ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ဆောင်ရွက်ချက်များအကြောင်း သိကောင်းစရာ အစီအစဉ်
မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ စက်တင်ဘာ ၆ ရက် ည ၈ နာရီသတင်းအပြီးတွင် ထုတ်လွှင့် ပြသခဲ့သည့် ကိုဗစ် -၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ဆောင်ရွက်ချက်များအကြောင်း သိကောင်းစရာ အစီ အစဉ်ကို ပြည်သူများသိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။
အစီအစဉ်မှူး။ ။ နိုင်ငံတစ်ဝန်း ကိုဗစ် - ၁၉ တတိယလှိုင်းဖြစ်ပွားနေတာနဲ့ ပတ်သက်ပြီး ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဌာန ကျန်းမာရေးအသိပညာမြှင့်တင် ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုး နဲ့ တွေ့ဆုံမေးမြန်းသွားမှာ ဖြစ်ပါတယ်။
ကမ္ဘာပေါ်မှာ ဗိုင်းရပ်စ်မျိုးကွဲတွေကြေညာထား တာရှိပါတယ်။ ကိုဗစ် - ၁၉ ဗီဇပြောင်း ဗိုင်းရပ်စ်တွေ နဲ့ ပတ်သက်ပြီး ပြောကြားပေးပါဦး။
ဒေါက်တာသန်းနိုင်စိုး။ ။ ဒီနေ့ဆွေးနွေးသွားမယ့် အကြောင်း အရာက ကိုဗစ်ရောဂါရဲ့ ဗီဇပြောင်း မျိုးကွဲတွေ မြန်မာနိုင်ငံနဲ့ ကမ္ဘာပေါ်မှာ တွေ့ရှိနေရတဲ့ အနေအထားတွေကို ဦးစွာအကျဉ်းချုံး တင်ပြပါမယ်။
မြန်မာနိုင်ငံမှာ ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ကိုဗစ် - ၁၉ ရောဂါ မျိုးဗီဇပြောင်းလဲတာတွေကို ထုတ်ပြန်ခဲ့တာ သုံးကြိမ်ရှိပြီဖြစ်ပါတယ်။ ဇွန်လ ၁၅ ရက်မှာ ပထမအကြိမ် ထုတ်ပြန်ခဲ့တာက ဇွန်လ ၃ ရက်မှာ တပ်မတော်ဆေးသုတေသနတပ်ဖွဲ့ ဓာတ်ခွဲခန်းနဲ့ စင်ကာပူနိုင်ငံမှာရှိတဲ့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ရဲ့ ရည်ညွှန်းဓာတ်ခွဲခန်းတို့က ရတဲ့အဖြေတွေ အရ ကလေးမြို့က တစ်ဦး၊ မြိတ်မြို့က သုံးဦး၊ မန္တလေးမြို့က လေးဦး၊ တမူးမြို့က နှစ်ဦးနဲ့ ရန်ကုန် မြို့ကပြည်ပပြန် တစ်ဦး စုစုပေါင်း မျိုးဗီဇပြောင်း ပိုးတွေ့တဲ့သူ ၁၁ ဦး ရှိခဲ့ကြောင်းဖြစ်ပါတယ်။
