(ယမန်နေ့မှ အဆက်)
နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အောက်တိုဘာလ ၂၉ ရက်က ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ်ရှိ သမိုင်းဝင်တော်လှန်ရေးပန်းခြံ၌ ပန်းခြံအတွင်း အများ ပြည်သူတို့ အပန်းဖြေ အနားယူနိုင်ရေးနှင့် ကိုယ်လက်လှုပ်ရှား အားကစားပြုလုပ်နိုင်ရေး ပြင်ဆင်ထားရှိမှု၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ မြန်မာ့သားကောင်း စစ်မှုထမ်းဟောင်းအိမ်ရာ (လေးထောင့်ကန်)၊ မြန်မာနိုင်ငံမြင်းစီးအဖွဲ့ချုပ်နှင့် အားကစားဇုန်နယ်မြေတို့ကို သွားရောက် ကြည့်ရှုစစ်ဆေးခဲ့သည်။
သမိုင်းဝင်အဆောက်အဦအား
စနစ်တကျပြုပြင်ထိန်းသိမ်း
နိုင်ငံတော်ဝန်ကြီးချုပ်
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အောက်တိုဘာလ ၃၁ ရက်က သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ
ဆဋ္ဌသင်္ဂါယနာ တင် မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး ပြုပြင် မွမ်းမံနေရာသို့ရောက်ရှိပြီး
လိုဏ်ဂူတော်ကြီးသည် ဘာသာရေးအရ အထွတ်အမြတ်ထားသည့်နေရာ တစ်ခုဖြစ်သကဲ့သို့ သမိုင်းဝင်အဆောက်အဦဖြစ်
သဖြင့် ပြုပြင်မွမ်းမံထိန်းသိမ်းခြင်းများကို စနစ် တကျ သုတေသနပြုလုပ် ဆောင်ရွက်ကြရန်
မှာကြားခဲ့သည်။
ထို့နောက်
စာပေ၊ ရုပ်ရှင်၊သဘင်၊ ဂီတအနုပညာ ရှင်များနှင့် တွေ့ဆုံပြီး အနုပညာမှတစ်ဆင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး
လုပ်ဆောင်ကြရန် ဆွေးနွေးပြောကြားသည်။ ဖြစ်ပေါ်ခဲ့သည့် အခြေ အနေများတွင် အချို့မှာစိတ်ခံစားမှုနှင့်
လှုံ့ဆော်မှုများကြောင့် မှားယွင်းမှုများရှိခဲ့သော်လည်း ခွင့်လွှတ် ပေးပြီး အရေးယူထားသူများအား
ပြန်လွှတ်ပေးခဲ့ကြောင်း၊ နိုင်ငံကောင်းစေရန်အတွက် အနုပညာရှင် များက ဝိုင်းဝန်းဆောင်ရွက်ကြစေလိုကြောင်း
နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားပြီး အနုပညာ ရပ်ဝန်းအသီးသီးအတွက်ရန်ပုံငွေကျပ်သိန်း
၄၀၀၀၊ ဆန်အိတ် ၁၀၀ ၊ ဆီပိဿာ ၅၀၀ နှင့် ပဲပိဿာ ၃၀၀ တို့ကို ပေးအပ်ခဲ့သည်။
နိုင်ငံတော်ဝန်ကြီးချုပ်
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တပ်မတော်အကြီးစားစက်ရုံ လုပ်ငန်းဆောင်ရွက်နေမှု
အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဆီသယ်ယာဉ်၊ ရေသယ်ယာဉ်၊ အမှိုက်သိမ်းယာဉ်၊
ဆေးဖျန်းယာဉ် နှင့် မီးသတ်ယာဉ်များသည် တပ်မတော်အတွက် သာမက မိမိတို့နိုင်ငံတွင် လိုအပ်လျက်ရှိသည့်
မြို့ပြစည်ပင်သာယာရေးဆိုင်ရာ လုပ်ငန်းများနှင့် မီးဘေးအန္တရာယ်ကာကွယ်ရေးလုပ်ငန်းများတွင်
