Friday, May 7, 2021

နေ့စဉ်မိုးလေဝသသတင်း

 

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ (၂၀၂၁ ခုနှစ်၊ မေလ (၇)ရက်နေ့ မွန်းလွဲ (၂:၀၀) နာရီအချိန် ထုတ်ပြန်ချက်)

 

ယနေ့နံနက်(၀၉:၃၀)နာရီအချိန်ထိမိုးလေဝသတိုင်းထွာချက်အ­­­ကျဉ်းချုပ်။ လွန်ခဲ့သော(၂၄)နာရီအတွင်းက နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ တနင်္သာရီတိုင်း ဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာအနှံ့အပြား၊  စစ်ကိုင်း တိုင်းဒေသကြီးအထက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသ ကြီးတို့တွင် နေရာစိပ်စိပ်၊ ချင်းပြည်နယ်၊  ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် မကွေးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာခဲ့ပြီး၊ နေပြည်တော်တွင် ဒေသအလိုက်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် နေရာကွက်၍ မိုးကြီးခဲ့ကာ ရခိုင်ပြည်နယ်တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့ပါသည်။

နေ့အပူချိန်များမှာ နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် မေလ ပျမ်းမျှအပူချိန်တို့ထက် (၃)ဒီဂရီစင်တီဂရိတ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မကွေး တိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မေလ ပျမ်းမျှအပူချိန်တို့ထက် (၂)ဒီဂရီစင်တီဂရိတ်ပိုခဲ့ပြီး၊ တနင်္သာရီ တိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တို့တွင် မေလ ပျမ်းမျှအပူချိန်တို့အောက် (၃) ဒီဂရီ စင်တီဂရိတ်မှ (၄)ဒီဂရီစင်တီဂရိတ်အထိနှင့် ကယားပြည်နယ်တွင် မေလ ပျမ်းမျှ အပူချိန်အောက် (၂)ဒီဂရီစင်တီဂရိတ် လျော့နည်းခဲ့ကာ၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် မေလ ပျမ်းမျှ အပူချိန်ခန့်သာရှိခဲ့ပါသည်။ ထူးခြားသည့် နေ့အပူချိန်များမှာ မင်းဘူးမြို့တွင် (၄၃)ဒီဂရီ စင်တီဂရိတ်နှင့် ချောက်မြို့၊ မကွေးမြို့၊ တောင်တွင်းကြီးမြို့နှင့် တောင်ငူမြို့တို့တွင် (၄၂)ဒီဂရီစင်တီဂရိတ်စီတို့ ဖြစ်ကြပါသည်။ မှတ်သားဖွယ်ရာ မိုးရေချိန် များမှာ နေပြည်တော်လေဆိပ်(ဧလာ)တွင် (၅.၇၁)လက်မ၊ လယ်ဝေးမြို့တွင် (၄.၅၃)လက်မ၊ ပျဉ်းမနားမြို့တွင် (၃.၇၈)လက်မ၊ နေပြည်တော် (ဇမ္ဗူသီရိမြို့နယ်) တွင် (၃.၄၆)လက်မ၊ နေပြည်တော် (ဒက္ခိဏသီရိမြို့နယ်)တွင် (၃.၃၉)လက်မ၊ ပင်လောင်းမြို့တွင် (၃.၂၃)လက်မ၊ နေပြည်တော်(ဥတ္တရသီရိမြို့နယ်)တွင် (၃.၀၃)လက်မ၊ နေပြည်တော် (ပုဗ္ဗသီရိမြို့နယ်) တွင် (၂.၇၆) လက်မ၊ မြစ်ဆုံတွင် (၂.၅၂)လက်မ၊ နေပြည်တော်(ဇေယျာသီရိမြို့နယ်)တွင် (၂.၃၇) လက်မနှင့် ဟဲဟိုးမြို့တွင် (၂.၂၈)လက်မတို့  ဖြစ်ကြ ပါသည်။

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော် တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်

 

မနက်ဖြန်နံနက်အထိခန့်မှန်းချက်မကွေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်ကျား၊ နေပြည်တော်၊ စစ်ကိုင်း တိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာစိပ်စိပ် မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါသည်။

 