ဒီမျိုးဗီဇပြောင်းပိုးတွေ့ရှိမှုမှာ ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့က သတ်မှတ်ထားတဲ့ စိုးရိမ်ဖွယ်ရှိတဲ့ မျိုးဗီဇပြောင်းလဲမှု Variant of Concern (VOC) အနေနဲ့ “အယ်လ်ဖာ” နှစ်ဦးနဲ့ ‘‘ဒယ်လ်တာ” ငါးဦး၊ စိတ်ဝင်စားဖွယ်ကောင်းပြီး နောက်ပိုင်းပြင်းထန်လာနိုင်တဲ့ စောင့်ကြည့်ရမယ့်အနေအထားရှိတဲ့ Variant of Interest (VOI)အနေနဲ့ “ကပ်ပါ” လေးဦး စုစုပေါင်း ၁၁ ဦး တွေ့ရှိပါတယ်။
ဇူလိုင်လထဲမှာ စင်ကာပူနိုင်ငံရှိ ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့ ရည်ညွှန်းဓာတ်ခွဲခန်းကနေ နောက် တစ်သုတ် အဖြေရတဲ့အခါ ‘ဘီတာ’ ဗိုင်းရပ်စ်ကိုပါ တွေ့ရှိရကြောင်း သိရှိခဲ့ရပါတယ်။ သြဂုတ်လ ၃၁ ရက် သတင်းထုတ်ပြန်ချက်မှာ ‘ဒယ်လ်တာ’ ဗိုင်းရပ်စ်ကို နေပြည်တော် ငါးဦး၊ ရန်ကုန် နှစ်ဦး၊ မန္တလေး နှစ်ဦး၊ စစ်တွေ၊ တောင်ငူ၊ လားရှိုး၊ မော်လမြိုင်၊ မုံရွာနဲ့ ကလေးမြို့ တို့ကနေ တစ်ဦးစီ စုစုပေါင်း ၁၅ ဦး တွေ့ရှိကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ ဗိုင်းရပ်စ်မျိုးကွဲတွေနဲ့ ပတ်သက်ပြီး ကျန်းမာရေး ဝန်ကြီးဌာန အနေနဲ့ သတင်းထုတ်ပြန်ချက်တွေအရ မြန်မာနိုင်ငံမှာ ‘အယ်လ်ဖာ’ ‘ဘီတာ’၊ ‘ဒယ်လ်တာနဲ့ ‘ကပ်ပါ’ တို့ ကို ရှေးဦးစွာ တွေ့ရပါတယ်။ အခု နောက်ပိုင်းမှာ ‘ဒယ်လ်တာ’ ဗိုင်းရပ်စ်မျိုးကွဲက အများဆုံးဖြစ်ပွားတာ တွေ့လာရပါတယ်။
ဒီလိုမျိုးဗီဇပြောင်းဗိုင်းရပ်စ်တွေ နဲ့ပတ်သက်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကအဓိက အုပ်စုနှစ်ခု ခွဲခြား သတ်မှတ်ထားပါတယ်။ နံပါတ်တစ်အုပ်စုက စိုးရိမ်ဖွယ်ကောင်းပြီး ကူးစက်မှုနှုန်း အလွန်မြန်တဲ့ အတွက် စောင့်ကြပ်ကြည့်ရှုရမယ့် မျိုးဗီဇပြောင်းလဲ မှုကို variant of Concem လို့ သတ်မှတ် ပါတယ်။ နံပါတ်နှစ်အုပ်စုက စိတ်ဝင်တစားနဲ့ စောင့်ကြပ် ကြည့်ရှုရပြီး မကြာခင်မှာ Variant of Concern ထဲမှာ ပါဝင်နိုင်တဲ့ အလားအလာရှိတဲ့ ဗိုင်းရပ်စ်တွေကို Variant of Interest လို့ သတ်မှတ်စောင့်ကြည့်ပါတယ်။ အမေရိကန်ရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဗဟိုဌာန (US CDC) အနေနဲ့ စောင့်ကြည့်တာကို Variant of High Consequence ဆိုပြီး နောက်တစ်မျိုး ထပ်တိုးပါတယ်။ Variant of High Consequence