ဒေါက်တာမောင်ကျော် ပါမောက္ခချုပ် (ငြိမ်း)
(ယမန်နေ့မှ အဆက်)
အစိုးရနဲ့ ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်တဲ့ ပညာရေးအဆင့်မြင့်ဖို့နိုင်ငံက ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ အားထားရပါမယ်။ လူ့စွမ်းအားအရင်းအမြစ် မွေးထုတ်ခြင်းရဲ့ အမြင့်ဆုံးအမှတ်ကိုရောက်ဖို့ဆိုရင် နိုင်ငံသားတိုင်းကိုအဖိုးတန်တဲ့ အရင်းအနှီးအဖြစ် မှတ်ယူပြီး ပညာရေးက လုပ်ပေးနိုင်မှုအပေါ်မှာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ပိုမိုရှိလာနိုင်ပါတယ်။ ဘဝသစ်ဖန်တီးနိုင်ဖို့ လူ့အဖွဲ့အစည်း အတွင်းမှာ မရှိသေးတဲ့ နည်းပညာတွေနဲ့ ကျွမ်းကျင်မှုအဖုံဖုံကိုတက္ကသိုလ်တွေကဆောင်ကြဉ်းပေးရ ပါလိမ့်မယ်။ ဒါကြောင့် တက္ကသိုလ်များရဲ့ အခန်းကဏ္ဍဟာ အမှန်တကယ်ပဲ ကျယ်ဝန်းနက်ရှိုင်း လာပါတယ်။
ပညာရေးဟာဖွံ့ဖြိုးတိုးတက်မှုအတွက် အရင်းအမြစ်
လူ့သမိုင်းစဉ်
တစ်လျှောက်လုံးမှာ ပညာရေးဟာ ဖွံ့ဖြိုးတိုးတက်မှုအတွက် အရင်းအမြစ်ဖြစ်ခဲ့ပါ တယ်။ ရာစုနှစ်
၂ ခု၊ နှစ်ပေါင်း ၂၀၀ ကျော်ကြာ၊ အမေရိကန်နိုင်ငံ၊ ဆိုဗီယက်ပြည်ထောင်စု၊ ဥရောပ ဂျာမနီနဲ့
ဂျပန်နိုင်ငံတို့ရဲ့ကောလိပ်နဲ့တက္ကသိုလ် တွေဟာတိုးတက်မှုအတွက် ကြိုးစားခဲ့ပါတယ်။ အမေရိကန်
အဆင့်မြင့်ပညာရေးကို တစေ့တစောင်း လေ့လာကြည့်ရင် အမေရိကန်တို့ဟာ ၁၆၃၆ ခုနှစ်မှာ ဟားဗတ်တက္ကသိုလ်၊
၁၈၃၉ ခုနှစ်မှာ ဘော့စတွန် တက္ကသိုလ်၊ ၁၈၉၁ ခုနှစ်မှာ စတင်းဖို့ဒ် တက္ကသိုလ် တို့ကို
ပုဂ္ဂလိကသုတေသနတက္ကသိုလ်များအဖြစ် ရှေးနှစ်ပေါင်းများစွာကတည်းကတည်ထောင်ခဲ့ ပါတယ်။ ဟားဗတ်တက္ကသိုလ်နှင့်
ယှဉ်ကြည့်ရင်ရန်ကုန် တက္ကသိုလ်၊မန္တလေးတက္ကသိုလ်တို့ဟာ နှစ်ပေါင်း ၃၀၀နီးပါး တာထွက်နောက်ကျခဲ့ပါတယ်။
သိပ္ပံနဲ့နည်းပညာဟာ
ဒီနေ့လူ့အဖွဲ့အစည်းအတွက် အင်အားကြီးမားစွာ ဖန်တီးပေးနေပါတယ်။ သိပ္ပံနဲ့ နည်းပညာနယ်ပယ်ထဲက