အသုံးပြုနိုင်သဖြင့် အရည်အသွေးပြည့်မီပြီး အရေ အတွက်များများ ထုတ်လုပ်နိုင်ရေး၊ မော်တော်ယာဉ်များ
ထုတ်လုပ်ရာတွင် ယခုထက်ပိုမို ကောင်းမွန်ပြီး နိုင်ငံတကာစံနှုန်းများနှင့် ကိုက်ညီစေရေး
ဆက်လက်သုတေသနပြုသွားရန် လိုကြောင်း မှာကြားသည်။
ပြည်သူများထံသို့သတင်းစကားဖြန့်ဝေ
ကမ္ဘာ့ဆရာများနေ့
အထိမ်းအမှတ်အခမ်းအနား ကို အောက်တိုဘာလ ၅ ရက်က ကျင်းပခဲ့ရာ နိုင်ငံတော်ဝန်ကြီးချုပ်က
သဝဏ်လွှာပေးပို့ခဲ့သည်။ သဝဏ်လွှာအတွင်း ဆရာများနေ့သမိုင်းကြောင်း၊ ရည်ရွယ်ချက်နှင့်
ခေတ်မီပြောင်းလဲလာသည့် ယနေ့ ခေတ်တွင် ဆရာများ၏တာဝန်ပိုမိုများပြားလာနေ ကြောင်းတို့ကို
ထည့်သွင်းပြောကြား ခဲ့သည်။ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်း ရေးဖော်ဆောင်မှု
ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘော တူစာချုပ် (NCA) ချုပ်ဆိုခြင်း (၆)နှစ်မြောက်
နှစ်ပတ်လည်နေ့တွင် သဝဏ်လွှာတစ်စောင်ကို အောက်တိုဘာလ ၁၅ ရက်က ပေးပို့ခဲ့သည်။ သဝဏ်လွှာအတွင်း
မိမိတို့အစိုးရသည် ထာဝရ ငြိမ်းချမ်းရေးရရှိရေးအတွက် NCA စာချုပ်ပါအတိုင်း ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပြီး
တွေ့ဆုံ ဆွေးနွေးရေးအတွက် အမြဲတံခါးဖွင့်ထားသည် ကို အတိအလင်းကြေညာပြီးသားဖြစ်ကြောင်း
ထည့်သွင်းပြောကြားခဲ့သည်။ ထို့အတူပြည်ထောင်စု ဖွားတိုင်းရင်းသားများအားလုံးအတွက် နိုင်ငံတော်
ဝန်ကြီးချုပ်က တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA) ချုပ်ဆိုခြင်း
(၆) နှစ်မြောက် နှစ်ပတ်လည်နေ့၌ မိန့်ခွန်းတစ်ရပ် ပြောကြားခဲ့ပြီး လက်ရှိနိုင်ငံရေး၊
စီးပွားရေး၊ လူမှု ရေး၊
ကျန်းမာရေးဖြတ်သန်းမှုအခြေအနေ အရပ်ရပ်တို့အား ထည့်သွင်းပြောကြားခဲ့သည်။
အဆိုပါမိန့်ခွန်းအတွင်း
“သဘာဝသယံဇာတ များ ပေါကြွယ်ဝတဲ့ မိမိတို့နိုင်ငံအနေနဲ့ ငြိမ်းချမ်း ရေး အမြန်ရရှိလေတိုင်းပြည်တည်ငြိမ်အေးချမ်းပြီး
ဖွံ့ဖြိုးတိုးတက်မှုမြန်ဆန်လေ ဖြစ်မှာဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရနဲ့ တပ်မတော်အနေနဲ့
ထာ၀ရ ငြိမ်းချမ်းရေးကို အလေးအနက်ထား အကောင် အထည်ဖော်နေချိန်ဖြစ်လို့ ဒီနေ့အချိန်ကာလဟာ
NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များရော၊ NCA လက်မှတ်မထိုး
ရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များ ရော တိုင်းပြည်အကျိုးစီးပွား၊ ပြည်သူပြည်သား
များအားလုံးရဲ့ အကျိုးစီးပွားကို ရှေးရှုပြီး ငြိမ်းချမ်း ရေးလမ်းကြောင်းပေါ် လျှောက်လှမ်းရန်အတွက်
အကောင်းဆုံးအချိန်”ဖြစ်ကြောင်း အသိပေး ပြောကြားခဲ့သည်။
