Sunday, April 17, 2022

ပြန်ကြားရေးဝန်ကြီးဌာန မိသားစုသင်္ကြန်ပွဲတော် ကျင်းပ

နေပြည်တော် ဧပြီ ၁၆

၁၃၈၃ခုနှစ် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော် အတက်နေ့ဖြစ်သည့် ယနေ့တွင် ပြန်ကြားရေး ဝန်ကြီးဌာန ဝန်ထမ်းမိသားစု သင်္ကြန်ပွဲတော်ကို နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီးရုံး၌ ကျင်းပရာ သင်္ကြန် ပွဲတော်သို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ကိုယ်စား ဒုတိယဝန်ကြီး ဦးရဲတင့် နှင့်ဇနီး၊ အမြဲတမ်း အတွင်းဝန် ဦးမျိုးမြင့်မောင်နှင့်ဇနီး၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အရာထမ်း၊ အမှုထမ်းများနှင့် မိသားစုဝင်များ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကသည်။

ကြည့်ရှုအားပေး

ရှေးဦးစွာ ဒုတိယဝန်ကြီးနှင့် ဇနီးနှင့်အဖွဲ့သည် သင်္ကြန်ပွဲတော်အတွင်း သက်ဆိုင်ရာဌာနများ အလိုက် စတုဒိသာဖြင့် တည်ခင်းဧည့်ခံနေမှုကို လိုက်လံကြည့်ရှု အားပေးပြီး ဝန်ထမ်းများနှင့် အပြန်အလှန်ပျော်ရွှင်စွာ ရေပက်ကစားကြသည်။ 

ထို့နောက် မြန်မာ့အသံ ခေတ်ပေါ် တေးဂီတအဖွဲ့နှင့် တွဲဖက်၍ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ယိမ်းအဖွဲ့များ က အကအလှများ၊ တေးသံရှင်များက သင်္ကြန်သီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ကြရာ ဒုတိယဝန်ကြီးက ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ပြီး ပျော်ရွှင်စွာ ရေပက်ကစားခဲ့ကြသည်။

သတင်းစဉ်

No comments:

Post a Comment