သုတေသနတွေကြောင့်၊ လေ့လာမှုရလဒ်တွေကြောင့် ထွန်းကားလာမှုဟာ သဘာဝတရားရဲ့နိယာမတွေကို
ပိုနားလည်လာပြီး လူသားကောင်းကျိုးအတွက် အသုံးချနိုင်မှုတွေ ရရှိတာဖြစ်ပါတယ်။
၁၈၄ဝ ပြည့်နှစ်ရောက်တော့
စက်မှုထွန်းကားဖို့ ကိစ္စမှာ သိပ္ပံပညာအခြေခံတွေဟာ အကြောင်းတရား ပဲ ဖြစ်ခဲ့ပါတယ်။ တရိပ်ရိပ်စက်မှုထွန်းကားလာတဲ့
ဥရောပနဲ့ အမေရိကန်နိုင်ငံဟာ စက်ရုံအလုပ်ရုံ များမှာ ကုန်ပစ္စည်းမျိုးစုံကိုထုတ်လုပ်ပြီး
ကမ္ဘာ့စျေးကွက်ကို ထိုးဖောက်ခဲ့ပါတယ်။ စျေးကလည်း သက်သာ၊ ပစ္စည်းတွေကလည်းသေသပ်လှပပြီး
လူကြိုက်များခဲ့ပါတယ်။ စက်မှုနည်းပညာ ထွန်းကားခြင်းရဲ့ ရလဒ်ပဲ။ သိပ္ပံနဲ့နည်းပညာထွန်းကားတဲ့
နိုင်ငံတွေဟာ ပိုပြီးချမ်းသာသွားကြပါတယ်။ အမေရိကန် တစ်ဦးဟာ ပျမ်းမျှတစ်ပတ် ၅၂ နာရီ
အလုပ် လုပ်ကြရပါတယ်။ နည်းပညာတိုးတက် လာတာကြောင့် ယနေ့အမေရိကန်တို့ဟာ ၃၇ ဒသမ ၉ နာရီသာ
အလုပ်လုပ်ကြရပါတော့တယ်။ အမေရိကန်တို့ဟာ ၁၈၉ဝ ပြည့်နှစ်မှာစက်မှု လယ်ယာကို တည်ထောင်နိုင်ခဲ့ပြီဖြစ်ပါတယ်။
မြန်မာတို့ဆင်းရဲတွင်းက
ရုန်းထွက်နိုင်ဖို့ဆိုရင် စိုက်ပျိုးရေးကိုကြည့်၊ ရေဘယ်လောက်လောင်း သင့် သလဲ၊ ဓာတ်မြေသြဇာ
ဘယ်လောက်ထည့်ရမလဲ ဆိုတာ သိနိုင်တဲ့ ပညာလိုပါလိမ့်မယ်။ ပိုးသတ်ဆေး မလွန်မကျွံအောင်ထည့်တတ်ရပါလိမ့်မယ်။
သမားရိုးကျနည်းနဲ့ဆိုရင် ဘယ်ကိစ္စမှ မည်မည်ရရ ဖြစ်ထွန်းနိုင်မှာ မဟုတ်ပါဘူး။
လုပ်ရိုးလုပ်စဉ်အတိုင်း၊
မိရိုးဖလာအတိုင်း၊ လုပ်လို့မရတဲ့ခေတ်ထဲမှာ ရောက်နေလို့ပဲ။ ဒီနေ့ခေတ်မှာ မြေနဲ့ ရေမှာအချဉ်ဓာတ်ကိုတိုင်းတဲ့
pH (ပီအိတ်) မီတာကလည်းဝယ်နိုင်လာတော့၊ လယ်သမားဟာ ပီအိတ်မီတာကို ခါးကြားထိုး၊ ပီအိတ်တိုင်း၊
သူ့ရဲ့မြေဟာ ပီအိတ် ၅ ဖြစ်ရင် အားလူး စိုက်ရမှန်းသိတယ်။ ပီအိတ် ၆ ဆိုရင် မြေပဲနဲ့ ဂေါ်ဖီ
စိုက်ရမှန်း သိလာတဲ့ အဆင့်ရောက်လာပါတယ်။ ပညာလုပ်သား အင်အား (Knowledge base၊