က ဗိုင်းရပ်စ်မျိုးဗီဇ ပြောင်းလဲမှုကြောင့် လက်ရှိကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းစဉ် တစ်ခုလုံးကို ပြောင်းလဲသွား နိုင်ကာ ကျန်းမာရေး ဆိုင်ရာပြဿနာအများကြီးရှိ နိုင်တဲ့ ဗိုင်းရပ်စ်အသစ်တစ်မျိုး ပေါ်ထွက်လာပါက Variant of High Consequence ဆိုပြီးသတ်မှတ်မှာ ဖြစ်ပါတယ်။ လက်ရှိကမ္ဘာပေါ်မှာ ပေါ်ထွက်နေတဲ့ ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲတွေက Variant of High Consequenceလို့သတ်မှတ်ရမယ့်ဗိုင်းရပ်စ်တစ်ခုမှ မရှိသေးပါဘူး။
စိတ်ဝင်တစားစောင့်ကြည့်ရတဲ့ Variant of Interest အဖြစ် စာရင်းဝင်ဖို့အတွက် (၁) မူလ ကိုရိုနာဗိုင်းရပ်စ်ကနေ မျိုးပြောင်းလာပြီး ရောဂါ ကူးစက်မှုနဲ့ ပြင်းထန်မှုအပေါ် ပြောင်းလဲလာနိုင် တယ်၊ (၂) ကာကွယ်ဆေးတွေ ထိုးနှံထားခြင်းနဲ့ ကိုဗစ်ရောဂါ ကူးစက်ခံခဲ့ရခြင်းတို့ကြောင့် ရရှိထား တဲ့ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကို ပြန်လည်ပြီး ရှောင်လွှဲနိုင်တဲ့ အစွမ်းရှိလာနိုင်မယ်၊ (၃) ရောဂါ ကုသရေးနဲ့ ရောဂါရှာဖွေရေးမှာ ထိခိုက်နိုင်တဲ့ အလားအလာရှိလာတယ်၊ (၄) ကူးစက်မှုတွေက လည်း အချိန်နှင့်အမျှ နေရာဒေသအလိုက် များလာ တယ်လို့ သတ်မှတ်ရင် Variant of Interest ထဲကို စာရင်းသွင်းဖို့ စတင်စောင့်ကြည့်ပါတယ်။ Variant of Interest ထဲမှာ စာရင်းဝင်နေပြီဖြစ်တဲ့ ဗိုင်းရပ်စ် အနေနဲ့ကလည်း ခုနကတင်ပြခဲ့တဲ့ အချက်တွေနဲ့ ပြည့်စုံကြောင်းသက်သေ ခိုင်လုံ လာတယ်။ ကူးစက်မှု တွေက နိုင်ငံနဲ့ဒေသတွေ တော်တော်များများကို ကူးစက်ပြန့်ပွားလာတယ်။ ရောဂါအနေနဲ့ ပြင်းပြင်း ထန်ထန်ဖြစ်ပွားတာ တွေ့ရှိလာရပါတယ်။ ဒီလို အစွမ်းတွေပြလာတယ် ဆိုရင် Variant of Concern လို့ စိုးရိမ်စွာနဲ့စောင့်ကြည့်ရမယ့် ဗိုင်းရပ်စ်မျိုးကွဲ စာရင်းထဲကို တစ်ဆင့်မြှင့်ပြီး ထည့်သွင်းသတ်မှတ် ပါတယ်။ Variant of Concern တွေက တရုတ် ပြည်သူ့သမ္မတနိုင်ငံ ဝူဟန်မြို့မှာ စတင်တွေ့ရှိတဲ့ မူလကိုရိုနာဗိုင်းရပ်စ်ထက်ပိုပြီး ကူးစက်တဲ့နေရာနဲ့ ရောဂါပြင်းထန်စွာဖြစ်ပွားနိုင်တဲ့အပေါ်မှာ သိသိသာသာ အစွမ်းထက်ကြပါတယ်။
