ဒေါက်တာမောင်ကျော်
ပါမေက္ခချုပ်(ငြိမ်း)
မြန်မာအမျိုးသားပညာရေးလှုပ်ရှားမှုတစ်ရပ်၁၉၂၀ ပြည့်နှစ်ထဲမှာ ကြီးကြီးမားမား ပေါ်ပေါက်ခဲ့ပါတယ်။ လွတ်လပ်ရေးအတွက် ရှေ့ပြေးဖြစ်ခဲ့ပါတယ်။ ဒီလှုပ်ရှားဆောင်ရွက် ချက်ဟာ အမျိုးသားရေးကိစ္စကို ဗဟိုပြုခဲ့တာ ဖြစ်ပါတယ်။ အမျိုးသားအကျိုးစီးပွား (National Interest) ကောင်းကျိုးအတွက်ပဲ ဖြစ်ခဲ့ပါတယ်။ အထွေထွေနောက် မကျရေး၊ ဗလငါးတန်ဖွံ့ ဖြိုးရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေး၊ ပညာရည် မြင့်မားရေး၊ တိုင်းရင်းသားညီအစ်ကိုတွေနဲ့ စည်းလုံးညီညွတ်ရေးတို့ဟာ တကယ့်ကို ဦးတည်ရမယ့် အမျိုးသားရေးကိစ္စ၊ အမျိုးသားအကျိုးစီးပွားပဲဖြစ်ပါတယ်။
ဒီလှုပ်ရှားမှုရဲ့ အကြောင်းရင်းဇာစ် မြစ်ကတော့
မြန်မာနိုင်ငံမှာ ပေါ်ပေါက် လာတော့မယ့် ရန်ကုန်တက္ကသိုလ်မှာ မြန်မာတို့တက်ရောက်ရန်
ခက်ခဲတဲ့ ဥပဒေကို ဗြိတိသျှအစိုးရက တင်သွင်း ခဲ့တာက စခဲ့တာဖြစ်ပါတယ်။ သီပေါမင်း ပါတော်မူတဲ့နှစ်က
စရေတွက်မယ်ဆိုရင် မြန်မာနိုင်ငံဟာသူ့ကျွန်ဘဝရောက်ခဲ့တာ နှစ်ပေါင်း သုံးဆယ်၊ လေးဆယ်နီးပါး
ကြာခဲ့ပြီဖြစ်ပါတယ်။ တိုင်းတစ်ပါး လက်အောက်က လွတ်မြောက်လိုတဲ့ဆန္ဒ ပြင်းပြတဲ့ကာလ၊ မြန်မာတို့ဟာ
နိုးကြား ခဲ့တာဖြစ်ပါတယ်။ အမျိုးသားကျောင်း
များ ဖွင့်လှစ်သင်ကြားခဲ့ ပါတယ်။ စာမေး ပွဲများမှာ အင်္ဂလိပ်အစိုးရကျောင်းများ လောက်
အောင်ချက်မကောင်းသော်လည်း မျိုးချစ်စိတ်၊ ဝံသာနုစိတ်၊ လွတ်လပ်ရေး ရလိုတဲ့ စိတ်ဓာတ်များ
မွေးမြူနိုင်တာမို့ အတိုင်းမသိ အကျိုးထူး ခဲ့ပါတယ်။
မြန်မာနိုင်ငံ၏ သမိုင်းမော်ကွန်းများ
အမျိုးသားပညာရေးဖြစ်ဖို့ ကနဦး တာထွက်ခဲ့တဲ့
University Boycott မှသည် လွတ်လပ်ရေးရဖို့ သက်စွန့် ကြိုးပမ်းခဲ့တဲ့ တိုင်းရင်းသားလူမျိုး
အသီးသီးတို့သည်လည်းကောင်း၊ ဗုဒ္ဓ ဘာသာ ကလျာဏယုဝအသင်းချုပ် ကြီးတို့ က အမျိုးစောင့်ဝံသာနုရက္ခိတ
တရားပွားများအောင် ဆောင်ရွက်ချက် များသည် လည်းကောင်း၊ တို့ဗမာ အစည်းအရုံး၏ နိုင်ငံရေးအမြင်
ကြည်လင်စူးရှအောင် ဆောင်ရွက်ချက် များ သည်လည်းကောင်း၊ နိုင်ငံချစ်စိတ် မျိုးချစ်စိတ်