skilled base work force) ကျွမ်းကျင်မှုတစ်ခုဟာ လူတိုင်း၊ မိသားစုဝင်တိုင်း လိုအပ်နေပြီဆိုတာ
အလွန်ထင်ရှားပါတယ်။
ယခင်ကလို မိဘတစ်ဦးကအလုပ်လုပ်ရုံနဲ့
မိသားစုဘဝထိန်းနိုင်ဖို့ဆိုတာ မဖြစ်နိုင်တော့တဲ့ ခေတ် ဖြစ်ပါ တယ်။ ဒါကြောင့် အစဉ်လေ့လာသင်ယူမှု
(Lifelong learning) ကို ချဉ်းကပ်နေရပါတယ်။ ဒီလယ်ယာလုပ်သားအင်အားစုကိုအရည်အချင်း ရှိအောင်၊
အရည်အသွေးတောက်ပြောင်လာအောင် ပညာရေးက မတ်နေအောင် လမ်းကြောင်းတစ်ခုနဲ့ ထောင်ပေးရပါမယ်။
ပြည်သူတို့ရဲ့လိုအင်ကို ဖြည့် ဆည်းနိုင်ဖို့ တက္ကသိုလ်များက ပို၍အားထုတ်ကြရ လိမ့်မယ်လို့
အဓိပ္ပာယ်ပေါ်ပါတယ်။ မြန်မာ့ လယ်သမားအင်အားစုကိုခေတ်မီအင်အားစုဖြစ်ဖို့ စိုက်ပျိုးရေးတက္ကသိုလ်များ
တိုးချဲ့ဖွင့်လှစ်ပြီး တိုးတက်နေအောင်ဆောင်ရွက်ပေးခြင်းအားဖြင့် ထိုင်းနဲ့ဗီယက်နမ်နိုင်ငံတို့ရဲ့ဆန်တင်ပို့မှုကို ပြန်လည် ယှဉ်ပြိုင်နိုင်ပါလိမ့်မယ်။ ပညာရေးအနေနဲ့ကတော့
ဒီကနေ့ လူ့အဖွဲ့အစည်းအတွက် အမှန်တကယ် လိုအပ်တဲ့ လူသားတွေကို မွေးထုတ်ပေးဖို့ မျှော်မှန်းလုပ်ဆောင်လျက်ရှိပါတယ်။
မြန်မာ့လယ်သမားအင်အားကို
ခေတ်မီအင်အားစုဖြစ်ဖို့ ဧရာဝတီ၊ ပဲခူး၊ စစ်ကိုင်းတိုင်းဒေသကြီးတွေရှိ လက်ရှိဖွင့်လှစ်ထားတဲ့
တက္ကသိုလ်တွေမှာ ဆန်စပါး စိုက်ပျိုး၊ ငါးမွေးမြူရေးမဟာဌာနကြီးအဖြစ် ပြောင်းလဲသင့်က
ပြောင်းလဲရမှာ ဖြစ်ပါတယ်။ ရေမြေသဘာဝရဲ့ တောင်းဆိုမှုကို အဲဒီတက္ကသိုလ်တွေက ဖြည့်ဆည်းပေးခြင်းဟာ
ကိုယ့်ဒေသလိုအပ်တဲ့လူ့စွမ်းအားအရင်းအမြစ်ဘွဲ့ရတွေ အိုးမခွာ အိမ်မခွာ ရဘဲ ကိုယ့်တက္ကသိုလ်
ကိုယ့်ဒေသကို ချစ်မြတ်နိုးသူတွေ ခေတ်မီလယ်သမား သူဌေးကြီးတွေ ပေါ်ထွန်း လာမှာဖြစ်ပါတယ်။
အမေရိကန်အဆင့်မြင့်ပညာရေးကို
လေ့လာကြည့်ရင် ၁၉၆၀-၇၀ ပြည့်နှစ်များမှာ သူတို့ရဲ့ ရေမြေ တောတောင် ဘူမိပထဝီသွင်ပြင်၊
သဘာဝအခြေ အနေနဲ့ ပိုပြီးကိုက်ညီစေဖို့ ဥရောပ ပညာရေးစနစ် ဟောင်းမှ ခွဲထွက်ခဲ့ပါတယ်။
