Wednesday, April 26, 2023

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် အခြေခံလေကြောင်းလူငယ် သင်တန်း အမှတ်စဉ် (၁/၂၀၂၃)ဖွင့်ပွဲ အခမ်းအနားတက်ရောက်

 

မကွေး ဧပြီ  ၂

ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ)နှင့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံလေကြောင်းလူငယ်သင်တန်း အမှတ်စဉ်(၁/၂၀၂၃)ဖွင့်ပွဲ အခမ်းအနားကို ဧပြီ၂၄ ရက်နေ့ နံနက် ၁၀ နာရီက မကွေးမြို့ မြို့တော်ခန်းမ၌ကျင်းပရာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ အနောက်ပိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်မှူးချုပ် ထွန်းဝင်း၊ မကွေးလေတပ်စခန်း ဌာနချုပ်မှူး ဗိုလ်မှူးချုပ်စိုးတင်လတ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မကွေးတပ်နယ် အသီးသီးမှ အရာရှိ စစ်သည်များ၊ မကွေးလေတပ်စခန်း ဌာနချုပ်မှ တာရှိသူများ၊ အခြေခံလေကြောင်း လူငယ်သင်တန်း တက်ရောက်မည့် သင်တန်းသားသင်တန်းသူများနှင့် သင်တန်းသားမိဘများ တက်ရောက်ခဲ့ကြသည်။










