မောင်သောင်းဝင်း (တမန်ဟောင်း)
ပြည်ထောင်စုမြန်မာနိုင်ငံသည် ရှေးပဝေသဏီကတည်းကပင် ကိုယ့်ထီး၊ ကိုယ့်နန်း၊ ကိုယ့်ကြငှန်းဖြင့် မားမားမတ် မတ်ရပ်တည်နိုင်ခဲ့ သည်။ အနော်ရထာ၊ ဘုရင့်နောင်နှင့် အလောင်းမင်းတရားတို့လက်ထက် တွင် ကာကွယ်ရေး အင်အားကို ကျောထောက်နောက်ခံပြုလျက် စည်းလုံးညီညွတ်သော မြန်မာနိုင်ငံတော်ကြီးကို ခံ့ညားထည်ဝါစွာ တည်ထောင်နိုင်ခဲ့သည်။ ကျူးကျော်စော်ကားလာသူများကိုလည်း စည်းလုံးညီညွတ်မှုစွမ်း အား၊ ကာကွယ်ရေးစွမ်း အား တို့ဖြင့် တိုက်ထုတ် နိုင်ခဲ့သည်။ ထိုစဉ်က အင်အားတောင့်တင်းပြီး စွမ်းရည် ထက်မြက်သော တပ်မတော်များ ဖွဲ့စည်းထူထောင်ခဲ့မှုကြောင့်သာ ခိုင်မာစွာရပ်တည် နိုင်ခဲ့ခြင်းပင်ဖြစ်သည်။
ကျွန်သက်ရှည်ရန်ကြံစည်
သို့ရာတွင် ကုန်းဘောင်ခေတ်နှောင်းပိုင်း ၁၈၈၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် သူ့ကျွန်ဘဝကျရောက် ခဲ့ရသည်။ သူ့ကျွန်ဘဝကျရောက် ပြီးနောက် တိုင်းရင်းသားညီအစ်ကိုများသည် ရရာလက်နက်စွဲကိုင် လျက် နယ်ချဲ့တို့အား တွန်းလှန်တိုက်ခိုက်ခဲ့ကြသည်။ ၁၉၀၀ ပြည့်လွန် နှစ်များတွင် အမျိုးသားရေးစိတ်ဓာတ် အနည်းငယ်မှေးမှိန် သွားခဲ့ရ သည်။ နယ်ချဲ့တို့၏အကောင်းဆုံးလက်နက်သည် ကိုလိုနီနိုင်ငံရှိ ပြည်သူများကို ပညာရည်အဆင့် အတန်းနိမ့်ပါးအောင် ဆောင်ရွက်ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံအား ကိုလိုနီတို့သိမ်းပိုက်ပြီး စအချိန်တွင် မြန်မာ လူမျိုးတို့၏စာတတ်မြောက်မှုနှုန်းသည် ၈၅ ရာခိုင်နှုန်းခန့်ရှိခဲ့သည်။ သို့သော် နှစ်ပေါင်း ၃၅ နှစ်ခန့်ကြာပြီးနောက် စာတတ်မြောက်မှုနှုန်း သည်၃၅ ရာခိုင်နှုန်းအထိသိသိ သာသာကျဆင်းသွားသည်။ ထိုစဉ်က မြန်မာနိုင်ငံတွင် သီးခြားတက္ကသိုလ်မရှိဘဲ အိန္ဒိယနိုင်ငံ ကာလကတ္တား တက္ကသိုလ် လက်အောက်ခံရန်ကုန်ကောလိပ်နှင့် ဂျပ်ဆင် ကောလိပ် နှစ်ခုသာရှိခဲ့သည်။
အဆင့်အတန်းခွဲခြား
ထို့အပြင် ဗြိတိသျှနယ်ချဲ့တို့သည် ၁၉၂၀
ပြည့်နှစ် ဇွန်လတွင် ပညာရေးစနစ်သစ် တက္ကသိုလ်အက်ဥပ ဒေကြမ်းကို ထုတ်ပြန်ကြေညာ ခဲ့သည်။
ထိုဥပဒေတွင် အဓိကအချက် (၆) ချက်ပါရှိသည်။ ထိုအချက် အားလုံးသည် မြန်မာကျောင်းသားများကို