အမေရိကန် အလယ် ပိုင်း၊ အနောက်ပိုင်း တကသိုလ်ကြီးများဟာ တစ်ခု နဲ့တစ်ခုအားသန်မှုတွေမတူညီဘဲအမေရိကန်
ပြည်ထောင်စုဟာ တိုးတက်လာတယ်လို့ သုံးသပ် ရမှာဖြစ်ပါတယ်။ စိုက်ပျိုးရေးခေတ်၊ စက်မှုခေတ်၊
အဏုမြူခေတ်၊ အိုင်တီခေတ်၊ နောင်တွင် ဂျီနုံးခေတ် အသီးသီးကလိုအပ်တဲ့ကျွမ်းကျင်မှုလူ့စွမ်းအား
အရင်းအမြစ်တွေရဖို့ တက္ကသိုလ်ကြီးများရဲ့သင်ကြားမှုနဲ့ သုတေသနတွေကို ပုံဖော်ခဲ့ကြောင်း၊
အမေရိကန် တို့ဟာ၁၉၆၀ပြည့်နှစ်နောက်ပိုင်းမှာ သူတို့ရဲ့ တက္ကသိုလ်ပေါင်း ၂၀၀၀ ကျော်ထိဖွင့်လှစ်ပြီး
ကျောင်းသား ၃ ဒသမ ၆ သန်းကို သိပ္ပံနဲ့နည်းပညာ နယ်ပယ်မှာ ဇောက်ချသင်ပေးခဲ့ပါတယ်။
၁၉၆၅ ခုနှစ်မှာ
အမေရိကန်တို့ဟာ “အားလုံး အတွက်ပညာရေး၊အားလုံးအတွက် သိပ္ပံ” “Edu-cation for all,
Science for all” ဆိုပြီး တစ်နိုင်ငံလုံး ကိုအင်တိုက်အားတိုက် မောင်းနှင်ခဲ့ပါတယ်။
လူအများစုအတွက် လက်ငင်းအကျိုးပြုမယ့် စက်မှုနဲ့ စိုက်ပျိုးရေးအားသန်တဲ့ တက္ကသိုလ်ကောလိပ်တွေ
လည်း အလျင်အမြန် ပေါ်ပေါက်ခဲ့တာကို တွေ့ရပါတယ်၊၊ နိုင်ငံရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ဖို့
အားထုတ်ခဲ့ပါတယ်။ ဒါကြောင့်အမေရိကန် ပြည်ထောင်စုရဲ့ အရှေ့ပိုင်းပင်လယ်ကမ်းခြေမှာရှိတဲ့
တကသိုလ်ကြီးတွေ၊ ကမ္ဘာအရပ်ရပ်က တက္ကသိုလ် တွေဟာတစ်ထီးတစ်နန်းမဟုတ်ပြည်သူလူထု လိုအပ်ချက်၊ နိုင်ငံရဲ့
လိုအပ်ချက်တွေကို ဖြည့်ဆည်းအားထားရာ အရင်းအမြစ်ဖြစ်တာ တွေ့ရပါတယ်။ ၁၉၇၀-၇၁ ခုနှစ်များမှာ
အမေရိကန်တက္ကသိုလ်များက အသက်မွေးဝမ်းကျောင်း အပါအဝင် ပထမဘွဲ့ရရှစ်သိန်းနီးပါး၊ မဟာဘွဲ့နှစ်သိန်းကျော်နဲ့၊
ပါရဂူဘွဲ့ ၂၉၀၀၀ ကိုမွေးထုတ်ခဲ့ပါတယ်။ ယနေ့ အချိန်အခါမှာ အမေရိကန်နိုင်ငံကတက္ကသိုလ်ကောလိပ်ပေါင်း
၃၅၀၀ ကျော်ရှိပါတယ်။ သိပ္ပံနဲ့နည်းပညာ ဟာ ပိုအခရာကျကြောင်း၊ပြည်တွင်းငြိမ်းချမ်းမှုရှိတော့
လူအားငွေအားတွေ ပုံအောပြီး သုံးနိုင်ခဲ့ကြောင်း တွေ့ရပါတယ်။
