ညောင်ဦးဖီး၊ ဓာတ်ပုံ - ဥသာ
(ယမန်နေ့မှအဆက်)
အရိုးရောဂါဘာသာရပ်သည် မြန်မာ့တပ်မတော် ဆေးပညာနယ်ပယ်တွင် အရေးပါသော အခန်းကဏ္ဍတွင်ပါဝင်သောကြောင့် အရိုးရောဂါဆိုင်ရာဆေးတပ်ဖွဲ့အနေဖြင့် ကြိုးပမ်းဆောင်ရွက်မှု၏ အသီးအပွင့်ကိုရရှိခဲ့ခြင်းပင်ဖြစ်သည်။ အဆိုပါတပ်မတော်ဆေးပညာ နှီးနှောဖလှယ်ပွဲမတိုင်မီ အကြိုအလုပ်ရုံဆွေးနွေးပွဲကို မေ ၅ ရက်နှင့် ၆ ရက်နေ့တို့တွင် တပ်မတော်အရိုးရောဂါအထူးကုဆေးရုံ (ခုတင်-၅၀၀)တွင်အထူးစည်ကား သိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့သည်။ ထိုအလုပ်ရုံ ဆွေးနွေးပွဲတွင် “AO Principle of Fracture Fixation Basic Course” ခေါင်းစဉ်ဖြင့် အတိုင်ပင်ခံ အရိုးခွဲစိတ်ပါရဂူ ဒုတိယဗိုလ်မှူးကြီး ဟိန်းလတ်ဝင်း စုစည်းဦးဆောင်မှုဖြင့် ပြည်တွင်း၊ ပြည်ပမှ အရိုးရောဂါဆိုင်ရာပါမောက္ခချုပ်၊ပါမောက္ခ/ ဌာနမှူးများ၊ ပါရဂူများ၊ ပါမောက္ခပါရဂူကြီးများ၊ စင်ကာပူနှင့် မလေးရှားနိုင်ငံတို့မှ ပါမောက္ခ ဆရာဝန်ကြီးများ၊ တပ်မတော်ဆေးတက္ကသိုလ် အရိုးရောဂါပညာ ဘွဲ့လွန်ကျောင်းသားများ၊ ဆေးလက်တွေ့ပါရဂူကျောင်းသားများ၊ ကျန်းမာရေးဝန်ကြီးဌာနမှပါမောက္ခကြီးများ၊ နိုင်ငံတကာမှ ဘာသာရပ်ဆိုင်ရာ အရိုးရောဂါဆိုင်ရာပညာရှင်ကြီးများနှင့်တွေ့ဆုံ ဆွေးနွေးခဲ့မှုသည် မြန်မာ့တပ်မတော်၏ အရိုးရောဂါဆိုင်ရာဆေးပညာရပ်တွင် မှတ်တိုင်တစ်ခုအဖြစ် ကျန်ရစ်စေခဲ့ပြီဖြစ်သည်။
စုစည်း
ချိတ်ဆက်ဆောင်ရွက်
အဆိုပါ (၂၉) ကြိမ်မြောက် တပ်မတော်ဆေးပညာ
နှီးနှောဖလှယ်ပွဲကြီးအတွက်အကြိုအလုပ်ရုံ ဆွေးနွေးပွဲကျင်းပနိုင်ရန် တပ်မတော်ဆေးတပ်ဖွဲ့
အသီးသီးမှ အရိုးပါရဂူများအားလုံးကိုစုစည်း ချိတ်ဆက်ဆောင်ရွက်ရသည့်နည်းတူ နိုင်ငံတကာမှ
အရိုးရောဂါပါရဂူများနှင့်ဆက်သွယ်၍ Continuous Medical Education တစ်ရပ်အနေဖြင့် ခေတ်မီဆေးပညာရပ်များနှင့်
နည်းစနစ်များကိုလက်တွေ့ လုပ်ဆောင်နိုင်ရန် ဆွေးနွေးသင်ကြားပေးနိုင်ခဲ့သော ဆေးပညာ နှီးနှောပွဲ
အကြိုအလုပ်ရုံဆွေးနွေးပွဲကြီးတစ်ခုလည်းဖြစ်ခဲ့သည်။
အရိုးရောဂါဆိုင်ရာ ကုသမှုအဆင့်အတန်းကို
စဉ်ဆက်မပြတ်မြင့်မားစေရန် ရည်ရွယ်ချက်ဖြင့် နိုင်ငံတကာတွင်ရှိသော အရိုးရောဂါဆိုင်ရာ