Variant of Concern တွေထဲမှာ အရင်ဆုံးပါတဲ့ “အယ်လ်ဖာ” ဗိုင်းရပ်စ်က မူလဗိုင်းရပ်စ်ထက် ၅၀ ရာခိုင်နှုန်း ပိုမိုကူးစက်နိုင်ပြီး ဆေးရုံတက်ရတဲ့နှုန်းနဲ့ ရောဂါကြောင့်သေဆုံးတာ ပိုမိုမြင့်မား စေပါတယ်။ ကာကွယ်ဆေးတွေရဲ့ အာနိသင်ထက်မြက်မှုအပေါ် ကို ပြင်းပြင်းထန်ထန် သက်ရောက် မှုမတွေ့ခဲ့ရဘူး။ ဒုတိယစာရင်းထဲပါတဲ့ “ဘီတာ” ဗိုင်းရပ်စ်က မူလ ဗိုင်းရပ်စ်ထက် ၅၀ရာခိုင်နှုန်း ပိုမိုကူးစက်ပြီး အသက်(၆၀)အောက်တွေမှာ ဆေးရုံတက်ရတဲ့နှုန်းနဲ့ ရောဂါကြောင့်သေဆုံးတာ ပိုမိုမြင့်မားစေပါတယ်။ ရောဂါဖြစ်ပြီးသူတွေမှာ ထွက်တဲ့ Neutralizing Antibodies လို့ခေါ်တဲ့ ခန္ဓာကိုယ်ထဲကနေ တကယ့် ရောဂါကို ခြေဖျက်နိုင်တဲ့ ပဋိပစ္စည်းကို ရှောင်လွှဲနိုင် ပါတယ်။ ဒါကြောင့် ကိုဗစ်ရောဂါဖြစ်ပြီးသူတွေမှာ ဘီတာကြောင့် ရောဂါပြန်ဖြစ်နိုင်ပါတယ်။ ဒီလိုပဲ ကာကွယ်ဆေး အချို့ရဲ့ အာနိသင်ကို လျော့ကျစေပါတယ်။ ဒါကြောင့် “ဘီတာက စိုးရိမ်ရတဲ့ စာရင်းအထဲမှာ ပါလာတယ်။
နောက်တတိယ Variant of Concern တစ်ခု “ဂါမာ” မျိုးဗီဇကို P.1.1, P.1.2 လို့ ခေါ်ပါတယ်။ ‘ဂါမာ’ က ဘရာဇီးနိုင်ငံက အစပြုပြီး စတွေ့တာ ဂျပန်နိုင်ငံမှာ ဖြစ်ပါတယ်။ ၂၀၂၀ပြည့်နှစ် နိုဝင်ဘာ လမှာ ဘရာဇီးကလာတဲ့သူလေးယောက်မှာ စတွေ့ပါတယ်။ ‘ဂါမာ’ မျိုးဗီဇက Neutralizing Antibodies ကို ချေဖျက်နိုင်တယ်။ ကာကွယ်ဆေးထိုးထားသူနဲ့ ရောဂါဖြစ်ပွားပြီးသူမှာ ပြန်ပြီးဖြစ်ပွားနိုင်ခြေများ ပါတယ်။ မူလဗိုင်းရပ်စ်ထက်စာရင် ပိုပြီးရောဂါ ပြင်းထန်မှုနဲ့ ဆေးရုံတက်ရောက်ရမှုတွေများပါ တယ်။
စတုတ္ထ Variant of Concern တစ်ခုက 'ဒယ်လ် တာ” မျိုးဗီဇဖြစ်ပါတယ်။ “ဒယ်လ်တာ' ပေါ်လာတဲ့ အခါ ပထမ Variant of Concern တွေ ဖြစ်တဲ့ ‘အယ်လ်ဖာ’၊ ‘ဘီတာ’ ‘ဂါမာ’ တို့တောင် ‘ဒယ်လ်တာ’ နဲ့ တွေ့တဲ့အခါ သိပ်အစွမ်းမပြနိုင်တော့ဘူး ဖြစ်သွားပါတယ်။ ‘ဒယ်လ်တာ’ က VOC ထဲမှာ ထိပ်ဆုံးလောက်ကို ဖြစ်သွားတယ်။ ကူးစက်မှုနှုန်းက နှစ်ဆကနေ သုံးဆအထိမြန်တယ်။ လူကြီးတွေ အပြင်လူငယ်တွေကိုပါ အများအပြားကူးစက်စေနိုင်တယ်၊ ကာကွယ်ဆေးတွေရဲ့ ထိရောက်မှုလည်း ကျနိုင်တယ်။