ဖွင့်ပွဲ အခမ်းအနားတွင် မကွေးတိုင်းဝန်ကြီးချုပ် ဦးတင့်လွင်က အခြေခံလေကြောင်း လူငယ် သင်တန်းကို တက်ရောက်ခွင့်ရရှိသည့် လူငယ်များအနေဖြင့် အချိန်ကိုအကျိုးရှိစွာ အသုံးချ သင်ယူရ သောကြောင့် နောင်တစ်ခေတ်၏ ခေါင်းဆောင်လူငယ်များဖြစ်၍ အသိပညာ/ အတတ် ပညာရပ်ပိုင်းဆိုင်ရာများကို တစ်စိတ်တစ်ဒေသ အထောက်အကူပြုစေမှာဖြစ်ကြောင်း၊ မကွေးတိုင်းဒေသကြီးအတွင်း နွေရာသီကျောင်းပိတ်ရက် အားလပ်ချိန်၌ အချိန်ကိုအကျိုးရှိရှိ အသုံးချပြီး အခြေခံလေကြောင်း လူငယ် သင်တန်းကို စိတ်ပါဝင်စားစွာနှင့် တက်ရောက်ကြသည့် လူငယ်များသည် နောင်တစ်ချိန်တွင် လေကြောင်းသိပ္ပံပညာရပ်များနှင့် ပတ်သတ်ပြီး မျိုးဆက် သစ်ခေါင်းဆောင်ကောင်းများ ဖြစ်လာရေး စာပေဘာသာရပ်များကို သင်ကြားပို့ချပေးသွားမှာ ဖြစ်ကြောင်း၊ ယခုသင်တန်းတက်ရောက်ကြသည့် လူငယ်များအနေဖြင့် မိမိတို့ရပ်ရွာရှိ မိတ်ဆွေအပေါင်းအသင်းများကို သင်တန်းကပို့ချလိုက်သည့် လေကြောင်းပညာဗဟုသုတများ၊ နည်းပညာများကို ထပ်ဆင့်ဖြန့်ဝေပေးသွားဖို့ တိုက်တွန်းပြောကြားလိုကြောင်း၊ သင်တန်းမှ ပညာရပ်ကို စိတ်ပါဝင်စားလာပြီး မိမိဒေသအတွက် အကျိုးပြုမည့် လေကြောင်းဆိုင်ရာ ပညာရှင်များ ထွက်ပေါ်လာမှာဖြစ်ကြောင်း၊ သင်တန်းတက်ရောက်ကြမည့် လူငယ်တို့အနေဖြင့် လေကြောင်းသိပ္ပံပညာရပ်ကို ကိုယ်တိုင်ဆည်းပူး၊ လေ့လာ၊ တည်ဆောက် သင်ယူကြရ မှာဖြစ်သလို လေယာဉ်လိုက်ပါစီးနင်းခြင်း၊ RCလေယာဉ်Simulatorမောင်းနှင်ခြင်း၊ Radio Control / Remote Control လေယာဉ်/ ရဟတ်ယာဉ်မောင်းနှင်မှုပြိုင်ပွဲအပြင် နေပြည်တော်မြို့ မှာရှိတဲ့ ဗဟုသုတရရှိစေမည့် နေရာများကို လေ့လာရေးသွားရောက်ခွင့်ရကြမှာဖြစ်ကြောင်း၊ လူငယ်များအနေဖြင့် ယနေ့ နိုင်ငံတော်ကြီးဟာ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးစတဲ့ကဏ္ဍတွေမှာ ပြုပြင်ပြောင်းလဲမှုတွေ တိုးတက်လာသည်နှင့်အမျှ နောင်တစ် ခေတ်ရဲ့ ခေါင်းဆောင်တွေဖြစ်သည့် လူငယ်များသည် ခေတ်စနစ်နှင့် အညီ ရင်ပေါင်တန်း လိုက်ပါပြီး တိုးတက်နေတဲ့ပညာရပ်တွေကို မျက်ခြေမပြတ် ဆည်းပူးလေ့လာသွားကြဖို့ လိုကြောင်း၊ လူငယ်များအနေဖြင့် ကမ္ဘာမှာအရေးပါလာသည့် ဒီလေကြောင်း သိပ္ပံပညာရပ် များကို ထက်မြက်ထူးချွန်စွာ ကြိုးစားအားထုတ်သင်ယူ လေ့လာသွားကြဖို့ ပြောကြားလိုကြောင်းနောင်တစ်ချိန်မှာ နိုင်ငံတော်ရဲ့တာဝန်တွေကို ပုခုံးပြောင်း ထမ်းဆောင်ကြမည့် လူငယ် များသည် လူ့စွမ်းအားပျိုးထောင်ပေးနေခြင်းဖြစ်ကြောင်း၊ လူငယ်များအနေဖြင့် လေကြောင်းလူငယ် သင်တန်းမှာနည်းပြဆရာများ သင်ကြားပို့ချသည့်ဘာသာရပ်များကို စိတ်ပါဝင်စားစွာနဲ့ တတ်မြောက် အောင်သင်ယူမှတ်သား၍ အတွေ့အကြုံကောင်းများကို ရယူကြရန်လိုကြောင်း၊ နွေရာသီကျောင်းပိတ် ရက်မှာ အခါအခွင့်သင့်၍ ဒီသင်တန်းကို တက်ရောက်ခွင့်ရတာဖြစ်သည့် အတွက် နောင်တစ်ခေတ်ရဲ့ မျိုးဆက်သစ် လေကြောင်းသိပ္ပံပညာရှင်များဖြစ်အောင် ရည်ရွယ်ချက်ထားပြီး ကြိုးပမ်းအားထုတ် သွားကြစေလိုကြောင်း၊ စိတ်ဓာတ်၊ စည်းကမ်း၊ ပညာပြည့်ဝ တဲ့ ကျောင်းသား/ကျောင်းသူများပီပီ ကိုယ့်အစွမ်းအစကို ဒီသင်တန်းမှာ အပြည့်အဝ အသုံးချသွားကြပါလို့ တိုက်တွန်းပြောကြားလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ အနောက်ပိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်မှူးချုပ်ထွန်းဝင်းက လေကြောင်း ပညာသမိုင်း ကိုလေ့လာခြင်းဖြင့် လေကြောင်းနှင့်အာကာသသိပ္ပံဆိုင်ရာ ပညာရပ်များကို စိတ်ဝင်စားမှု တိုးပွားလာစေရန်၊ လေယာဉ်ပျံသန်းမှုနှင့် သက်ဆိုင်သော ပညာရပ်များကို တတ်သိနားလည်ကာ နိုင်ငံတော်ကာကွယ်ရေးလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန် ရည်ရွယ်ပြီး ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ပြောကြားကာ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သင်တန်း အတွက် ထောက်ပံ့သည့် ထောက်ပံ့ငွေများကို တိုင်းဒေသကြီးဝန်ကြီးချုပ်က မကွေး လေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှူးချုပ် စိုးတင်လတ်ထံ ပေးအပ်ခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သင်တန်းတွင် အသုံပြုမည့် သင်ထောက်ကူပစ္စည်းများနှင့် လေကြောင်းဆိုင်ရာ သမိုင်းမှတ်တမ်းဓာတ်ပုံများ ခင်းကျင်း ပြသထားမှုအား လှည့်လည်လေ့လာ အားပေးကြည့်ရှုကာ သင်တန်းသား၊ သင်တန်းသူများနှင့် အမှတ်တရ စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရသည်။

အဆိုပါ အခြေခံလေကြောင်းလူငယ်သင်တန်းတွင် စစ်ရေးပြဘာသာရပ်၊ လေကြောင်းသမိုင်း ဘာသာရပ်၊ လေယာဉ်ပျံသန်းမှု အခြေခံဘာသာရပ် (R/Cလေယာဉ်နှင့် Simulator မောင်းနှင် ပျံသန်းခြင်း) လေယာဉ်တည်ဆောက်မှုဘာသာရပ်၊ စက်အုံတည်ဆောက်မှု ဘာသာရပ်၊ လေယာဉ် ပုံစံငယ်တည်ဆောက်မှုဘာသာရပ် (S/C လေယာဉ်နှင့်Solid Model လေယာဉ်ပုံစံငယ်)စသည့် ဘာသာရပ်(၆)မျိုးကို သင်ကြားသွားမည်ဖြစ်သည်။ သင်တန်းသို့ မကွေးတိုင်းဒေသကြီးအတွင်းမှ သင်တန်းသား(၂၀)ဦး သင်တန်းသူ(၂၀)ဦး စုစုပေါင်း သင်တန်းသား(၄၀)ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ရက်သတ္တပတ် (၄)ပတ် ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

မောင်ညီညာ

No comments:

Post a Comment