မြန်မာ့ပင်လယ်ပြင်။ လှိုင်းအနည်းငယ်မှ အသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၃)ပေမှ (၆) ပေခန့် ရှိနိုင်ပါသည်။

 

နောက်()ရက်အတွက်ခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊  ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာ ကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်ပါသည်။

 

နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက   နေရာကွက်ကျား မိုးထစ်ချုန်း ရွာနိုင်ပါသည်။ ရွာရန်ရာနှုန်း(၆၀) ဖြစ်ပါသည်။

 

ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။       နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပါသည်။ ရွာရန်ရာနှုန်း(၆၀) ဖြစ်ပါသည်။

 

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။      နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပါသည်။ ရွာရန်ရာနှုန်း(၆၀) ဖြစ်ပါသည်။

လာမည့်စနေ၊တနင်္ဂနွေအားလပ်ရက်များအတွက်မိုးလေဝသခန့်မှန်းချက်။ နေပြည်တော်နှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် နေရာကျဲကျဲနှင့် ရန်ကုန်တိုင်းဒေသကြီး တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပါသည်။

 

နေပြည်တော်နှင့်အနီးတစ်ဝိုက်တွင်ဖြစ်ပေါ်ခဲ့သော မိုးလေ၀သအခြေအ‌နေ  

အမြင့်ဆုံးအပူချိန် - (၃၈.၅)ဒီဂရီစင်တီဂရိတ် (၁၀၁)ဒီဂရီဖာရင်ဟိုက်(၀၆ - ၀၅ - ၂၀၂၁)

အနိမ့်ဆုံးအပူချိန်- (၂၁.၆)ဒီဂရီစင်တီဂရိတ် (၇၁)ဒီဂရီဖာရင်ဟိုက်   (၀၇ - ၀၅ - ၂၀၂၁)

(၀၉:၃၀)နာရီအချိန်စိုထိုင်းဆ  - (၇၀)ရာခိုင်နှုန်း(၀၇ - ၀၅ - ၂၀၂၁)

မိုးရေချိန်- (၃.၀၃)လက်မ(၀၇ - ၀၅ - ၂၀၂၁)

 

နေပြည်တော်လေဆိပ်(ဧလာ)နှင့်အနီးတစ်ဝိုက်တွင်ဖြစ်ပေါ်ခဲ့သော မိုးလေ၀သအခြေအ‌နေ

အမြင့်ဆုံးအပူချိန်- (၄၀.၄)ဒီဂရီစင်တီဂရိတ် (၁၀၅)ဒီဂရီဖာရင်ဟိုက်(၀၆ - ၀၅ - ၂၀၂၁)

အနိမ့်ဆုံးအပူချိန်- (၂၁.၀)ဒီဂရီစင်တီဂရိတ် (၇၀)ဒီဂရီဖာရင်ဟိုက်(၀၇ - ၀၅ - ၂၀၂၁)

(၀၉:၃၀)နာရီအချိန်စိုထိုင်းဆ  - (၇၀)ရာခိုင်နှုန်း(၀၇ -၀၅ - ၂၀၂၁)

မိုးရေချိန်- (၅.၇၁)လက်မ(၀၇ - ၀၅ - ၂၀၂၁)

မိုးရေချိန်

ရက်စွဲ

နေပြည်တော်

ရန်ကုန်(ကမ္ဘာအေး)

မန္တလေး

၀၇ - ၀၅ - ၂၀၂၁

(၃.၀၃)လက်မ

မရှိပါ

(၀.၀၈)လက်မ

၀၁- ၀၁-၂၀၂၁ မှ ယနေ့အထိ

(၈.၀၇)လက်မ

(၂.၇၅)လက်မ

(၄.၁၇)လက်မ

 

နေပြည်တော်၏ အများဆုံးလေတိုက်နှုန်းမှာ (၀၆-၀၅-၂၀၂၁)ရက်နေ့ (၁၈:၃၀)နာရီအချိန်တွင် အရှေ့တောင်ဘက်မှ တစ်နာရီလျှင် (၈)မိုင်နှုန်းခန့် တိုက်ခတ်ခဲ့ပါသည်။

 

#မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

No comments:

Post a Comment