Neutralizing Antibodies calon pol ဖြစ်ပြီးသားသူတောင် အတိုင်းအတာတစ်ခုအထိပဲ ခံနိုင်ရည်ရှိမယ်။ ကာကွယ်ဆေးထိုးထားပြီးသူတွေ မှာလည်း ဒီရောဂါပိုးဝင်လာရင် ရောဂါပြင်းပြင်း ထန်ထန်မဖြစ်တာလောက်ပဲ ရှိနိုင်တယ်။ ကာကွယ် ဆေးထိုးထားပြီးသူကနေ ပိုးသယ်ဆောင်ပြီး အခြား သူကို ဆက်လက်ကူးစက်သွားစေနိုင်တာတွေ့လာရ ပါတယ်။ ‘ဒယ်လ်တာ’ ကို B.1.6 17.2.A.Y.1 A.Y.2 A.Y.3 လို့လည်း ခေါ်ပါတယ်။ ‘ဒယ်လ်တာ’ နောက် မှာ ဆက်ပြီး ‘Delta plus’ ဆိုပြီး ထွက်လာသေးတယ်။ ‘Delta plus’ က ‘ဘီတာ’ နဲ့ ‘ဂါမာ’ မှာရှိတဲ့ ဂုဏ်သတ္တိတွေ သယ်လာပါတယ်။ ကံကောင်းတဲ့ အချက်က ‘ဒယ်လ်တာ’ လိုပဲ ပြုမူတယ်။ ‘ဒယ်လ်တာ’ တွေများတဲ့အခါ ‘Delta plus’ က သိပ်ပြီး ခေါင်းထောင်လို့မရဘူးဆိုတော့ ‘Delta plus’ ရဲ့ ကူးစက်မှုက နောက်ပိုင်းမှာ သိပ်ပြော ကြတာ မတွေ့ရပါဘူး။
‘ဒယ်လ်တာရဲ့ ထူးခြားချက်က မျိုးဗီဇပြောင်း တဲ့နေရာ ကြီးကြီးမားမား အနည်းဆုံး နှစ်နေရာ ရှိလို့ Double Mutant လို့လည်း ခေါ်ကြတယ်။ ဒါပေမယ့် ကာကွယ်ဆေးတွေရဲ့ ထိရောက်မှုက ‘ဒယ်လ်တာ’ အပေါ်မှာ ရှိနေတုန်းဖြစ်ပါတယ်။ ကာကွယ်ဆေးတွေက ‘ဒယ်လ်တာ’ ကူးစက်မှုကို အတိုင်းအတာတစ်ခုအထ ိလျှော့ချပေးနိုင်ပြီးရောဂါ ပြင်းပြင်းထန်ထန် ဖြစ်ပွားမှုကို ထိထိ ရောက်ရောက် အကာအကွယ်ပေးနိုင်စွမ်း ရှိနေတုန်းဖြစ်ပါတယ်။
Variant of concern လေးမျိုးကို ကျန်းမာရေးအဖွဲ့က ဩဂုတ်လ ၃၁ ရက် Weekly Epidemiology Update မှာ ‘အယ်လ်ဖာ’ က နိုင်ငံပေါင်း ၁၉၃ နိုင်ငံ၊ ‘ဘီတာ’က ၁၄၁ နိုင်ငံ၊ ‘ဂါမာ’က ၉၁ နိုင်ငံ၊ ‘ဒယ်လ်တာ’က နိုင်ငံ ၁၇၀ ကို ရောက် ပြီးဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံ မှာ ဒီလေးမျိုးထဲက သုံးမျိုးကို တွေ့ရပါတယ်။ ဒီလေးမျိုးကနေ နောက်တစ်ဆင့်တက်တဲ့ US CDC က သတ်မှတ်ထားတဲ့ Variant of High Consequence ဘဝကို တက်မသွားတာက ကံကောင်းတဲ့အချက် ဖြစ်ပါတယ်။ ဘယ်လောက်ပဲ မျိုးပြောင်းနေသည်ဖြစ်စေ လက်ရှိကာကွယ် ဆေးတွေ၊ ရောဂါ ရှာဖွေတဲ့၊ ကုသတဲ့ စနစ်တွေက အဲဒီ မျိုးကွဲတွေအပေါ် အများကြီး ထိရောက်မှု ရှိနေသေး