ပညာရှင်များစုစည်း၍ ၁၉၅၈ ခုနှစ်တွင် ဆွစ်ဇာလန်နိုင်ငံ၌ AO ဟူသောအသင်းကြီးကို တည်ထောင်ခဲ့ခြင်း
ဖြစ်သည်။ AO အသင်းကြီး၏ ပင်မတာဝန်မှာ ကမ္ဘာတစ်ဝန်းရှိအရိုးရောဂါကုသမှုဆိုင်ရာ လေ့လာရေးနှင့်
မူဝါဒကိုချမှတ်သော အသင်းကြီးဖြစ်သည်။ AO အသင်းကြီး၏ ပင်မလုပ်ငန်းတာဝန်သည် ကမ္ဘာတစ်ဝန်းရှိ
အရိုးရောဂါဆိုင်ရာ ကုသမှုအချက်အလက်များအား စဉ်ဆက်မပြတ် သုတေသနပြုဆောင်ရွက် ပြီးကုသမှု
လမ်းညွှန်မူဝါဒများရေးဆွဲပေးခြင်းနှင့် ကမ္ဘာ့နေရာအသီးသီးတို့တွင် AO Course သင်တန်းများ
ပို့ချပေးခြင်းဖြစ်သည်။ ယခုလဒုတိယပတ်တွင် ကျင်းပမည့် AO Principle of Fracture
Fixation Basic Course သည် အရိုးကျိုးခြင်းများကို စနစ်တကျ နည်းမှန်လမ်းမှန်ဖြင့် နည်းပညာမြင့်နည်းစနစ်များအပေါ်အခြေခံ၍
မှန်ကန်စွာခွဲစိတ်ကုသပြီး မူလအတိုင်း အရိုးပြန်ဆက်စေရန်ဆောင်ရွက်ခြင်းဖြစ်သည်။ အရိုးကျိုးလူနာများသည်
လူမှုအဖွဲ့အစည်းတွင် ပုံမှန်သွားလာလှုပ်ရှားနိုင်သောလူမှု သုခနှင့်လူမှုဘဝအရည်အသွေး(Quality
of Life)ကို ပြန်လည်ရရှိစေမည်ဖြစ်သည်။ AO Course သင်တန်းများကိုဖွံ့ဖြိုးပြီးနိုင်ငံများတွင်ကျင်းပ
ပြုလုပ်ကြပြီး ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့် ခေတ်မီနည်းပညာပိုင်းဆိုင်ရာနှင့် လက်တွေ့သင်ကြားမှုအတွက် သင်ထောက်ကူပစ္စည်းများဆိုင်ရာ တန်ဖိုးကြီးမားပြီး ကန့်သတ်ချက်များရှိသောကြောင့်
လက်လှမ်းမီကျင်းပရန်ခက်ခဲသည့်အတွက် ယခုကဲ့သို့ မြန်မာနိုင်ငံတွင် တပ်မတော် ဆေးတပ်ဖွဲ့မှဦးစီးကျင်းပနိုင်ခြင်းသည်
တပ်မတော်၏ပုံရိပ်ကို အရှေ့ရပ်မှ နေဝန်းကြီးပေါ်ထွန်း စေသည့်ပမာ လင်းလက်စေလျက်ရှိပြီး
နိုင်ငံ၏ဂုဏ်ကိုမြှင့်တင်စေလျက်ရှိသည်။
အတွေ့အကြုံများသော
ဆေးတပ်ဖွဲ့ဖြစ်
မြန်မာ့တပ်မတော်သည် တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာပြုစုကုသမှု
(Combat Injury Manage- ment) နှင့်ပတ်သက်လျှင် အတွေ့အကြုံများသော ဆေးတပ်ဖွဲ့ဖြစ်သည်။
ထို့ကြောင့် အလုပ်ရုံဆွေးနွေးပွဲတွင် ထည့်သွင်းကျင်းပသည့် အာဆီယံအဆင့်အရိုးဆရာဝန်များနှင့်
ပြုလုပ်သည့် Webinar ဆွေးနွေးပွဲတွင် တိုက်ပွဲတွင်းထိခိုက်ဒဏ်ရာ (Combat Injury)နှင့်