ထက်သန်ကြသော ရဲဘော် သုံးကျိပ်အမှူးပြုသည့် မျိုးချစ်များနှင့် တိုင်းရင်းသား ပြည်သူလူထု
လက်တွဲပြီး နိုင်ငံရေး ဆောင်ရွက်ချက်များသည် လည်းကောင်း မြန်မာနိုင်ငံ၏ သမိုင်း မော်ကွန်းများဖြစ်ပါ တယ်။
ယနေ့ အချိန် အခါ ကာလမျိုးမှာ ပို၍ တမ်းတ လွမ်းတသသ ဖြစ်ရပါတယ်။
လွတ်လပ်ရေးမရမီ၊ လွတ်လပ်ရေး ရပြီးကာလမှာ
ဗြိတိသျှ။ အိန္ဒိယ၊ သီရိ လင်္ကာနိုင်ငံတို့မှာ ဆိုရှယ်လစ်စနစ် ကျင့်သုံးတဲ့ကိစ္စဟာရေပန်းစားလေတော့
မြန်မာဟာလည်း ပြောဖွယ်ရာ မရှိဖြစ်တဲ့ ကာလ၊ နိုင်ငံရေးအယူအဆ အတွေး အခေါ်တွေ အဖွဲ့အစည်းလူထုအတွင်းမှာ
စိမ့်ဝင်ခဲ့ကာ သွေးခွဲသပ်လျှိုမှုတွေကို နိုင်ငံခေါင်းဆောင်တွေ ကြုံခဲ့ရပါတယ်။ မြန်မာဟာ
အိန္ဒိယနဲ့ သီရိလင်္ကာ နိုင်ငံ တို့နဲ့ မရှေးမနှောင်း လွတ်လပ်ရေးရခဲ့ပါ တယ်။ အိန္ဒိယက
၁၉၄၇ ခုနှစ် ဩဂုတ် ၁၅ ရက်မှာ လွတ်လပ်ရေးရခဲ့ပါတယ်။ အိန္ဒိယက ၁၉၅၀ ပြည့်နှစ်မှာ ဖွဲ့စည်းပုံနဲ့
သမ္မတနိုင်ငံ ထူထောင်ခဲ့ပါတယ်။ ဒီမတိုင်မီ ၁၉၄၆ ခုနှစ် စက်တင်ဘာ ၂ ရက်နေ့ကတည်းက ဖဆပလအဖွဲ့ချုပ်
ခေါင်းဆောင် တွေဟာ အစိုးရအဖွဲ့ ထဲကို ရောက်နေပြီဖြစ်ပါတယ်။
ပြည်တွင်း နိုင်ငံရေးအင်အားစုတွေ အာဃာတတွေ၊ မကျေမနပ်မှုတွေ ရှိခဲ့ပေလိမ့်မယ်။ “ဖဆပလအဖွဲ့ချုပ်ကြီး
နှစ်ခြမ်းကွဲ မည်ကို ဦးသန့်က သိနေသည်။ အာဏာ လွန်ဆွဲပွဲများ တစ်စတစ်စ ကြီးမားလာ နေလေတော့
ဦးသန့်ကိုယ်တိုင်ပင်လျှင် မြန်မာ့နိုင်ငံရေးဇာတ်ခုံကို စိတ်ကုန် သလောက်ဖြစ်နေပြီ”
လို့ မောင်ရွှေခေတ် ရေးသော ဦးသန့်၏ ဘဝအတွေ့ အကြုံ များ စာအုပ်တွင် ဖတ်ရှုရပါတယ်။
လူကောင်းဖြစ်အောင် ကြိုးစား
ပန်းတနော်အမျိုးသားကျောင်းဆရာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း
ဦးသန့်ဟာသူ့တပည့်များအား နှုတ်ဆက် စကားပြောကြားရာမှာ- “တပည့်တို့ လူတော် လူကောင်းဖြစ်အောင်
ကြိုးစား ကြပါ။ လူတော်ဖြစ်လျှင် တောင်မှ လူကောင်းဖြစ်အောင် ကြိုးစားကြပါ။ ဒီနေ့ဒို့နိုင်ငံမှာ
လူတော်လည်း သိပ်ရှား တယ်။ လူဆိုးတွေလည်း အများကြီးပဲ”
လို့ ထည့်သွင်းပြောသွားခဲ့တာကို ဖတ်ရ ပါတယ်။
၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက် နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည် ပုဂ္ဂိုလ်ကြီးများ
ရက်စက်စွာ လုပ်ကြံသတ်ဖြတ်ခံ လိုက်ရပါတော့ တယ်။
ဘေးပယောဂတွေ ရှိခဲ့တာတွေက တစ်မှောင့်၊ အမျိုးသားရေး ဝိသေသ လက္ခဏာတွေကို သတိလက်လွတ်တဲ့
သဘောဆောင်ခဲ့ပါလိမ့်မယ်။ လွတ်လပ်ရေးရပြီး ပန်းတိုင်ရောက်ပြီမို့
နားနား နေနေ ပျော်ပျော်ရွှင်ရွှင်နဲ့ ခရီးဆက်ကြ ရမည့်အစား နိုင်ငံရဲ့ အင်အားစုတွေဟာ သဟဇာတ ဖြစ်မလာကြဘဲ အချင်းချင်း အားပြိုင် အနိုင်ယူလိုမှု အောက်မှာ ပြည်သူတွေဟာ ကျီးလန့်စာစား၊
ကံကို ရိုးမယ်ဖွဲ့ ဖြစ်သမျှအကြောင်း အကောင်း ကြီးချည်းပဲလို့ ခံယူခဲ့သူ များပါတယ်။
လွတ်လပ်ရေးရရှိဖို့ မနေ့ကကိစ္စ တွေကို
ခွန်နဲ့အားနဲ့ ကြိုးပမ်းဆောင်ရွက် ခဲ့တဲ့ ဘိုးဘေးဘီဘင်တွေဟာ အနော် ရထာ၊ ကျန်စစ်သား
စတဲ့ဘုရင်မင်းမြတ် နဲ့ ပုဂံခေတ်ပြည်သူတွေလို တာဝန် ကျေပွန်ခဲ့ပါတယ်။ သူတို့ရဲ့ သာယာဝ
ပြောမှုကို ရှေ့တန်းမတင်၊ အနစ်နာခံ၊ နေ့မအားညမနား အားထုတ်ခဲ့သူတွေ ဖြစ်ပါတယ်။ သူတို့ထားခဲ့တဲ့
အမွေအနှစ် အတွေ့အကြုံနဲ့ အသီးအပွင့်ဖြစ်တဲ့ လွတ်လပ်ရေးကို ကျွန်တော်တို့တစ်တွေ ခံစားရတာဖြစ်ပါတယ်။
မိဘ အဘိုး အဘွားတို့ရဲ့ ခွန်အား အမြော်အမြင်နဲ့ စီမံပြုလုပ်ခဲ့တဲ့ အသီးအပွင့် အမွေအနှစ်
တွေကို ခံစားကြ သူတွေ ဖြစ်ပါတယ်။
ကောင်းမွေဆိုးမွေ
မနက်ဖြန်ကိစ္စတွေဟာ အနာဂတ် လူငယ်တွေနဲ့ ပြည်သူတွေပိုင်ဆိုင်ကြ
ပါတယ်။ တာဝန်ယူကြရလိမ့်မယ်။ ကောင်းမွေဆိုးမွေတွေထဲက ဘယ်လို ကောင်းမွေတွေကို ခွဲခြားယူကြမလဲ
ဆိုတာ သူတို့ဆုံးဖြတ်ကြရလိမ့်မယ်။ ကောင်းမွေတွေကို ယူတတ်ဖို့နဲ့ မကောင်းတာတွေ ပယ်တတ်တဲ့
အရည် အချင်းနဲ့ ဉာဏ်အမြော်အမြင်တွေရှိဖို့ ပြင်ဆင်ကြရပါလိမ့်မယ်။ “နိုင်ငံရေး နယ်ပယ်မှ
ပါတီများဟာ တန်ဖိုး အသီးသီးရှိကြသည်ကို အဘက်ဘက်မှ ဝန်ခံရမယ်။ ကောင်းမွန်သော အခြေ အနေကို ထင်ရှားစေပါသည်။
ပါတီစုံ စနစ်တွင် ပါတီတွေများပြား လာပါက ဆရာများ သားသေ၊ ငါးသိုင်းများ ဟင်းဟံသောအဖြစ်မျိုးနှင့် တူလေသည်”
