့်) ဖွင့်ပွဲများကို ဧပြီ ၂၄ ရက်တွင် သက်ဆိုင်ရာမြို့နယ်အသီးသီးရှိ သင်တန်းစခန်းများ၌ တစ်ပြိုင်တည်းစတင်ဖွင့်လှစ်ခဲ့ပြီး လေ့ကျင့်သင်ကြားပေးလျက်ရှိသည်။ 

ထိုသို့လေ့ကျင့်သင်ကြားလျက်ရှိရာ ယနေ့တွင် တပ်မတော် (ရေ) က ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်းများကို ရှမ်းပြည်နယ် (အရှေ့ပိုင်း) ၊ ကျိုင်းတုံရေကြောင်းလူငယ်စခန်းမှ သင်တန်းသား၊ သင်တန်းသူစုစုပေါင်း ၃၀ ဦး၊ မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့ရှိ ရေကြောင်းလူငယ်စခန်းမှ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၅၀ ဦး၊ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိရေကြောင်းလူငယ်စခန်းမှ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၆၁ ဦးနှင့် ကျောက်ဖြူမြို့ရှိ ရေကြောင်းလူငယ်စခန်းမှသင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၅၀ ဦးတို့ကို သက်ဆိုင်ရာ နယ်မြေအသီးသီးမှ တာဝန်ရှိသူ နည်းပြများက လေ့ကျင့်သင်ကြားပေးလျက်ရှိပြီး သက်ဆိုင်ရာမြို့နယ်အသီးသီးရှိ တပ်မတော် (ရေ) ရေကြောင်းလူငယ် စခန်း ၁၁ ၌ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၇၁၂ ဦးတို့ကို လေ့ကျင့်သင်ကြား ပေးလျက်ရှိသည်။

အလားတူ တပ်မတော် (လေ) က အခြေခံလေကြောင်းလူငယ်သင်တန်း (အကြီးတန်းအဆင့်) နှင့် အခြေခံလေကြောင်းလူငယ်သင်တန်း (အငယ်တန်းအဆင့်) သင်တန်းများကို ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့ရှိလေကြောင်းလူငယ်စခန်းမှ သင်တန်းသား၊ သင်တန်းသူစုစုပေါင်း ၄၀ ဦး၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ရှိလေကြောင်းလူငယ်စခန်းမှ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၄၀ ဦး၊ တနင်္သာရီ တိုင်းဒေသကြီး၊ မြိတ်မြို့ရှိ လေကြောင်းလူငယ်စခန်းမှ သင်တန်းသား၊ သင်တန်းသူ ၄၀ ဦး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့ရှိ ဟုမ္မလင်းလေကြောင်းလူငယ်စခန်းမှ သင်တန်းသား၊ သင်တန်းသူ ၄၀ ဦးတို့ကို သက်ဆိုင်ရာ နယ်မြေအသီးသီးမှ တာဝန်ရှိသူနည်းပြများက လေ့ကျင့်သင်ကြားပေးလျက်ရှိပြီး သက်ဆိုင်ရာမြို့နယ်အသီးသီးရှိ တပ်မတော် (လေ) လေကြောင်းလူငယ်စခန်း ၁၇ ခု၌ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၆၈၀ ဦး တို့ကို လေ့ကျင့်သင်ကြားပေးလျက်ရှိသည်။

ထိုသို့ ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်းများ၊ အခြေခံလေကြောင်းလူငယ်သင်တန်း (အကြီးတန်းအဆင့်)နှင့် အခြေခံလေကြောင်းလူငယ် သင်တန်း(အငယ်တန်းအဆင့်)သင်တန်းများ လေ့ကျင့်သင်ကြားပို့ချနေမှုများကို သက်ဆိုင်ရာတာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးကာ လိုအပ်သည်များညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။

No comments:

Post a Comment