မြန်မာနိုင်ငံရဲ့အနာဂတ်ပညာရေး
“အားလုံးအတွက်ပညာရေး”
လို့ မြန်မာတို့ ပြောနေတဲ့အချိန်မှာ အဆင့်မြင့်ပြီးသား နိုင်ငံတွေမှာ “အားလုံးအတွက်အကောင်းဆုံး”
(Excellence for all)လို့ ပြောင်းလဲခေါ်တဲ့အထိ သူတို့ရဲ့ ပညာအရည် အသွေးမြှင့်ဖို့ အားထုတ်တာကိုတွေ့ရပါတယ်။
ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ အားလုံးအတွက်ပညာရေးနဲ့ လုံလောက်နိုင်ခြင်း မရှိတော့လို့ပြောင်းလဲရတဲ့အထိ
ပညာရေးကို ချဉ်းကပ်တာ တွေ့ရပါတယ်။ ဒီအထိ ဘာကြောင့် လုပ်ရသလဲဆိုရင် ဒီခေတ်ရဲ့ ယှဉ်ပြိုင်မှု
တစ်ခုလုံးကို ပါဝင်ခွင့်၊ ကြီးစိုးနိုင်ခွင့်ရှိဖို့ မျှော်လင့် ချက်ဟာ ပညာရေးမှာပဲ
ရှိတယ်ဆိုတာ သူတို့သိလို့ပဲ ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့
အနာဂတ်ပညာရေးဟာ ဝေဖန်သုံးသပ်နိုင်ခြင်း၊ တီထွင်ကြံဆနိုင်ခြင်း လေ့လာစရာ နယ်ပယ်သစ်တွေကို
ဖြစ်နိုင်စွမ်းရှိအောင် မျှော်မှန်းပြီးဆောင်ရွက်ကြရမယ့် ခရီးရှည်ဖြစ်ပါတယ်။ အနာဂတ်မှာသင်ယူလေ့လာမှု
အဖွဲ့အစည်းဟာ ကြီးမားကျယ်ပြန့်တာက တစ်ကြောင်း၊ ဒေသမရွေး သင်ယူမှု အခွင့်အလမ်းပေးနိုင်မယ့်
ပညာရေးစနစ် ကိုတည်ထောင်လျက်ရှိတာမို့တက္ကသိုလ်များရဲ့ အခန်းကဏ္ဍဟာလူ့ဘောင်က လိုအပ်တဲ့
ပညာရပ် တွေကိုပေးနိုင်မယ့် အနေအထားဖြစ်အောင် အစဉ် တစိုက်ကြိုးပမ်းနေရလို့ပဲဖြစ်ပါတယ်။
ဒီလမ်းခရီးမှာ အနှောင့်အယှက် အခက်အခဲနဲ့ ကြုံရမယ်ဆိုရင် ခရီးဟာ ပိုကြာနိုင်ပါတယ်။
ပညာရေးဆိုတာ နှစ်ရှည်အကောင်အထည်ဖော်ရမယ့်
လုပ်ငန်းကြီးဖြစ်လို့ ယနေ့တိုင်အမျိုးသား ပညာရေး မဟာဗျူဟာကျစီမံကိန်းတွေနဲ့ အကောင်
အထည်ဖော်တာ ဖြစ်ပါတယ်။ ၂၁ ရာစုနှစ် ဂလိုဘယ် လိုက်ဇေးရှင်းဟာ၁၉ရာစုနှစ်ကိုလိုနီစနစ်နဲ့ခြားနားပါတယ်။
လူငယ်၊ လူကြီးများကိုပင် မျက်နှာသာမပေး၊ လှိုင်းဂယက်ပမာ ရိုက်ခတ်နေပါတယ်။ မည်သို့သော အခြေအနေပင်ဖြစ်စေ