ဆိုသော ဦးသန့်၏ နိုင်ငံရေး အမြော် အမြင်အရ သုံးသပ်ချက်ဟာ မှန်နေပြီလော။
ယူကေဝန်ကြီးချုပ် ဂျွန်မေဂျာက “နိုင်ငံရေးဆိုသည်
အတွေးအခေါ် ဝါဒ (ideology) ရဲ့အခန်းကဏ္ဍတစ်ခုတည်း မဟုတ်။ အဲဒီဝါဒရဲ့ လုပ်ငန်းစဉ်ကို
လက်တွေ့ ကျကျ သက်ဝင်လှုပ်ရှား ပါဝင်ရမယ်။ နိုင်ငံရေးသမားတွေမှာ အာဏာရှိတဲ့အခါ၊ အစိုးရအဖွဲ့ထဲရောက်
လာတဲ့အခါ၊ ရွေးချယ်မှုခံရတဲ့အခါ၊ တကယ်တမ်း
ကြည့်ရှုစောင့်ရှောက်ရ မှာကထိုနိုင်ငံရဲ့ အကျိုးစီးပွားဖွံ့ဖြိုးရေးပဲ”
ဖြစ်တယ်လို့ ၁၉၉၈ ခုနှစ် မတ်လထုတ် Newsweek မဂ္ဂဇင်းမှာ ဖွင့်ဆိုထားတာကို တွေ့ရပါတယ်။
အရေးပါအရာရောက်ရမည်
ဦးသန့်သည် ဘယ်သောအခါမှ နိုင်ငံရေးပါတီသို့
ဝင်ရောက်ခြင်းမရှိ၊ ပါတီထောင်နိုင်သော လူသစ်တစ်ဦး ပေါ်လာတိုင်း ရင်ခုန်မိသည်။ တူညီဝတ်စုံနှင့်
ပတ်သက်၍ ဦးသန့်ကလွတ်လပ်မှုကို အားပေးသည်။ ဗိုလ်ချုပ်အောင်ဆန်းက အမိနိုင်ငံအတွက် ညီရင်းအစ်ကိုကဲ့သို့
တစ်စိတ်တစ်သဘောတည်း တညီ တညွတ်တည်း ပူးတွဲ သစ္စာရှိမှုကို ညွှန်းသည်။ ပြည်တွင်းဖြစ်
အထည်တွေ ကို ဝတ်ရမည်။ “အရေးပါအရာရောက်ရ မည်” ဆိုသည့် ပင်ကိုစိတ်သဘောထား၊
“အမိနိုင်ငံ နိုင်ငံတော်အတွက်” “အရေးပါ အရာရောက်ရမည်”
စသည့် အမြော် အမြင်တို့ဟာ ထူးခြားတဲ့ အမျိုးသားရေး လက္ခဏာများပဲ ဖြစ်ပါတယ်။ “လွတ်လပ်
မှုကို အားပေးသည်” ဟု ဦးသန့် ဆိုရာ၌ ( တစ်ရွာနှင့်တစ်ရွာ သီဆိုသော တေး သီချင်း၊ ရွတ်ဆိုသော ဂါထာ၊ ရိုးရာ ( တိုင်းရင်းသားတို့ရဲ့
ထူးခြားလှပတဲ့ ဝတ်စုံဟာ တစ်ကျောင်းတစ်ဂါထာ တစ်ရွာတစ်ပုဒ် ဆန်းကိုဆန်းရမည်။ စွမ်းရည်
အသီးသီးရှိကြ သည်ကို အမြင့် ဆုံးသို့ ရောက်ရန် ညွှန်းခြင်းဖြစ်တယ်လို့ မြင်ပါတယ်။
ထိန်းကျောင်း တည့်မတ်ပေး
အမျိုးသားရေးကိစ္စတွေ တည်တံ့ ရှင်သန်အောင်၊
ထွန်းကားအောင် စာပေ တွေ၊ ဂီတအနုပညာ ပန်းချီကားချပ်ကြီး တွေ၊ ယဉ်ကျေးမှုအမွေအနှစ်တွေနဲ့
သဘာဝအလှအပတရားတွေက ထိန်း ပေးနိုင်ပါတယ်။ အမြင့်ဆုံးထိန်း ကျောင်း တည့်မတ်ပေးနိုင်တာကတော့
ပညာရေး ပဲ။ ပညာရေးဟာ နိုင်ငံနဲ့ လူမျိုးရှင်သန်မှု
