မကွေး နိုဝင်ဘာ ၉
ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ မကွေးပညာရေးဒီဂရီကောလိပ်တွင် တိုင်းရင်သားဘာသာစကားသင် ဆရာ၊ ဆရာမများအတွက် အရည်အသွေးမြှင့် အထောက်အကူပြု ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၄)နာရီအချိန်က မကွေးပညာရေးဒီဂရီကောလိပ် ပညာ့ဗိမာန်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မြင့်လှိုင်၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သင်ကြားရေး ဆရာ/ဆရာမများနှင့် တိုင်းရင်းသားဘာသာ စကားသင် ဆရာ/ဆရာမများတက်ရောက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဖွင့်ပွဲအခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က
အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတစ်ဝန်းလုံးရှိ အခြေခံပညာကျောင်းများတွင် တိုင်းရင်းသားဘာသာစကားသင်
ဆရာ/ ဆရာမ များအား အရည်အသွေးမြှင့် ဆွေးနွေးပွဲလုပ်ငန်းများအား ကျင်းပလျက်ရှိပြီး မိမိတို့
တိုင်းဒေသကြီး အတွင်းရှိ မကွေးပညာရေးဒီဂရီကောလိပ်နှင့် ပခုက္ကူပညာရေးဒီဂရီကောလိပ်တို့တွင်
ကျင်းပလျက်ရှိ ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးအတွင်း၌ ဗမာလူမျိုးအများစု နေထိုင်ကြပြီး
ချင်းလူမျိုး၊ ရခိုင်လူမျိုး နှင့်ကရင်လူမျိုးအနည်းငယ်တို့ အတူယှဉ်တွဲနေထိုင်လျက်ရှိရာ
တိုင်းရင်းသားအနေဖြင့် အရှိုချင်း နှင့်ဥ(ပ်)ချင်းတို့သည် ချင်းစာပေသင်ကြားလျက်ရှိပါကြောင်း၊ ယခုအခါ နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းရင်း သားဘာသာပြင်ပ
ဆရာ/ဆရာမများအား ခန့်ထားပြီး တိုင်းရင်းသား ဘာသာစာပေတိုး တက်ရန်နှင့် ရေရှည်တည်တံ့စေရန်
ဆောင်ရွက်နေသလို ပညာရေးဝန်ကြီးဌာနအနေဖြင့်လည်း တိုင်းရင်းသားဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှုနှင့်ဓလေ့ထုံးစံများကို
ထိန်းသိမ်းမြှင့်တင်ရန် ဒေသခံ တိုင်းရင်းသားဆရာနှင့်ဘာသာစကား သင်ဆရာ (၃၁၇၄၂)ဦးအား ခန့်အပ်
တာဝန် ပေးအပ်ပြီး တိုင်းရင်းသားဘာသာစကား(၆၃)မျိုးအား သင်ကြားပေးလျက်ရှိပါကြောင်းနှင့်
တိုင်းရင်းသားဘာသာ စကားသင် ဆရာ/ဆရာမများအနေဖြင့် မိမိတို့သင်ကြားပေးရမည့် မျိုးဆက်သစ်
လူငယ်များအား မိမိပတ်ဝန်းကျင်တွင် အကောင်းမြင်သဘောထားများဖြင့် အများနှင့်အတူတကွ နေထိုင်ကြသည့်အခါ
ကိုယ်ကျင့်တရားကောင်းမွန်ပြီး နိုင်ငံကြီးသားပီသလာစေရန်၊ မိမိတို့ရိုးရာ ယဉ်ကျေးမှုများအား
တန်ဖိုးထားထိန်းသိမ်းစေရန်၊ ကျန်းမာစွာ နေထိုင်တတ်သော အလေ့အကျင့်ကောင်းများနှင့် ကျန်းမာသန်စွမ်းသော
လူတော်လူကောင်းများဖြစ်လာအောင် သင်ကြားပေးကြရန် တိုက်တွန်း ပြောကြားသည်။
ဆက်လက်၍ မကွေးပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မြင့်လှိုင်က
သင်တန်း တွင် သင်ကြားပို့ချမည့် သင်ခန်းစာများနှင့် သင်တန်းဖွင့်လှစ်ခြင်းဖြင့် ရရှိလာမည့်
အကျိုးကျေးဇူးများ အား ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
ထို့နောက် ငဖဲမြို့နယ် ရိုးရာယဉ်ကျေးမှု အမျိုးသားအဖွဲ့နှင့်
အမျိုးသမီးအဖွဲ့တို့က ချင်းဗုံအက နှင့်လင်ကွင်းအကတို့ဖြင့်လည်းကောင်း၊ သင်တန်းသား/သူများက
စနေအရှိုး(ထာဝရတည်တံ့နေသော ချင်း)၊ ဆာယာဒိနန်း(သာယာသောရွာလေး)တေးသီးချင်းနှင့် လှီးစုံအရှိုး(ချင်းမျိုးဆက်)
တေးသီးချင်း များဖြင့် ကပြဖျော်ဖြေတက်ဆက်ခဲ့ကြကြောင်း သိရသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က တေးသီးချင်းများဖြင့်
ကပြဖျော်ဖြေတင်ဆက်သော သင် တန်းသား/သူများအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ပြီး
သင်တန်းသား/သူများနှင့်အတူ စုပေါင်းအမှတ်တရဓာတ်ပုံ ရိုက်ကူးခဲ့ကြောင်း သိရသည်။
အဆိုပါ တိုင်းရင်သားဘာသာစကားသင် ဆရာ၊ ဆရာမများအတွက် အရည်အသွေးမြှင့်
အထောက် အကူပြု ဆွေးနွေးပွဲကို (၃.၁၁.၂၀၂၂)ရက်နေ့မှ (၂၅.၁၁.၂၀၂၂)ရက်နေ့အထိ ကျင်းပသွား
မည်ဖြစ်ပြီး တိုင်းရင်းသားဘာသာစကားသင် ဆရာ/ဆရာမ(၁၂၉)ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။
ကိုစည်သူ(မကွေး)




No comments:
Post a Comment