ကန့်သတ်ချုပ်ချယ်ပြီး အဆင့်အတန်းခွဲခြားထားသည်။ ကျွန်သက်ရှည် စေရန် ရည်ရွယ်ရေးဆွဲ ထားခြင်းဖြစ်သည်။
ဆိုရလျှင် ထိုဥပဒေသည် ငွေကြေးတတ်နိုင်သူ လူနည်းစုကိုသာ တက္ကသိုလ် ပညာသင်ကြားခွင့်ရရှိစေပြီး
ပညာထူးချွန် သော်လည်း ငွေကြေးမတတ်နိုင်သည့် တောင်သူ လယ်သမားများ၊ အလုပ်သမားများနှင့်
လက်လုပ်လက်စားအောက်ခြေလူတန်းစားများ၏ သား၊ သမီးများကို ပညာဆက်လက် သင်ကြားခွင့်မရရှိနိုင်အောင်
ချုပ်ချယ်ကန့်သတ်ပြဋ္ဌာန်းထားခြင်းဖြစ်သည်။ အဆင့်အတန်း ခွဲခြား ထားသည့် ထိုဥပဒေကို ကောလိပ်ကျောင်းသားများအပါအဝင်
ပြည်သူ အားလုံးက အပြင်းအထန်ကန့် ကွက်ခဲ့ကြသည်။ မည်သို့ပင်ကန့်ကွက် နေစေကာမူ မြန်မာပြည်ဘုရင်ခံ
ဆာရယ်ဂျီနယ်က ရက်ဒေါက်က မြန်မာများသည် ပညာရေး အကြောင်း နားမလည်ဟုဆိုပြီး တောင်းဆို ချက်များကို
လျစ်လျူရှုကာ ထိုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့မှစ၍ တက္ကသိုလ်အက်ဥပဒေကို အတည်ပြုကြောင်း ကြေညာခဲ့သည်။
ကန့်ကွက်သပိတ်မှောက်
ထို့ကြောင့် ကောလိပ်ကျောင်းသားများသည်
ဒီဇင်ဘာလ ၂ ရက် နေ့တွင် ရွှေတိဂုံရင်ပြင်၌ တိုင်ပင်ဆွေး နွေးကြပြီး ရန်ကုန်တက္ကသိုလ်
အက်ဥပဒေကို ကန့်ကွက်သည့်အနေဖြင့် ကောလိပ်နှစ်ခုစလုံးက သပိတ်မှောက်သွားရန် ဆုံးဖြတ်ခဲ့ကြသည်။
ထို့နောက် ဒီဇင်ဘာလ ၄ ရက်နေ့တွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ရွှေကျင်တိုက်ဆရာတော်
ဦးအရိယကျောင်းတိုက်၌ ကျောင်းသားအစည်းအဝေးပွဲကြီး ပြုလုပ် ခဲ့သည်။ ထိုအစည်းအဝေး၌ ဒီဇင်ဘာလ
၇ ရက်နေ့တွင် တက္ကသိုလ်ကို သပိတ်မှောက်ရန်၊ ပညာရေးဥပဒေပြင်ပေးရေး အတွက် တောင်းဆို သွားရန်နှင့်
တောင်းဆိုချက်များမပေးသမျှကာလပတ်လုံး ကျောင်းပြန် မတက်ရန်တို့ကို ဆုံးဖြတ်ခဲ့ကြသည်။
မူလက ဒီဇင်ဘာလ ၇ရက်နေ့တွင် သပိတ်မှောက်ရန်
စီစဉ်ထား သော်လည်း အခြေအနေပြောင်းလဲသွားသဖြင့် ဒီဇင်ဘာလ ၅ ရက်နေ့ တန်ဆောင်မုန်းလပြည့်ကျော်
၁၀ ရက်နေ့တွင် ကျောင်းသားများ သပိတ်မှောက်ခဲ့ကြ သည်။ ထိုစဉ်က ကျောင်းသားခေါင်းဆောင်
ကိုဘဦးကိုယ်တိုင် လက်မှတ်ထိုး၍ ကျောင်းသားကြေညာချက်ကို ဘုရင်ခံထံ ပေးပို့ခဲ့သည်။ ထိုကြေညာချက်သည်