ဖွံ့ဖြိုးတိုးတက်မှုနဲ့ လူ့ဘောင်ရဲ့ ညီညွတ်မှု၊ တည်ငြိမ်အေးချမ်းမှုရဲ့ အရင်းခံဖြစ်
ပါတယ်။ ပညာရေးက အမြော်အမြင်နဲ့ ဉာဏ်ရည်ဉာဏ် သွေးမြင့်အောင် နှလုံး ရည်မြင့်မားအောင်ထိ
စွမ်းဆောင်နိုင် ပါတယ်။ နိုင်ငံနဲ့လူမျိုးရဲ့ အသက်ဝိညာဉ် ဟာ ပညာရေးပဲဖြစ်ပါတယ်။
အမျိုးသားရေးလက္ခဏာတွေ ရှိတဲ့ နိုင်ငံတွေကို
ထောက်ပြပါဆိုလျှင် လေ့လာဆည်းပူးမှုအရ ဂျာမနီနိုင်ငံ၊ ဗီယက်နမ်နိုင်ငံနဲ့ ဂျပန်နိုင်ငံတို့
ဖြစ်ပါ တယ်။ ဂျပန်ဟာ စစ်ရှုံးတော့ စစ်ကျော် ကြေးပေးရတဲ့နိုင်ငံ၊ ရုပ်ပိုင်းဆိုင်ရာ
စိတ်ပိုင်းဆိုင်ရာမှာ ပြာပုံဘဝက ထခဲ့ရ တယ်လို့
ခန့်မှန်းလို့ရပါတယ်။ ဂျပန်ဟာ တိုင်းပြည်ရဲ့ ၁၀ ရာခိုင်နှုန်းကို အရင်းရှင် စနစ်၊ ကျန်
၉၀ ရာခိုင်နှုန်းကို ဆိုရှယ် လစ်စီးပွားရေးစနစ်နဲ့ တိုင်းပြည်ကို ပြာပုံကထဖို့ နှစ်ပြိုင်စီးပွားရေးစနစ်ကို
ကျင့်သုံးခဲ့တာ အလုပ်ဖြစ်ခဲ့တယ်။ Made in Japan ဆိုတာ “အရည်အသွေးညံ့ လိုက်တာ ဆိုတဲ့ ပြက်ရယ်ပြုတဲ့ စကား ကို သည်းခံနိုင်စွမ်းရှိတယ်။
သင်ယူလိုစိတ်၊ အများတကာထက် နောက်ကျ ကျန်ရစ်မှာကို
စိုးရိမ်တဲ့စိတ် တွေဟာ ဂျပန်တို့အတွက် ချမ်းသာခြင်း အကြောင်းတရားတွေပဲ။ အမျိုးကိုချစ်
တဲ့စိတ် အမျိုးသားရေးစိတ်ဓာတ်မယိမ်း မယိုင် ခိုင်မာလို့ပဲလို့ သုံးသပ်ပါတယ်။ ၁၉၈၀ ပြည့်နှစ်များမှာ
ဂျပန်ရဲ့ ဗျူရို ကရက်တစ် အရင်းရှင်စနစ်ဟာ အံ့ဩ ဖွယ်ကောင်း လောက်အောင် အောင်မြင်ခဲ့
တာ တွေ့ရပါတယ်။ ၁၉၉၇ ခုနှစ်မှာ အဆင့်မြင့်ပညာရှင်တွေ နည်းပညာ လုပ်သားပညာရှင် အင်အား
၆၇ ဒသမ ၉ သန်းထိ ရောက်ခဲ့ပါတယ်။ ဆိုရှယ် လစ်၊ အရင်းရှင်နိုင်ငံရေးအင်အားစု တောင့်တင်းသလို
နည်းပညာရှင် အင်အားဟာလည်း အမျိုးသားရေး အင်အားစုပဲ။ မြင့်မားတဲ့ ဒီနည်းပညာ စွမ်းပကားဟာ
နှစ်သုံးရာကြာ ရပ်တည် နေမယ့် အာရှက နိုင်ငံတစ်နိုင်ငံ ဖြစ်တယ်လို့ခန့်မှန်းကြပါတယ်။
နှစ်ခြမ်း ကွဲခဲ့တဲ့ ဗီယက်နမ်၊ ဂျာမနီနိုင်ငံတို့ဟာ နိုင်ငံရေးအင်အားစုတွေ၊ ကာကွယ်ရေး
အင်အားစုတွေ ကောင်းလို့၊ ကွဲပြားခြား နားတဲ့ နိုင်ငံရေးသဘောတရား (Ideologyအပေါ် သဘောထားကြီးနိုင်တဲ့