နိုင်ငံတော်ဝန်ကြီးချုပ်
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ အောက်တိုဘာလ ၁၆ ရက်တွင် ကျရောက်သည့်ကမ္ဘာ့စားနပ်ရိက္ခာနေ့
အခမ်းအနား သို့ သဝဏ်လွှာတစ်စောင်ကို ပေးပို့ရာတွင် “ကျွန်ုပ်တို့၏ လုပ်ဆောင်ချက်များသည်
ကျွန်ုပ်တို့၏ အနာဂတ်၊ ပိုမိုကောင်းမွန်သော ထုတ်လုပ်မှု၊ အာဟာရ၊ သဘာဝပတ်ဝန်းကျင်နှင့်လူနေမှုဘ၀”
ဟူသည့် ယခုနှစ် ကမ္ဘာ့စားနပ်ရိက္ခာနေ့ ဆောင်ပုဒ် အတိုင်း မြန်မာနိုင်ငံသားအပေါင်းတို့၏
လူမှုစီးပွား ဘဝများနှင့် သဘာဝပတ်ဝန်းကျင်ကောင်းမွန် သာယာလှပစေရေးအတွက် ဆောင်ရွက်လျက်ရှိ
နေကြောင်းကိုသဝဏ်လွှာအတွင်းထည့်သွင်းဖော်ပြ ထားသည်။
လွတ်ငြိမ်းချမ်းသာခွင့်များနှင့်သီတင်းကျွတ်
အောက်တိုဘာလ
၁၈ ရက်တွင် နိုင်ငံတော် ဝန်ကြီးချုပ်က ပြည်သူလူထုသို့ သီတင်းကျွတ် အခါသမယမိန့်ခွန်းတစ်ရပ်ကို
ပြောကြားခဲ့ရာတွင် နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူနှင့် နိုင်ငံတော် အပေါ် ထိခိုက်မှုကျူးလွန်သူတွေကို
ဖော်ထုတ်ပြီး ဥပဒေနှင့်အညီ ဆက်လက်အရေးယူသွားမည်ဖြစ် ကြောင်း၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့်
စစ်မှန်သည့်ဒီမိုကရေစီဖော်ဆောင်နိုင်ရေးအတွက် လွတ်ငြိမ်းချမ်းသာခွင့်များကို ဆက်လက်ပေးအပ်
သွားမှာဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ ထို့ပြင် အာဆီယံနိုင်ငံများနှင့် ဆက်ဆံရေးအခြေ
အနေများကို ပြည်သူများသိရှိစေဖို့ နိုင်ငံတော် ဝန်ကြီးချုပ်က ထည့်သွင်းရှင်းလင်းပြောကြားရာ၌
မည်သို့ပင်ဖြစ်စေ အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်သည့် အတွက် အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်မှာ
ဖြစ်ကြောင်းနှင့် အာဆီယံထိပ်သီးအစည်းအဝေး နှင့် အာဆီယံအပေါင်း အစည်းအဝေးများကို အာဆီယံရဲ့
အခြေခံမူများနှင့်အညီ ဆက်လက် ဆောင်ရွက်နိုင်မယ်လို့ ယူဆပါကြောင်း ပြောကြား ခဲ့သည်။
အောက်တိုဘာလ
၂၄ ရက်က နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် (၇၆)နှစ်မြောက်
ကုလသမဂ္ဂနှစ်ပတ်လည်နေ့သို့ သဝဏ်လွှာပေးပို့ခဲ့ပြီး အဆိုပါသဝဏ်လွှာအတွင်း မြန်မာနိုင်ငံက
ကုလသမဂ္ဂပဋိညာဉ်စာတမ်းပါ ရည်မှန်းချက်နှင့် မူဝါဒများကို အခိုင်အမာယုံကြည် ကြောင်းနှင့်
လူသားများအတွက် တိုးတက်ရှင်သန်သည့် ကမ္ဘာကြီးတည်ဆောက်နိုင်စေဖို့ ကုလသမဂ္ဂ ၏ အပြုသဘောဆောင်
ကြိုးပမ်းအားထုတ်မှုများ တွင် ပူးပေါင်းပါဝင်ဆောင်ရွက်သွားမည့် ကတိ ကဝတ်ကို ထပ်လောင်းအတည်ပြုခဲ့သည်။
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ
စီမံ ခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည်
အောက်တိုဘာလ ၁၃ ရက်က ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ သဘာဝ ဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေ
လျှော့ချရေးနေ့ အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်၍ အမှာစကားပြောကြားခဲ့ရာတွင် ပြည်ထောင်စုနှင့်
တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများအကြား အပြန်အလှန်ချိတ်ဆက်မှု အားကောင်းစွာဖြင့် သဘာဝဘေးအန္တရာယ်
စီမံခန့်ခွဲမှုလုပ်ငန်း ယန္တရားစဉ်ဆက်မပြတ် လည်ပတ်နိုင်ပါက လူမှုစီးပွားဘဝဟန်ချက်ညီ
မည်ဖြစ်ကာ ဘေးအန္တရာယ် များကို ကြံ့ကြံ့ခံနိုင်မည်ဖြစ်သဖြင့် အတူပူးပေါင်း ပါဝင်ကြရန်
လိုအပ်ကြောင်း ပြောကြားခဲ့သည်။
နိုင်ငံတကာမျက်နှာစာ
အောက်တိုဘာလ
၄ ရက်က အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေးအသိုက် အဝန်းကောင်စီအစည်းအဝေး၊ အာဆီယံပေါင်းစပ်ညှိနှိုင်းရေးကောင်စီ
အစည်း အဝေးနှင့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတို့ကို နိုင်ငံခြားရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး တက်ရောက်ခဲ့ပြီး အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီးက
မြန်မာနိုင်ငံမှညှိနှိုင်းရေးမှူးမှ တာဝန်ယူလျက်ရှိသည့် အာဆီယံ-တရုတ် ဆွေးနွေးဖက်ဆက်ဆံရေးပိုမိုခိုင်မာစေရေး၊
အာဆီယံတရုတ် နှစ်၃၀ ပြည့် အထိမ်းအမှတ် ထိပ်သီးအစည်း အဝေး ကျင်းပနိုင်ရေးတို့အပြင် အာဆီယံ
ခေါင်းဆောင်များအစည်းအဝေး၏ တူညီဆန္ဒ ငါးချက် အကောင်အထည်ဖော်လျက် ရှိသည့်အခြေ အနေနှင့်
အထူးကိုယ်စားလှယ်၏ မြန်မာနိုင်ငံခရီး စဉ်နှင့်ပတ်သက်၍ နှစ်ဖက်ဆွေးနွေးညှိနှိုင်းသည့်
အခြေအနေများကို ဆွေးနွေးခဲ့သည်။
အောက်တိုဘာလ
၁၂ ရက်က ကျင်းပသည့် ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏ နှစ် (၆၀)ပြည့် အထိမ်းအမှတ် အဆင့်မြင့်အစည်းအဝေးကို
အောက်တိုဘာလ ၁၁ ရက်နှင့် ၁၂ ရက်တွင် ဆားဘီးယားနိုင်ငံ၌ ကျင်းပခဲ့ရာ နိုင်ငံခြားရေး
ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတက်ရောက်ခဲ့ပြီး အဖွဲ့ဝင်နိုင်ငံအဖြစ် ဂုဏ်ယူကြောင်းနှင့်
မြန်မာနိုင်ငံ ၏ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့ အတွက်ကြိုးပမ်းနေချိန်တွင်
ဘက်မလိုက်လှုပ်ရှားမှု အဖွဲ့ဝင်များ၏ ထောက်ခံနားလည်မှု၊ အပြုသဘော ပူးပေါင်းမှုတို့ကို
ဆက်လက်ရရှိစေဖို့ မျှော်လင့်ပါ ကြောင်း အလေးထား၍ ထည့်သွင်းပြောကြားခဲ့သည်။
(၉)ကြိမ်မြောက်