ရန်ကုန်တက္ကသိုလ် အက်ဥပဒေပါအချက်များကို ကန့်ကွက်ထား သည့်စာဖြစ်သည်။ ဘုရင်ခံ ထံမှ အကြောင်းပြန်ကြားခြင်းမပြုသဖြင့်
ကျောင်းသားများသည် သပိတ်စခန်းတွင် အမျိုးသားကျောင်းများတည်ထောင်ရန် ဂျီစီဘီအေ ခေါင်းဆောင်များနှင့်
တိုင်ပင်ဆွေး နွေးခဲ့ကြသည်။
ထို့နောက် ရန်ကုန်ကောလိပ်နှင့် ဂျပ်ဆင်ကောလိပ်ကျောင်းသား
များသည် ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၅ ရက်နေ့ (မြန်မာသက္ကရာဇ် ၁၂၈၂ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော်
၁၀ ရက်နေ့) တွင် ရန်ကုန် တက္ကသိုလ် အက်ဥပဒေကို ကန့်ကွက်သည့်အနေဖြင့် သပိတ်မှောက်ခဲ့ကြ
သည်။ ထိုသပိတ်သည် ဗြိတိသျှနယ်ချဲ့တို့က မြန်မာနိုင်ငံအား မတရား သိမ်းပိုက်ပြီးနောက်
လွတ်လပ်ရေးအတွက် အမျိုးသားတော်လှန်ရေးကြီး ကို စတင်လိုက်ခြင်းပင်ဖြစ်သည်။ ထိုကျောင်းသားသပိတ်သည်
တစ်နိုင်ငံလုံးသို့တစ်မုဟုတ်ချင်း ပျံ့နှံ့သွားခဲ့သည်။ ထို့အပြင် ထိုသပိတ် ကို အခြေခံပြီး
ထွက်ပေါ်လာသည့် မျိုးချစ်စိတ်ဓာတ်ဖြင့် တိုင်းရင်းသား စည်းလုံး ညီညွတ်မှုကို ရယူတည်ဆောက်ကာ
လွတ်လပ်ရေးတိုက်ပွဲ ကိုလည်း အောင်မြင်အောင်ဆင်နွှဲနိုင် ခဲ့သည်။
လွတ်လပ်ရေးအတွက်ရောင်ခြည်သန်း
ဆိုရလျှင် ၁၉၂၀ ပြည့်နှစ်ကျောင်းသားသပိတ်ကြောင့်
ပညာရေး အမြတ်များ ပေါ်ထွက်လာခဲ့သည်။ ထို့အပြင် ပြည်သူလူထုအတွင်း၌ နယ်ချဲ့ဆန့်ကျင်ရေး
အမျိုးသားစိတ် ဓာတ်များ တစ်ဟုန်ထိုးပေါ်ပေါက် လာခဲ့သည်။ ထို့ကြောင့် ကျောင်းသားသပိတ်သည်
မြန်မာတို့၏နယ်ချဲ့ ဆန့်ကျင်ရေးစိတ်ဓာတ်တော်လှန်ရေး အောင်ပွဲဟုလည်း ဆိုနိုင်ပေသည်။ ထိုသပိတ်ကြီးက
မွေးထုတ်ပေးလိုက်သော အမျိုးသားရေးစိတ်ဓာတ် ကြောင့် နယ်ချဲ့ဆန့်ကျင် ရေးကို အတိအလင်းဖော်ပြသည့်
တောင်သူလယ်သမား၊ အလုပ်သမားသပိတ်များနှင့် ၁၃၀၀ ပြည့် အရေးတော် ပုံများ ဆက်တိုက်ပေါ်ထွက်ခဲ့သည်။
ထို့နောက် မျိုးချစ်စိတ်ဓာတ်ပြင်းထန်သော
တိုင်းရင်းသားသူရဲ ကောင်းများသည် ရရာလက်နက်စွဲကိုင်၍ နယ်ချဲ့တို့အား နည်းလမ်း ပေါင်းစုံဖြင့်
တွန်းလှန်တိုက်ခိုက်ခဲ့ကြသည်။ မည်သို့ပင်ဆိုစေကာမူ တိုင်းရင်းသားများ အကြား မျိုးချစ်စိတ်ဓာတ်နိုးကြားလာသဖြင့်