အမျိုးသားရေး အမြော် အမြင်၊ ဂျာမန်ဆိုတဲ့ အမျိုးသားရေးစိတ်ဓာတ် တွေက ပေါင်းစည်းပေးလိုက်တယ်လို့ပြောရမှာ ဖြစ်ပါတယ်။
ကျွန်တော်တို့ဟာ လူဦးရေထူပြော တဲ့ တရုတ်၊
အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံကြားမှာရှိတယ်။ တိုင်းတစ်ပါး အောက် ရောက်ခဲ့ပြီဆိုကတည်းက
မြန်မာတို့ ရုန်းကန်ကြီးထွားလာခဲ့ရပုံ တွေဟာ အခြားသော နိုင်ငံတွေနဲ့မတူ ညီခဲ့တော့ပါဘူး။
အနီးစပ်ဆုံး ဥပမာ ကတော့ ထိုင်းနိုင်ငံပါပဲ။ ကိုလိုနီနိုင်ငံ မဖြစ်ခဲ့ပါဘူး။ ဘုရင်စနစ်ဟာ
ယနေ့တိုင် တည်မြဲလျက်ရှိနေပါတယ်။
မြန်မာ့နိုင်ငံရေး အကျပ်အတည်း
ပြန်ပြီးကောက်ရရင် လွတ်လပ်ရေး ရခါစ၊ ရပြီးနောက်ပိုင်း
၁၀ နှစ်အတွင်းမှာ မြန်မာ့နိုင်ငံရေး အကျပ်အတည်း ရှိခဲ့ တာကို တွေ့ရပါတယ်။ လက်နက်စွဲကိုင်မှု
တွေအထိ မြင်ခဲ့တော့ မြန်မာ့တပ်မတော် ဟာ အမိနိုင်ငံတော်အတွက် အမျိုးသား နိုင်ငံရေးထဲ
ရောက်လာရပါတော့တယ်။ (အမေရိကန်စတိုင် ဒီမိုကရေစီနည်းလမ်း နဲ့ ဖြေရှင်းပေးဖို့ အခြေအနေမပေးလေ
တော့ တပ်ကို တွန်းပို့လိုက်သကဲ့သို့ ဖြစ်ခဲ့တယ်လို့ သုံးသပ်ရမှာ ဖြစ်ပါတယ်။
တိုင်းရင်းသားညီအစ်ကိုတွေထိ အချင်း ချင်း
ထိပ်တိုက်ရင်ဆိုင်မှုတွေဟာ ပြင်းထန်လာခဲ့တယ်။ တစ်ဦးနဲ့တစ်ဦး တစ်ဖွဲ့နဲ့တစ်ဖွဲ့ ခါးသီးမှု၊
မုန်းတီးမှု ထိရောက်ခဲ့လာတော့ သယံဇာတ၊ လမ်း
တံတားတွေ ဆုံးရှုံးတာ အဓိကမဟုတ်၊ အေးအတူပူအမျှ ငြိမ်းငြိမ်းချမ်းချမ်းနေ လိုတဲ့ဆန္ဒ၊ အမျိုးသားအကျိုးစီးပွားရှေးရှု တဲ့ဝိသေသ၊
နိုင်ငံတကာအလယ်မှာ ထည်ထည်ဝါဝါနဲ့နေနိုင်တဲ့ လက္ခဏာ တွေကအဓိကဖြစ်လာတာ တွေ့ရပါ တယ်။ ၂၀၀၀
ပြည့်နှစ်များမှာ အမျိုးသားရေး စရိုက်လက္ခဏာတွေ တည့်မတ်လာတာ တွေ့ရပါတယ်။ ပညာရေး လက်လှမ်းမီ
အောင်လူရှိတဲ့နေ ရာမှာ ကျောင်းဆောက်၊ အရည်အချင်း မြင့်သထက်မြင့်အောင်၊ ပညာတတ် သည်ထက်
တတ်အောင်၊ ကျွမ်းကျင်မှု အရည်အသွေး မြင့်သည်ထက်မြင့်အောင်၊ တက္ကသိုလ်၊ ကောလိပ်တွေ တည်ထောင်
ခဲ့တာ၊ အမျိုးသားရေး လူ့စွမ်းအားအရင်း အမြစ်
မွေးထုတ် ဆောင်ကြဉ်းပေးခြင်း ပဲဖြစ်တယ်။ စီးပွားရေး ဖွံ့ဖြိုးလာအောင် တိုင်းရင်းသားလုပ်ငန်းရှင်တွေ