နိုင်ငံ့ ခေါင်းဆောင် တွေဟာပညာရေးကို ရှေ့တန်းတင်ဦးစားပေး ဆောင်ရွက်နေတာကို တွေ့ရပါတယ်။
ယနေ့ နိုင်ငံတော်ဝန်ကြီးချုပ်
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင် ပညာရေးမြှင့်တင်မှုကို အကောင်အထည်ဖော်ရာမှာ
မားမားမတ်မတ် ရပ်တည်ပေးနေတာဟာ မြန်မာ့လူ့ဘောင်အဖွဲ့အစည်း ကြီးကို သင်ယူနေတဲ့ လူ့အဖွဲ့အစည်းဖြစ်ဖို့ကျွမ်းကျင်မှုမြှင့်တင်ခြင်း၊ပညာရည်မြင့်မားတဲ့
လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ဖို့ နိုင်ငံတော်ရဲ့ ရေရှည်အကျိုးစီးပွားအတွက်
ဘက်ပေါင်းစုံက အားထုတ် နေကြပါတယ်။ပညာရေး ကိစ္စဟာ ပညာရေးဝန်ထမ်းတွေနဲ့ချည်း မရနိုင်ဘဲ
ပြည်သူလူထုကြီး တစ်ရပ်လုံးရဲ့အရေးကိစ္စဖြစ်ပါတယ်။ ပညာရေးနဲ့ လူ့အဖွဲ့အစည်းဟာ အခက်အခဲကြားက
လက်ချင်းချိတ်ပြီး အကောင်အထည်ဖော်ရမှာဖြစ်ပါတယ်။ နိုင်ငံတော်ဟာ မည်သည့်အခြေအနေ အချိန်
အခါမဆို အမျိုးသားရေးမို့ မည်သူ့ကိုမျှ ချန်ထားခြင်းမရှိ၊ ဘေးဖယ်ထားခြင်း မရှိ။No
one is left behind ဆိုသလိုပါပဲ။
ယနေ့အချိန်အခါမှာ
တက္ကသိုလ်တွေဟာ ကိုယ်ပိုင်စီမံခန့်ခွဲခွင့် ရရှိလာပြီး မိမိဒေသရဲ့ လူ့အဖွဲ့ အစည်းကြီးကိုကြီးမားကျယ်ပြန့်တဲ့ဝန်ဆောင်မှုတွေ
ပေးနိုင်စွမ်း ပိုမိုရှိလာပါလိမ့်မယ်။ တက္ကသိုလ်နဲ့ လူ့အဖွဲ့အစည်းဟာ ဗဟိုချက်မနေရာကို တစ်လှည့်စီ ရောက်ရှိပါလိမ့်မယ်။ မြန်မာတက္ကသိုလ်တွေဟာ
သင်ကြားမှုသက်သက်မဟုတ်၊ကမ္ဘာအရပ်ရပ်က တွေ့ရှိချက်တွေကို သင်ရုံသက်သက်မဟုတ်၊ တက္ကသိုလ်တွေဟာ
မိမိနယ်ပယ်တစ်ခုအတွင်းမှာ ထူးချွန်တဲ့သူ အဆင့်မြင့် ဒီဂရီဘွဲ့ရသူတွေ မွေးထုတ် ပေးရုံသက်သက်မဟုတ်တော့ဘဲတက္ကသိုလ်
ပရဝဏ်အပြင်ဘက် စီးပွားရေးဖွံ့ဖြိုးဖို့ လူမှုဘဝ သာယာဝ ပြောဖို့၊နည်းပညာမြင့်မားရေးနဲ့ ဝန်ဆောင်မှုကို မြှင့်တင်ပေးဖို့ ပညာရေးဟာ
အလွန်အရေးပါတဲ့ ကဏ္ဍ ဖြစ်လာပါတယ်။
(ဆက်လက်ဖော်ပြပါမည်)
No comments:
Post a Comment