ဝိုင်အမ် ဘီအေ၊ ဂျီစီဘီအေ၊ တို့ဗမာအစည်းအရုံး၊ ဗမာ့ထွက်ရပ်ဂိုဏ်း စသည့် အဖွဲ့အစည်းများဖွဲ့စည်း၍
နယ်ချဲ့ဆန့်ကျင်ရေးလုပ်ငန်းများ အရှိန် မြှင့်တင်လှုပ်ရှားဆောင်ရွက်လာခဲ့ရာ မြန်မာ့လွတ်လပ်ရေးအတွက်
ရောင်ခြည်သန်းလာခဲ့ပါသည်။
အမျိုးသားနေ့သတ်မှတ်
၁၉၂၁ ခုနှစ် ဒီဇင်ဘာလအတွင်း မန္တလေးမြို့၌
ကျင်းပသည့် ဂျီစီဘီအေပြည်လုံးကျွတ်ညီလာခံကြီး၌ အမျိုးသား နေ့ သတ်မှတ်ရန် ဆွေးနွေးတိုင်ပင်ခဲ့ကြသည်။
ထိုညီလာခံတွင် တချို့က သီပေါဘုရင် ပါတော်မူသော တန်ဆောင်မုန်းလပြည့်ကျော် ၈ ရက်နေ့ကို
အကြံပေးခဲ့ ကြသည်။ တချို့က ဦးဥတ္တမအဖမ်းခံ ရသောနေ့ကို အကြံပေးကြသည်။ ၁၉၂၀ ပြည့်နှစ်
သပိတ် ၁၁ ဦးကော်မတီတွင်ပါဝင်ခဲ့သော ဦးမြင့်က နယ်ချဲ့ ကို ပထမဆုံးတော်လှန်သပိတ်မှောက်ခဲ့သည့်
တန်ဆောင်မုန်း လပြည့်ကျော် ၁၀ရက်နေ့ကို အမျိုးသားနေ့အဖြစ်
သတ်မှတ်ရန် အကြံပြုခဲ့သည်။
ထို့နောက် ဂျီစီဘီအေအသင်းကြီးသည် ၁၉၂၂ ခုနှစ် ဇွန်လ ၁၇ ရက်နေ့တွင် ရန်ကုန်မြို့ ဂျူဗလီဟော၌ပြု လုပ်သည့် အထူးအစည်း ( အဝေးကြီး၌ ကောလိပ်ကျောင်းသားများက ရန်ကုန်တက္ကသိုလ် အက်ဥပဒေကို ဆန့်ကျင်ကန့်ကွက်သပိတ်မှောက်ခဲ့သည့် တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့ကို အမျိုးသားနေ့ (National Day) အဖြစ် တညီတညွတ်တည်း ဆုံးဖြတ်သတ်မှတ် ခဲ့ကြသည်။ ထိုအချိန်မှစ၍ နှစ်စဉ် ထိုနေ့ ထိုရက်ရောက်ရှိလျှင် အမျိုးသားနေ့အခမ်းအနားများ ကျင်းပလာခဲ့သည်။ ထို့ကြောင့် ၁၃၈၃ ခုနှစ် တန်ဆောင်မုန်း လပြည့်ကျော် ၁၀ ရက်နေ့သည် လွတ်လပ်ရေး အတွက် သန္ဓေတည်ပေးခဲ့သော သမိုင်းဝင် (၁၀၁) နှစ်မြောက် အမျိုးသားနေ့အခါသမယပင်ဖြစ်သည်။
နိုင်ငံသာယာဝပြောဖို့ တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်စို့
NLD ပါတီဦးဆောင်သည့်အစိုးရသည် ၂၀၂၀ ပြည့်နှစ်
အထွေထွေ ရွေးကောက်ပွဲ၌ ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှုများ ကို ဖြေရှင်းပေးခြင်း မရှိဘဲ
တိုင်းပြည်အာဏာကိုပင်လျှင် အတင်းအဓမ္မရယူရန်ပင် ကြံစည် လာသဖြင့် တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ
(၂၀၀၈ ခုနှစ်)အရတိုင်းပြည်အာဏာကို ခေတ္တထိန်းသိမ်း ခဲ့ရသည်။ ထိုအချိန် မှစ၍ အကြမ်းဖက်အဖွဲ့အစည်းများဖြစ်သည့်