တယ်ဆိုတာ တွေ့ရပါတယ်။ ဆိုရှယ်မီဒီယာတွေမှာ ပြောနေသလို ဗိုင်းရပ်စ်က တကယ်ကို ပုံစံပြောင်းသွားပြီ ဓာတ်ခွဲစမ်းသပ်စစ်ဆေးပြီး ရှာလို့တောင် မတွေ့တော့ဘူးဆိုတာ မရှိသေးပါဘူး ဆိုတာ ရှင်းပြချင်ပါတယ်။ လက်ရှိအနေအထားအရ Variant High Consequence List ထဲပါတဲ့ ဗိုင်းရပ်စ် မရှိသေးဘူးဆိုတာ တင်ပြလိုပါတယ်။
စိတ်ဝင်တစား စောင့်ကြည့်ရမယ့်စာရင်း (Variant of Interest) မှာ နောက်ဆုံးပါဝင်လာတဲ့ ‘မြူ’ နဲ့ဆိုရင် ငါးမျိုးရှိပါပြီ။ အရင်ဆုံးပါတာက ‘ဒီတာ’ က B.1.5.2.5 လို့ခေါ်ပါတယ်။ ယူကေနဲ့ နိုက်ဂျီး ရီးယားနိုင်ငံတို့မှာ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလမှာ တွေ့ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ စိတ်ဝင်တစား စောင့်ကြည့်ရမယ့် စာရင်းထဲကို ၂၀၂၁ ခုနှစ် မတ်လမှာ ထည့်သွင်းထားပါတယ်။ ထူးခြားချက်က သူ့ရဲ့ဆူးချွန်တွေမှာ မျိုးပြောင်းလဲမှုတွေဖြစ်တဲ့အခါ လူလုပ်ပဋိပစ္စည်းတွေနဲ့ ကုသတဲ့အခါ ထိရောက်မှု အားနည်းတာကို တွေ့ရပါတယ်။
နောက်တစ်ခု ‘အိုင်ရိုတာ’ ဗိုင်းရပ်စ်ပါ။ နယူးယောက်မှာ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလမှာ တွေ့တယ်။ သူ့ကို B.1.5.2.6 လို့ခေါ်ပါတယ်။ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ရဲ့ စောင့်ကြည့်ရမယ့် စာရင်းထဲ ကို ၂၀၂၁ ခုနှစ် မတ်လမှာ ပါဝင်တယ်။ သူက ပဋိ ပစ္စည်းတွေနဲ့ကုသတာနဲ့ ကာကွယ်ဆေးတွေရဲ့ ထိရောက် နိုင်စွမ်းတွေကို လျော့ကျစေတာ၊ ရောဂါ ဖြစ်ပြီးသားသူတွေမှာ ပြန်ပြီးဖြစ်နိုင်တာတွေကို ရှိနိုင်တယ် လို့ တွေ့ရပါတယ်။ ဆက်ပြီး စောင့်ကြည့် ရမှာဖြစ်ပါတယ်။
နံပတ် (၃) ‘ကပ်ပါ’ မျိုးဗီဇပါ။ မြန်မာနိုင်ငံမှာ တွေ့ထားပါတယ်။ သူ့ကို B.1.6.1.7.1 လို့ခေါ်ပါ တယ်။ ‘ဒယ်လ်တာ’ နဲ့ သိပ်မကွာဘူး။ အိန္ဒိယနိုင်ငံ မှာ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလမှာ တွေ့ပြီး ၂၀၂၁ ခုနှစ် ဧပြီလမှာ Variant of Interest စာရင်း သွင်းတယ်။ ဆူးချွန်မှာမျိုးပြောင်းပြီး ပဋိပစ္စည်းတွေ နဲ့ကုသတဲ့အခါ ထိရောက်မှုအားနည်းတာကို တွေ့ရပါတယ်။ တချို့ကာကွယ်ဆေးတွေရဲ့ အာနိသင် ကို လျော့ကျဖွယ်ရှိပါတယ်။