ဆက်စပ်အရိုးကျိုးခြင်းနှင့် ပတ်သက်၍ ဦးဆောင်ကဏ္ဍမှဆွေးနွေးနိုင်ခဲ့ခြင်းသည် မြန်မာ့တပ်မတော်ဆေးတပ်ဖွဲ့၏ဂုဏ်ကို
ဆောင်နိုင်ခဲ့ခြင်းဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါလှိုင်းများ ကာလအတွင်း မြန်မာနိုင်ငံတစ်ဝန်းရှိ
ဆေးအကာအကွယ်ပေးနိုင်မှုအင်္ဂါစဉ်အခြေခံအဆင့် (Low level echelon)မှ ပါရဂူဆေးမှူးငယ်များကို
Telemedicine နည်းပညာသုံး ပလက်ဖောင်းများမှ တစ်ဆင့် လိုအပ်သောဆေးဝါးကုသမှုဆိုင်ရာ အကြံဉာဏ်နှင့်စွမ်းဆောင်ရည်တို့ကို
လက်ဆင့်ကမ်းပေးနိုင်ခဲ့သည်။ တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာပြုစုကုသမှုနှင့်ပတ်သက်သော
သုတေသနလုပ်ငန်းများသည် မည်သည့်နေရာတွင်ဖြစ်စေဆောင်ရွက်နိုင်ပြီး လုပ်ကိုင်ဆောင်ရွက်ရန်
အခက်အခဲရှိလာပါက Telemedicine နည်းပညာနှင့်ချိတ်ဆက်၍ ကူညီဆောင်ရွက်ပေးနိုင်စေ ရန်နှင့်
သုတေသနတွေ့ရှိချက်များကို အလားတူညီလာခံများတွင် ဖတ်ကြားတင်သွင်းနိုင်ရန် နယ်ပယ်ဒေသအသီးသီးမှ
မျိုးဆက်သစ်အရိုးရောဂါပါရဂူများအား လှုံ့ဆော်လမ်းညွှန်ဆောင် ရွက်နိုင်ခဲ့ခြင်းသည် တပ်မတော်အရိုးရောဂါအထူးကုဆေးရုံကြီးအား
နိုင်ငံတကာအဆင့်မီ ဆေးရုံကြီးအဖြစ် ပေါ်ထွန်းလာစေရန် ကြိုးပမ်းဆောင်ရွက်နိုင်မှုပင်ဖြစ်သည်။
တပ်မတော်၏တိုက်စွမ်းအားကိုအထောက်အပံ့ဖြစ်
ယခင်ကပင် အရိုးရောဂါဆိုင်ရာ ခွဲစိတ်ကုသမှုများနှင့်
ရလဒ်များအား သုတေသနပြုလုပ်ခဲ့ကြသည်။ အလုပ်ရုံဆွေးနွေးပွဲနှင့် ဆေးပညာနှီးနှောဖလှယ်ပွဲများပြုလုပ်ခြင်းသည်
သုတေသန လုပ်ငန်းများအား တပ်မတော်ဆေးသုတေသနနှင့် ပြည်တွင်း၊ ပြည်ပ ပေါင်းစပ်ဆောင်ရွက်နိုင်
မှုဖြင့် တပ်မတော်၏တိုက်စွမ်းအား (Combat Power) ကို အထောက်အပံ့ဖြစ်စေမည့် သုတေသနလုပ်ငန်းများကို
နိုင်ငံတကာအဆင့်မီ တိုးမြှင့်ဆောင်ရွက်သွား နိုင်မည်ဖြစ်သည်။ နိုင်ငံတကာအဆင့်မီအရိုးရောဂါဆိုင်ရာ
အလုပ်ရုံဆွေးနွေးပွဲတစ်ခုဆောင်ရွက်ရန် အခက်အခဲများစွာရှိပြီး ပြည်တွင်း၊ ပြည်ပ ပါမောက္ခဆရာဝန်ကြီးများနှင့်
ဆေးဝန်ထမ်းတပ်ဖွဲ့မှ အရိုးပါရဂူများ အားလုံး လွှမ်းခြုံလေ့လာနိုင်ရန် အချိန်ယူဆောင်ရွက်ရခြင်း၊
စာတွေ့၊ လက်တွေ့ သင်ခန်းစာများ လေ့ကျင့်နိုင်ရန် အရိုးတုနှင့် အရိုးခွဲစိတ်မှုသင်ထောက်ကူဆိုင်ရာပစ္စည်းများ