အာဆီယံတရားသူကြီးချုပ် များကောင်စီ အစည်းအဝေး၊ Indo-ASEAN Business Summit &
Expoi ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများအုပ်စုဝန်ကြီးများ အစည်းအဝေး၊ ကုလ သမဂ္ဂဇီဝမျိုးစုံမျိုးကွဲညီလာခံ
အဖွဲ့ဝင်နိုင်ငံများ၏ (၁၅)ကြိမ်မြောက်ဝန်ကြီးများအဆင့် အစည်းအဝေး၊ ITU Digital
World 2021 အစည်းအဝေး၊ ရုရှား ဖက်ဒရေးရှင်းနိုင်ငံ၌ ကျင်းပသည့် Russian Energy
Week International Forum၊ အာဆီယံသဘာဝဘေးအန္တရာယ်ဆိုင်ရာ ဝန်ကြီးများ အဆင့် အစည်းအဝေးနှင့်
ဆက်စပ်အစည်းအဝေးများ၊ သတ္တမအကြိမ် အာဆီယံနိုင်ငံများ မူးယစ်ဆေးဝါး ဆိုင်ရာဝန်ကြီးအဆင့်အစည်းအဝေးများ၊
(၃၅)ကြိမ် မြောက် အာဆီယံအရင်းအနှီး ဈေးကွက်ဥက္ကဋ္ဌများ အစည်းအဝေးစသည့် အာဆီယံ၊ ဒေသတွင်း
မိတ်ဖက်အဖွဲ့အစည်းများနှင့် ဆွေးနွေးပွဲများ၊ အစည်းအဝေးများသို့ ကဏ္ဍအလိုက်တာဝန်ရှိသူများက
ယခုလအတွင်း တက်ရောက်၍ ဆွေးနွေးခဲ့သည် ကို မြင်တွေ့ရသည်။
အကြိမ်
(၂၀)မြောက် အာဆီယံစီးပွားရေး အသိုက်အဝန်းကောင်စီအစည်းအဝေး၊ ကမ္ဘာ့ခရီး သွားလုပ်ငန်းအဖွဲ့ချုပ်မှကြီးမှူးကျင်းပသည့်
The Future of Tourism World Summit၊ (၁၁)ကြိမ်မြောက် အာဆီယံဥပဒေရေးရာဝန်ကြီးများ အစည်း
အဝေး၊ (၄၃)ကြိမ်မြောက် အာဆီယံ လယ်ယာ စိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာဝန်ကြီးများ အစည်းအဝေးနှင့်
(၂၁)ကြိမ်မြောက် အာဆီယံ အပေါင်း(၃) လယ်ယာစိုက်ပျိုးရေးနှင့် သစ်တော ဆိုင်ရာဝန်ကြီးများအစည်းအဝေး၊
(၁၆)ကြိမ် မြောက် အာဆီယံပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီးများ အဆင့် အစည်းအဝေးနှင့်ဆက်စပ်
အစည်းအဝေး များကျင်းပစဉ် (၅)ကြိမ်မြောက် ပတ်ဝန်းကျင် ဆိုင်ရာစဉ်ဆက်မပြတ်ဖွံ့ဖြိုးသော
မြို့ကြီးများဆုကို မြန်မာနိုင်ငံမှ ညောင်ဦးမြို့ကို ရွေးချယ်ပေးအပ်ခြင်း ခံရသည်မှာလည်း
ဝမ်းမြောက် ဖွယ်သတင်း တစ်ရပ်ပင်ဖြစ်သည်။ ထို့အတူ မြန်မာနိုင်ငံကအလှည့်ကျ အိမ်ရှင်အဖြစ်လက်ခံ
ကျင်းပသည့် (၁၁)ကြိမ်မြောက်အာဆီယံ လေကြောင်းကြားဖြတ် စစ်ဆေးရေးအထူးအဖွဲ့ အစည်း အဝေးကို
အောက် တိုဘာလ ၂၈ ရက်က ကျင်းပခဲ့သည်။
နိုင်ငံတကာဖိအားများ
နိုင်ငံခြားရေးဝန်ကြီးဌာနသည်
အောက်တိုဘာ လ ၉ ရက် ရက်စွဲဖြင့် သတင်းထုတ်ပြန်ချက် တစ်စောင်ကို ထုတ်ပြန်ခဲ့သည်။ နိုင်ငံတကာ
အသိုက်အဝန်းအနေဖြင့် အကြမ်းဖက်ဝါဒနှင့် အစွန်းရောက်ဝါဒတို့ကို လျစ်လျူရှုခြင်းမပြုကြရန်၊
တရားမဝင်အဖွဲ့ အစည်းနှင့် အကြမ်းဖက်အဖွဲ့ အစည်းများဖြစ်ကြသည့် CRPH, NUG နှင့် ယင်းတို့
၏လက်အောက်ခံအဖွဲ့များမှ ကိုယ်စား လှယ်များနှင့် ထိတွေ့ဆက်သွယ်ဆောင်ရွက်ခြင်းနှင့် ထောက်ခံအားပေးခြင်း၊