နောက်တစ်ခုက ‘မြူ’ မတိုင်ခင် ထွက်လာတဲ့ နံပတ်(၄) ‘လမ်ဘဒါ’ ဗိုင်းရပ်စ်ဖြစ်ပါတယ်။ ဆိုရှယ် မီဒီယာပေါ်မှာ အတော်လေးပြန့်ပြီး လူသိများပါ တယ်။ B.1.1.13.7သို့မဟုတ် C37 လို့ခေါ်ပါတယ်။ ပီရူးနိုင်ငံမှာ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလလောက်မှာ တွေ့ခဲ့တယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ရဲ့ စိတ်ဝင် တစားစောင့်ကြည့်ရမယ့် စာရင်းထဲကို ၂၀၂၁ ခုနှစ် ဇွန်လမှာ ထည့်သွင်းထားတယ်။ တချို့ကာကွယ် ဆေးတွေရဲ့ ထိရောက်မှုကိုလျော့ကျနိုင်ဖွယ်ရှိတယ်။ ရောဂါလက္ခဏာသိပ်မပြဘဲ ကူးစက်တာ မျိုးတွေ ရှိတယ်လို့ ထုတ်ပြန်ထားတာရှိပါတယ်။ ကူးစက်တဲ့ ပမာဏက ‘ဒယ်လ်တာ’ ́နဲ့ ယှဉ်ရင် အတော်နည်း ပါတယ်။
‘ဒယ်လ်တာ’ က ၈၀/၉၀ ရာခိုင်နှုန်းလောက် အမေရိကမှာ အများဆုံး ကူးစက်ချိန်မှာ သူက တောင်အမေရိကမှာ ၂ ရာခိုင်နှုန်းလောက်ပဲ ရှိတော့တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့က စိုးရိမ်ဖွယ်ရာ စာရင်း Vaiant of Concern ထဲကို မထည့်သေးတာ ဖြစ်ပါတယ်။
နောက်ဆုံးတစ်ခုက နံပတ်(၅) 'မြူ' ပါ။ B.1.6.2.1, B.1.6.2.1.1 လို့ခေါ်တယ်။ ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှာ ကိုလံဘီယာနိုင်ငံမှာ စတွေ့ပြီး ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ရဲ့ စိတ်ဝင်တစား စောင့်ကြည့် ရမယ့် စာရင်းထဲကို ၂၀၂၁ ခုနှစ် ဩဂုတ်လမှာ ထည့်သွင်းထားတယ်။ သူက နိုင်ငံပေါင်း ၃၉ နိုင်ငံကို ရောက်နေပြီဖြစ်ပါတယ်။ ‘မြူ’ က အီကွေဒေါနဲ့ ကိုလံဘီယာတို့မှာ ကူးစက်မှုတွေများတာကို တွေ့ရ ပါတယ်။ ဂျပန်နိုင်ငံမှာ ယူအေအီးက ပြန်လာတဲ့ အမျိုးသမီးကနေ တွေ့ရပါတယ်။ စက်တင်ဘာလ ၂ ရက်မှာ ဂျပန်ကလည်း သူ့နိုင်ငံမှာ ‘မြူ’ တွေ့တယ် လို့ ကြေညာတယ်။ သူကလည်း အချို့ကာကွယ် ဆေးတွေနဲ့ ထိရောက်မှုကို လျော့ကျစေဖွယ်ရှိတယ်။