ပေါ်ပေါက်နိုင်အောင်၊ တောင်ပေါ် မြေပြန့် ညီအစ်ကိုအချင်း ချင်းတွေ့နိုင် သွားနိုင်လာနိုင်အောင်
အင်အားထည့် လုပ်ခဲ့တာတွေကိုလည်း အသိအမှတ် ပြုရမှာဖြစ်ပါတယ်။ အနှစ်နှစ်အလလက ကြံစည်စိတ်ကူးခဲ့တဲ့
အဝေးပြေး လမ်းမကြီးနဲ့ နေပြည်တော်ကို အကောင်
အထည်ဖော်တာ တွေ့ရမှာဖြစ်ပါတယ်။
လွတ်လပ်ရေးကိုထိန်းသိမ်းစောင့်ရှောက်
အနှစ်ချုပ်ကိုတင်ပြရရင် အမျိုးသားရေး
ဝိသေသများဖြစ်တဲ့-နိုင်ငံလွတ်လပ် ရေးကို ထိန်းသိမ်း စောင့်ရှောက်ကြ ရလိမ့် မယ်။ နှစ်ပေါင်း
ထောင်သောင်းမက အေးအတူပူအမျှ အတူတကွ နေထိုင်ခဲ့ ကြတဲ့တိုင်းရင်း သား ညီအစ်ကို တစ်တွေ
နဲ့အတူ လက်တွဲကာ ရှေ့ခရီးကို အမျိုးသားနေ့မှသည် အနာဂတ်ဆီသို့ ပျော်ပျော်ပါးပါးနဲ့ လျှောက်လှမ်းကြရ လိမ့်မယ်။ ယနေ့အချိန်အခါမှာ
နိုင်ငံရေး တည်ငြိမ်မှု ရင့်ကျက်လာအောင် အကိုင်း
အခက် အသီးအပွင့်တွေ ဝေဝေဆာဆာ ဖြစ်တဲ့ အရိပ်ရသစ်တောကြီးဖြစ်အောင်
ရှေးရှုကြရလိမ့်မယ်၊ စုပေါင်းအားနဲ့ အေးအေးဆေးဆေး ဖြည်းဖြည်းနဲ့ မှန်မှန် တည်ထောင်ကြရပေဦးမည်။
“တော ကောင်းသဖြင့် ကျားလုံ၊ ကျားရှိသဖြင့် တောလည်း လုံခြုံ”
သကဲ့သို့ အချင်းချင်း အပြန်အလှန် အကျိုးပြုကြခြင်းဖြင့် အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတ်
တဲ့ နိုင်ငံအဖြစ် ရပ်တည်နိုင်မှာ ဖြစ်ပါကြောင်း (၁၀၁) နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ကို
ဂုဏ်ပြုရေးသားအပ် ပါသည်။
ကျမ်းကိုး - Myanmar, Facts and Figures March, 2000, Ministry of
ဦးသန့်၏ဘဝအတွေ့အကြုံများ
မောင်ရွှေခေတ် - နှစ်ဆယ်ရာစု မြန်မာနိုင်ငံ၊
ရန်ကုန်တက္ကသိုလ် ပညာရေး ဝန်ကြီးဌာန၊ ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀) ပြည့် အထိမ်းအမှတ်
ဆောင်းပါး(၂) ပြန်ကြားရေး ဝန်ကြီးဌာန၊ ၂၀၂၁ ခုနှစ်၊ ဇွန်လ Asia Pacific: Its Role in the new World Order, (Myanmar Burma) by MS Dobbs - Higginson, New Light of Myanmar (Month? 1998)
No comments:
Post a Comment