နိုင်ငံများ၌ ကိုယ်စားလှယ်ရုံးများ ဖွင့်လှစ်ခွင့်ပြုခြင်းများမှာ နိုင်ငံတော်အစိုးရ၏
စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ် တည်ဆောက်ရေးကြိုးပမ်းမှုကို ထိခိုက်စေသည့်အပြင် အချုပ်အခြာအာဏာပိုင် နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ရာ
ရောက်ကြောင်း အလေးအနက် ထောက်ပြ ထားသည်။ အကြမ်းဖက်မှုများကို မြန်မာနိုင်ငံနှင့်အတူ
လက်တွဲတိုက်ဖျက်သွားရန် နိုင်ငံခြားရေး ဝန်ကြီးဌာနက မျှော်လင့်ကြောင်း သတင်းထုတ်ပြန်
ထားသည်။
အောက်တိုဘာလ
၁၄ ရက်က နိုင်ငံခြားရေး ဝန်ကြီးဌာနမှ အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏မြန်မာ နိုင်ငံဆိုင်ရာ
အထူးကိုယ်စားလှယ် မြန်မာနိုင်ငံသို့ လာရောက်မည့် ကိစ္စနှင့်စပ်လျဉ်းသည့် သတင်း ထုတ်ပြန်ချက်တစ်စောင်ကို
ထုတ်ပြန်ခဲ့ရာတွင် မြန်မာနိုင်ငံမှ အထူးကိုယ်စားလှယ်၏ မြန်မာနိုင်ငံ ခရီးစဉ်ဖြစ်မြောက်ရေးအတွက်
လိုက်လျောမှုများ ကို ဆောင်ရွက်ပေးခဲ့သည့်အခြေအနေ၊ အချို့ကိစ္စ ရပ်များမှာ ဆောင်ရွက်ပေးရန်
အခက်အခဲများနှင့် ဥပဒေလုပ်ထုံးလုပ်နည်းများကြောင့် နားလည်ပေး ရန် လိုအပ်သည့်အခြေအနေများနှင့်
အာဆီယံ ပဋိညာဉ်နှင့် အာဆီယံစိတ်ဓာတ် တို့ကို အခြေခံပြီး ဘက်လိုက်မှုမရှိဆောင်ရွက်သည်ကို
မြန်မာနိုင်ငံက ကြိုဆိုသည့်အခြေအနေတို့ကို ထည့်သွင်းဖော်ပြ ထားသည်ကို မြင်တွေ့ခဲ့ရသည်။
အာဆီယံ၏ရည်ရွယ်ချက်နှင့်ဆန့်ကျင်နေသည့်
အတွက် ကန့်ကွက်
နိုင်ငံခြားရေးဝန်ကြီးဌာနသည်
အောက်တို ဘာလ ၁၆ ရက်ရက်စွဲဖြင့် သတင်းထုတ်ပြန်ရာတွင် အထူးအစည်းအဝေး၌ အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့
ဆွေးနွေးခဲ့သည့် အာဆီယံအစည်းအဝေးများ တက်ရောက်ရေးကိစ္စ အပါအဝင် ကိုယ်စားပြုမှု ဆိုင်ရာကိစ္စများနှင့်
တူညီဆန္ဒမရှိဘဲ ဆောင်ရွက်ခဲ့မှု များသည် အာဆီယံ၏ပဋိညာဉ်စာတမ်းနှင့် အခြေခံ မူများတွင်
ပြဋ္ဌာန်းထားမှုမရှိခြင်း၊ အာဆီယံ၏ ရည်ရွယ်ချက်တို့နှင့် ဆန့်ကျင်ကြောင်း တွေ့ရှိရ
သည့်အတွက် မြန်မာနိုင်ငံအနေဖြင့် လွန်စွာ စိတ်ပျက်မိပြီး ပြင်းထန်စွာကန့်ကွက်ထားသည်။
အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့်
အာဆီယံ အဖွဲ့အစည်း၏ စည်းလုံးညီညွတ်မှုနှင့် အချက် အချာကျမှုစသော ရေရှည်အကျိုးစီးပွားများကို
ရည်မျှော်၍ အာဆီယံပဋိညာဉ်စာတမ်းပါ လုပ်ထုံး လုပ်နည်းများနှင့် သက်ဆိုင်ရာပြဋ္ဌာန်းချက်များ
နှင့်အညီ ဆောင်ရွက်သွားရန် တိုက်တွန်းထားသည့် သတင်းထုတ်ပြန်ချက်ကို အောက်တိုဘာလ ၂၂