CRPH NUG နှင့် PDF တို့အပြင် NLD အစွန်းရောက်များသည်တိုင်းပြည်အလုံးစုံပျက်သုဉ်းရေးကို
ဦးတည်ဆောင်ရွက်လာကြသည်။ ၎င်းတို့နှင့် အမြင်မ တူ သည့်ပြည်သူများကို သတ်ဖြတ်ခဲ့သည်။
အမျိုးသမီးများ၊ ကလေးငယ်များ အပြင် သံဃာတော်များ
ကိုပင်လျှင် အကြောင်းမဲ့သတ်ဖြတ်လာကြသည်။ စာသင်ကျောင်းများအပါအဝင် ပြည်သူပိုင်ပစ္စည်း များ၊
လမ်းတံတားများကို မီးရှို့ဖျက်ဆီးခဲ့သည်။ ကိုဗစ်-၁၉
စင်တာများကို အကြမ်းဖက် တိုက်ခိုက်သည်။ ကမ်းကုန်အောင်မိုက်လာကြသည်။ ဒီမိုကရေစီအလေ့အထနှင့်
ဆန့်ကျင်သောလုပ်ရပ် များပင်ဖြစ်သည်။ မည်သည့်ဒီမိုကရေစီနိုင်ငံတွင်
အကြမ်းဖက် လုပ်ရပ်ကိုလက်ခံမည် မဟုတ်ချေ။
လက်ရှိအချိန်တွင် တိုင်းရင်းသားအားလုံး
လိုလားတောင့်တနေ သော အန္တိမဆန္ဒသည် တိုင်းပြည်တည်ငြိမ် အေးချမ်းရေး၊ သာယာ ဝပြောရေးနှင့်
ထာဝရငြိမ်းချမ်းရေးရရှိရန်ပင်ဖြစ်သည်။ ထိုသို့ တိုင်းပြည်တည်ငြိမ် အေးချမ်းရေး၊ သာယာဝပြောရေးနှင့်
ထာဝရ ငြိမ်းချမ်းရေးတည်ဆောက်ရာတွင် တိုင်းရင်းသားစည်းလုံး ညီညွတ်ရေး သည် များစွာအရေးပါလျက်ရှိသည်။
ပြည်ထောင်စုကြီးအတွင်း မှီတင်းနေထိုင်လျက်ရှိကြသည့် တိုင်းရင်းသားညီအစ်ကိုများသည် လွတ်လပ်ရေးတိုက်ပွဲဝင်ခဲ့သည့်
ဘိုးဘွားမိဘများကဲ့သို့ ရင်ထဲ အသည်းထဲ၌ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးဆိုသည့် စိတ်ဓာတ်၊
အမျိုးသားရေးစိတ်ဓာတ်၊ မျိုးချစ်စိတ်ဓာတ်နှင့် ပြည်ထောင်စု စိတ်ဓာတ်တို့သာ ကိန်းအောင်းနေမည်ဆိုလျှင်
တိုင်းပြည်တည်ငြိမ် အေးချမ်းရေး၊ သာယာဝပြော ရေးနှင့် ထာဝရငြိမ်းချမ်းရေးကို အမှန် တကယ်ဖော်ဆောင်နိုင်မည်ဟု
ရိုးသားခိုင်မာစွာ ယုံကြည်မိပါသည်။
စင်စစ်အားဖြင့် အမျိုးသားရေးစိတ်ဓာတ်သည်
တိုင်းပြည်နှင့် လူမျိုးကို ချစ်ခင်သောစိတ်ဓာတ်ပင်ဖြစ်သည်။
တစ်နိုင်ငံတည်းနေ။ ( တစ်မြေတည်းဖွား တိုင်းရင်းသားညီအစ်ကိုများကို ချစ်ခင်ခြင်း၊ စောင့်
ရှောက်ခြင်းနှင့် တိုင်းပြည်နှင့်လူမျိုးအကျိုးကို ထာဝစဉ်သယ်ပိုးသွား လို့သည့်စိတ်ဓာတ်ပင်ဖြစ်ပေသည်။
အမှန်စင်စစ်မှာမူ ပြည်ထောင်စု ဖွားတိုင်းရင်းသားများသည် ရှေးပဝေသဏီကတည်းကပင် တစ်မြေ