ပြင်ဆင်မှု လုပ်ငန်းတို့တွင် ကုန်ကျစရိတ်ကြီးမြင့်ခြင်း၊ နိုင်ငံတကာတွင် အဆိုပါပွဲများတက်ရောက်နိုင်ရန်
ငွေကြေးကုန်ကျမှုရှိသော်လည်း မြန်မာနိုင်ငံတွင် နိုင်ငံတကာအဆင့် အသိပညာအတွေ့အကြုံများကို
တပ်မတော်ဆေးတပ်ဖွဲ့မှ အောင်မြင်စွာကျင်းပဆောင်ရွက်နိုင်ခဲ့ခြင်းတို့သည် တပ်မတော် အရိုးကုဆရာဝန်များ၏
သမိုင်းမှတ်တိုင်တစ်ခုအဖြစ် ကျန်ရစ်လျက်ရှိသည်။ အထူးသဖြင့် ဆေးပညာနှီးနှောဖလှယ်ပွဲကြီး
(Main Conference)၏ ပုံရိပ်ကို တန်ဖိုးမြင့်မားစေလျက်ရှိရာ မြန်မာ့တပ်မတော်ဆေးပညာ၏
စွမ်းရည်မြင့်မားမှုကို နိုင်ငံတကာ အဆင့်မီကြောင်း ထုတ်ဖော်ပြသနိုင်ခဲ့ပြီဖြစ်သည်။
ထို့ကြောင့် လူ့ခန္ဓာကိုယ်တွင်ဆေးပညာနှင့်
ခွဲစိတ်ကုသမှုတို့အတွက် ကျန်းမာရေးကုသမှုအပိုင်း သည် အရေးပါသောကြောင့် အောင်မြင်စွာကုသနိုင်ရန်
သုတေသနလုပ်ငန်းသည် အထူးလို အပ်ခြင်းဖြစ်သည်။ သုတေသနလုပ်ငန်း၏အသီးအပွင့်သည် ဆေးပညာရပ်ဆိုင်ရာ
နှီးနှောဖလှယ် ပွဲများဖြစ်သောကြောင့် တပ်မတော်ဆေးတပ်ဖွဲ့အနေဖြင့် နှီးနှောဖလှယ်ပွဲများနှင့်
သုတေသနလုပ်ငန်းသည် အပြန်အလှန်အမှီပြုနေမှုကို ဆက်လက်ဖော်ဆောင်ကျင်းပခြင်းဖြင့် နိုင်ငံ၏ဆေးပညာနှင့် တပ်မတော်၏ဆေးပညာရပ်သည် ဒေသတွင်းနိုင်ငံများကြား၌ ဂုဏ်သတင်း ထွန်းလင်းနေမည်ဖြစ်သည်။
တပ်မတော်ဆေးတပ်ဖွဲ့အား စတင်တည်ထောင်ခဲ့ကြသော ဆေးတပ်ဖွဲ့၏ မိခင်၊ ဖခင်ကြီးများသည် မြန်မာနိုင်ငံလွတ်လပ်ရေးကြိုးပမ်းမှုမှစတင်၍
ကိုယ်ကျိုးမဖက်မိမိတို့တတ်သိသောပညာဖြင့် နိုင်ငံလွတ်လပ်ရေးအတွက် တစ်တပ်တစ်အား ပါဝင်ခဲ့ကြသော
တပ်မတော်ဆေးတပ်ဖွဲ့ဖြစ်သည်။ ယနေ့အချိန်တွင် ကမ္ဘာ့နိုင်ငံများနှင့် ရင်ပေါင် တန်းနိုင်စေရန်နှင့်
ဆေးပညာရပ်ဆိုင်ရာ သုတေသနလုပ်ငန်းများ ယခုထက်ပိုမိုဖွံ့ဖြိုးတိုးတက် စေရန်စွမ်းရည် ထက်မြက်သောကုသမှုဆိုင်ရာများကို
ကြိုးပမ်းရှာဖွေနေမည့် တပ်မတော် ဆေးတပ်ဖွဲ့အား ပြည်သူနှင့်တိုင်းရင်းသားညီအစ်ကိုများအနေဖြင့်
အစဉ်လေးစားဂုဏ်ယူ နေမည်ဖြစ်ပြီး မြန်မာ့တပ်မတော်၏ဂုဏ်ကို အစဉ်ထွန်းလင်းတောက်ပစေလျက်ရှိ
နေပါကြောင်း (၂၉)ကြိမ်မြောက် တပ်မတော်ဆေးပညာနှီးနှောဖလှယ်ပွဲအား ဂုဏ်ပြုရေးသား အပ်ပါသည်။
။
No comments:
Post a Comment