ရက် ရက်စွဲဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ကုလသမဂ္ဂအဖွဲ့၏ရည်ရွယ်ချက်၊
မူဝါဒများနှင့် ဆန့်ကျင်သည့် အစီရင်ခံစာနှင့် ဆွေးနွေးမှုများကို မြန်မာနိုင်ငံက လက်မခံပယ်ချသည့်
သတင်းထုတ် ပြန်ချက် တစ်စောင်ကို အောက်တိုဘာလ ၂၄ ရက် ရက်စွဲဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာနက
သတင်း ထုတ်ပြန်ခဲ့သည်။
ထို့ပြင် အောက်တိုဘာလ ၂၅ ရက်က ထုတ်ပြန်သည့် နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အတွင်း
အာဆီယံ ပဋိညာဉ် စာတမ်းပါ ပြဋ္ဌာန်းချက်များနှင့် အာဆီယံပဋိညာဉ် စာတမ်း၏ နောက်ဆက်တွဲ
သဘောတူညီချက်များ နှင့်အညီသာ မြန်မာနိုင်ငံ ဆက်လက်ဆောင်ရွက် မည်ဖြစ်ကြောင်း ပါရှိသည်။
ထို့အတူ အောက်တို ဘာလ ၂၆ ရက်က နိုင်ငံခြားရေးဝန်ကြီးဌာနသည် အာဆီယံနှင့်ပတ်သက်၍ မြန်မာနိုင်ငံ၏
သဘော ထားကို သတင်းထုတ်ပြန်ခဲ့ရာတွင် အာဆီယံ ၊ ပဋိညာဉ်စာတမ်းပါ မူများ၊ အစဉ်အလာများနှင့်အညီ
အဖွဲ့ဝင်နိုင်ငံတစ်ခု၏ ရရှိသင့်သည့် အခွင့်အရေးကို တောင်းဆိုခြင်းဖြစ်၍ ညှိနှိုင်းဆောင်ရွက်လိုသည့်
သဘောထားကို ပြသခြင်းဖြစ်ကြောင်း ထည့်သွင်း ထုတ်ပြန်ထားသည်။
ငြိမ်းချမ်းရေးမှသည်
အောက်တိုဘာလ
၁၅ ရက်တွင် ကျရောက်သည့် NCA လက်မှတ်ရေးထိုးခြင်း (၆)နှစ်မြောက် နှစ်ပတ် လည်နေ့ အထိမ်းအမှတ်အဖြစ်
အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနှင့်
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုး ထားသော
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများ တွေ့ဆုံပွဲကို အောက်တိုဘာလ ၁၅ ရက်ကကျင်းပခဲ့ရာ
ကော်မတီဝင်များနှင့် တိုင်းရင်း
သားလက်နက်ကိုင်
အဖွဲ့အစည်းများမှ ခေါင်းဆောင်များ၊ ကိုယ်စားလှယ်များ တက်ရောက် ခဲ့ကြသည်ကို မြင်တွေ့
ရသည်။
နိုင်ငံတော်
စီမံအုပ်ချုပ်ရေးကောင်စီသည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းများ၏ အဖွဲ့ဝင်များနှင့်
ဆက်စပ်ပါဝင်သူ ၁၁၄ ဦးတို့အား ထိုနေ့တွင်ကျရောက်သည့် NCA လက်မှတ်ရေး ထိုးခြင်း (၆)နှစ်မြောက်
နှစ်ပတ်လည်နေ့ကို ဂုဏ်ပြု သောအားဖြင့် ငြိမ်းချမ်းရေးကို ရှေးရှုကာ အမှုမှ ပိတ်သိမ်းပေးခဲ့သည်။
ဥပဒေရေးရာ
ဥပဒေများပြင်ဆင်ခြင်း၊
ပြဋ္ဌာန်းခြင်းများကို ခေတ်စနစ်နှင့်လျော်ညီမှုရှိစေရန်အတွက် ဆောင် ရွက်ပေးလျက်ရှိရာ
ယခုလအတွင်း အောက်တိုဘာ လ ၆ ရက်က နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေကို ပြင်ဆင်သည့်ဥပဒေကို
ပြဋ္ဌာန်းခဲ့သည်။ ထို့အတူ စက်တင်ဘာလ ၃၀ ရက်က နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီမှ
၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (၆)လ အမျိုးသားစီမံကိန်းဥပဒေ၊ ၂၀၂၁ ခုနှစ်ပြည်ထောင်စု ၏ အခွန်အကောက်ဥပဒေ၊
၂၀၂၁ ခုနှစ် အောက်တို ဘာလမှ ၂၀၂၂ ခုနှစ် မတ်လအထိ (၆)လအတွက် ပြည်ထောင်စုဘဏ္ဍာငွေအရအသုံး
ဆိုင်ရာ ဥပဒေ များကို အတည်ပြုထုတ်ပြန်ခဲ့ပြီး ယင်းဥပဒေများ သည် အောက်တိုဘာလ ၁ ရက်တွင်
စတင်အကျိုး သက်ရောက်သည်ကိုလည်း မြင်တွေ့ရပါသည်။
ပြည်ထောင်စုတရားသူကြီးချုပ်ဦးထွန်းထွန်းဦးနှင့်
ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူ ကြီးများပါဝင်သည့် အထူးအယူခံရုံးသည် အောက်တို
ဘာလ ၁၁ ရက်က တရားမအထူးအယူခံမှု လေးမှုကို စီရင်ချက်ချမှတ်ခြင်း၊ ရာဇဝတ် အထူးအယူခံမှု
ခြောက်မှုကို ရုံးထိုင်ကြားနာခြင်းများ အတွက် ကိုဗစ် -၁၉ ကာကွယ်ရေး စည်းကမ်းချက်များနှင့်
အညီ ဆောင်ရွက်ခဲ့သည်။ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီသည် အောက်တိုဘာလ ၁၈ ရက် ရက်စွဲဖြင့်
၂၀၁၈ ခုနှစ် မြန်မာသမိုင်းအဖွဲ့ ဥပဒေကို ပြင်ဆင်သည့်ဥပဒေပြဋ္ဌာန်းခဲ့ပြီး အောက်တိုဘာလ
၂၈ ရက်က တရားလွှတ်တော်ရှေ့နေများ ကောင်စီ အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကို ပြဋ္ဌာန်းခဲ့သည်။
နိုင်ငံတော်
စီမံအုပ်ချုပ်ရေးကောင်စီသည် အောက်တိုဘာလ ၁၁ ရက် ရက်စွဲဖြင့် တရားမ ကျင့်ထုံးဥပဒေကို
ပြင်ဆင်သည့်ဥပဒေနှင့် စကားရပ် များ ပြောင်းလဲသတ်မှတ်သည့် ဥပဒေတို့ကို ပြဋ္ဌာန်း ခဲ့သည်။
အကျဉ်းထောင် အချုပ်ထောင်/ စခန်း အသီးသီးမှ အကျဉ်းသား/သူ ၁၃၁၆ ဦးတို့အား ကျန်ရှိသောပြစ်ဒဏ်များအပေါ်
လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်၊ ဆူပူဆန္ဒပြမှုများ နှင့်စပ်လျဉ်း၍ တရားစွဲဆိုခြင်းခံနေရသူ
၄၃၂၀ တို့၏ ကြားနာစစ်ဆေးဆဲ ပြစ်မှုဆိုင်ရာ အမှုများပိတ်သိမ်းခြင်းတို့ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
ဥက္ကဋ္ဌက အောက်တိုဘာလ ၁၈ ရက်တွင် အမိန့် ချမှတ်ပေးခဲ့သည်။ ဆူပူဆန္ဒပြမှုဖြစ်စဉ်များတွင်
လူမှုကွန်ရက်အသုံးပြု၍ ဆန့်ကျင်လှုံ့ဆော်မှုများ ပြုလုပ်ခဲ့သဖြင့် အရေးယူထားသည့် အနုပညာရှင်
များနှင့် လူမှုကွန်ရက်ပေါ်တွင် လူသိများသူများမှ အရေးယူခြင်းခံရသူများအနက် ၃၄ ဦးအား
အမှုပိတ်သိမ်းပေးခဲ့သည်။ ယင်းသို့လူသားချင်းစာနာ ထောက်ထားမှုကို အလေးထားသည့်အပြင် ပြည်သူ
လူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် နိုင်ငံတော် တည်ဆောက်ရာတွင် ပါဝင်နိုင်စေရေး
ရည်ရွယ် ဆောင်ရွက်ပေးခြင်းလည်း ဖြစ်သည်။
(ဆက်လက်ဖော်ပြပါမည်)
No comments:
Post a Comment