တည်းနေ၊ တစ်ရေတည်း သောက်၊ မရှိအတူရှိအတူ၊ အေးအတူပူအမျှ။
( ဥမကွဲသိုက်မပျက်၊ ဆိုးတူကောင်းဖက် လက်တွဲနေထိုင်လာခဲ့ကြသည် မှာ ငြင်းဆို၍မရသော ပကတိအရှိတရားပင်ဖြစ်သည်။
ထို့ကြောင့် မျိုးဆက်သစ်များသည် တိုင်းပြည်နှင့်လူမျိုးအတွက်
အသက်တမျှ အရေးပါလှသော ထိုစိတ်ဓာတ်မျိုးကို
ဆက်လက်ထိန်းသိမ်းသွားရန် လိုအပ်ပေသည်။
ထိုနည်းတူစွာ တိုင်းရင်းသားအားလုံး လိုလားတောင့်တနေသည့်
သာယာဝပြောသော ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီးကိုလည်း မရှိအတူ၊ ရှိအတူ၊ အေးအတူ ပူအမျှ
အတူတကွနေထိုင်သွားမည်။ ပြည်ထောင်စုကြီး အတွင်းမှ မည်သည့်အခါမျှ ခွဲထွက်သွားမည်မဟုတ်
ဆိုသော တိုင်းရင်းသားစည်း လုံးညီညွတ်ရေးစိတ်ဓာတ်၊ ခိုင်မာသည့် ပြည်ထောင်စုစိတ်ဓာတ်စစ်စစ်ဖြင့်သာ
တည်ဆောက်သွားမည်ဆို လျှင် မဝေးတော့သည့် အနာဂတ်တွင် သာယာဝပြောသောဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီးပေါ်ထွန်းလာမည်မှာ
မြေကြီး လက်ခတ် မလွဲပင်ဖြစ်သည်။
ဆိုရလျှင် တိုင်းရင်းသားညီအစ်ကိုများသည် နယ်ချဲ့လက်အောက် ရောက်ခဲ့သည့်တိုင်အောင် အမျိုးသားရေး စိတ်ဓာတ်ကိုအခြေခံကာ လွတ်လပ်ရေးရရှိသည်အထိ တိုက်ပွဲဝင်ခဲ့ကြသည်။ ထိုသို့လွတ်လပ်ရေး အတွက်အရေး ပါသည့် အမျိုးသားနေ့၏အနှစ်သာရကို မျိုးဆက်သစ် လူငယ်များအကြား အမှတ်ထင်ထင်ရှိ နေရန်လည်း လိုအပ်ပေ သည်။ သို့မှသာလျှင် မိမိတိုင်းပြည်နှင့်လူမျိုးကို ချစ်မြတ်နိုးစိတ်နှင့် အချုပ် အခြာအာဏာ၏ အရေးပါမှု တို့ကို တန်ဖိုးထားတတ်လာနိုင်မည် ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ မျိုးဆက်သစ် တိုင်းရင်းသား ညီအစ်ကိုများ အနေဖြင့် ပြည်ထောင်စုကြီးသာယာဝပြောရေးအတွက် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကိုဖော်ဆောင်ရင်း မြန်မာတို့၏ ဇာတိသွေး၊ ဇာတိမာန်၊ မျိုးချစ်စိတ်ဓာတ် ရှင်သန်တက်ကြွလာစေရန်နှင့် လွတ်လပ်ရေးအတွက် သန္ဓေတည်ပေးခဲ့သော အမျိုးသားနေ့ကို ထာဝစဉ်သတိ ရတန်ဖိုးထားသွားစေလိုပါကြောင်း ဆန္ဒပြုရင်း (၁၀၁) နှစ်မြောက် အမျိုးသားနေ့ကို ဂုဏ်ပြုရေးသား လိုက်ရပါသည်။
No comments:
Post a Comment