ဒါပေမယ့် အခုထိ ‘ဒယ်လ်တာ’ ရဲ့ ကူးစက်မြန် ပြင်းထန်ခြေလှမ်းကို မီမယ့်ပုံမပေါ်ဘူး ဆိုတာ တွေ့ရပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတ်မှတ်ထားတဲ့ စိုးရိမ်ဖွယ်ရာကောင်းတဲ့ Variant of Concern ဗိုင်းရပ်စ်က လေးမျိုး၊ စောင့်ကြည့်ရမယ့်အနေ အထား မှာရှိတဲ့ Variant of Interest ဗိုင်းရပ်စ်က ငါးမျိုး စုစုပေါင်း ကိုးမျိုး ဖြစ်ပါတယ်။ ဒီစာရင်းထဲကို မဝင်ပေမယ့် နောက်ထပ် စောင့်ကြည့်နေတာ တွေ ရှိပါသေးတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့နဲ့ အမေရိကန် (CDC) က စာရင်းသွင်းတာချင်း တစ်ခု နဲ့တစ်ခု မတူပါဘူး။
မြန်မာနိုင်ငံက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ အဖွဲ့ဝင်နိုင်ငံဖြစ်တော့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကို ကိုးကားရပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကလည်း မျိုးဗီဇဒီထက်ပိုပြီးပြောင်းလာမလား စောင့်ကြည့်နေတဲ့ ဗိုင်းရပ်စ် Alerts for Further Monitoring က ၁၁ မျိုးရှိနေပါသေးတယ်။ ဒီအထဲကလည်း နောက်ပိုင်းမှာ Variant of Interest ဖြစ်ဖြစ်၊ Variant of Concern စာရင်းပါသွားမလား ဆက်လက်စောင့်ကြည့်နေပါတယ်။ ဗိုင်းရပ်စ်တွေ မျိုးပြောင်းခြင်းက သဘာဝဖြစ်ပါတယ်။ သူသည် ပွားများလေလေ၊ မျိုးပြောင်းလေလေဖြစ်တဲ့အတွက် ပြောင်းတဲ့ အပေါ်မှာ သတိထားပြီး စောင့်ကြည့်ရပါမယ်။ အလွန်စိုးရိမ်ကြောက်လန့်စရာမလိုပါဘူး။ ဒါပေမယ့် လက်ရှိမှာ ကျွန်တော်တို့ကို အနီးကပ် ဒုက္ခပေးနိုင်တဲ့အရာက ယခုတတိယလှိုင်းမှာ “ဒယ်လ်တာ” ဗိုင်းရပ်စ်မျိုးကွဲဖြစ်ပါတယ်။ သူကကူးစက်မှုကလည်း မူလကိုရိုနာဗိုင်းရပ်စ်ထက်ပိုပြီး အဆပေါင်း များစွာ လျင်မြန်တယ်။ ကာကွယ်ဆေး ထိုးမထားသူတွေမှာ ရောဂါပြင်းထန်စွာဖြစ်ပွား စေပြီး ရောဂါကြောင့်သေဆုံးမှုတွေ မြင့်မားစွာ ဖြစ်စေတယ်။ ကာကွယ်ဆေးတွေရဲ့ ရောဂါကူးစက်မှု ကာကွယ်နိုင်စွမ်းနဲ့ ထိရောက်မှုကို လျော့ကျစေနိုင် တယ်ဆိုတော့ ‘ဒယ်လ်တာ’ ကို သတိကြီးစွာထား ရမှာဖြစ်ပါတယ်။ ဒါကြောင့် ကာကွယ်ရေးနည်းလမ်း တွေကို သတိပြု ဆက်လက်လိုက်နာကြဖို့နဲ့ ကာကွယ်ဆေးကို အကြိမ်ပြည့်ထိုးနှံမှုတွေကို တက်ကြွစွာ ဆောင်ရွက်ကြရမယ်ဆိုတာ တင်ပြ လိုက်ရပါတယ်။ ကျေးဇူးတင်ပါတယ်။
ထက်လျှံ
No comments:
Post a Comment