Thursday, May 13, 2021

နေ့စဉ်မိုးလေဝသသတင်း

 

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန(၂၀၂၁ ခုနှစ်၊ မေလ (၁၃)ရက်နေ့ မွန်းလွဲ (၂:၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ယနေ့နံနက်(၀၉:၃၀)နာရီအချိန်ထိမိုးလေဝသတိုင်းထွာချက်အ­­­ကျဉ်းချုပ်။ လွန်ခဲ့သော(၂၄)နာရီအတွင်းက တနင်္သာရီတိုင်းဒေသကြီးတွင် တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့ပါသည်။ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့တွင် နေရာကျဲကျဲ၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာခဲ့ပြီး၊ နေပြည်တော်နှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် ဒေသအလိုက် မိုးကြီးခဲ့ပါသည်။ နေ့အပူချိန်များမှာ ရန်ကုန်တိုင်း ဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် မေလ ပျမ်းမျှအပူချိန်တို့ထက် (၃)ဒီဂရီ စင်တီဂရိတ်မှ (၄)ဒီဂရီစင်တီဂရိတ်အထိနှင့် မကွေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် မေလ ပျမ်းမျှအပူချိန်တို့ထက် (၂) ဒီဂရီစင်တီ ဂရိတ်ပိုခဲ့ပြီး၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)တို့တွင် မေလ ပျမ်းမျှအပူချိန် တို့အောက် (၅)ဒီဂရီစင်တီဂရိတ်မှ (၆)ဒီဂရီ စင်တီဂရိတ် အထိနှင့် စစ်ကိုင်းတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တို့တွင် မေလ ပျမ်းမျှအပူချိန်တို့အောက် (၃)ဒီဂရီစင်တီဂရိတ်မှ (၄)ဒီဂရီ စင်တီဂရိတ်အထိ လျော့နည်းခဲ့ကာ၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် မေလ ပျမ်းမျှအပူချိန်ခန့်သာ ရှိခဲ့ပါသည်။ ထူးခြားသည့် နေ့အပူချိန်များမှာ မင်းဘူးမြို့တွင် (၄၂)ဒီဂရီစင်တီဂရိတ်၊ ချောက်မြို့နှင့် မကွေးမြို့တို့တွင် (၄၁)ဒီဂရီစင်တီဂရိတ်စီနှင့် ညောင်ဦး မြို့၊ အောင်လံမြို့၊ တောင်တွင်းကြီးမြို့၊ ဆင်ဖြူကျွန်းမြို့နှင့် ဘော်လခဲမြို့တို့တွင် (၄၀)ဒီဂရီ စင်တီဂရိတ်စီတို့ ဖြစ်ကြပါသည်။ မှတ်သားဖွယ်ရာ မိုးရေချိန်များမှာ ပျဉ်းမနား(ဝဲကြီး)တွင် (၃.၃၅) လက်မ၊ လွန်ကျော်(ကျောက်ဆည်မြို့နယ်)တွင် (၂.၂၈)လက်မ၊ နောင်ချိုမြို့တွင် (၂.၁၃)လက်မ၊ ကျောက်ဆည်မြို့တွင် (၁.၉၇)လက်မ၊ ပြင်ဦးလွင်မြို့တွင် (၁.၈၅)လက်မ၊ နေပြည်တော် (ဥတ္တရသီရိမြို့နယ်)တွင် (၁.၈၁)လက်မ၊ လယ်ဝေးမြို့တွင် (၁.၆၁)လက်မ၊ နေပြည်တော် (ဇေယျာသီရိမြို့နယ်)တွင် (၁.၅၀)လက်မ၊ သီပေါမြို့တွင် (၁.၄၂)လက်မနှင့် မြစ်သား(စိုက်ပျိုးရေး)နှင့် နွားထိုးကြီး(စိုက်ပျိုးရေး)တို့တွင် (၁.၄၀)လက်မစီတို့ ဖြစ်ကြပါသည်။

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်

မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်၊ နေပြည်တော်၊ စစ်ကိုင်း တိုင်းဒေသကြီး အောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါသည်။

မြန်မာ့ပင်လယ်ပြင်။ လှိုင်းအနည်းငယ်မှ အသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်း ရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၃)ပေမှ (၆)ပေခန့် ရှိနိုင်ပါသည်။

နောက်()ရက်အတွက်ခန့်မှန်းချက်။ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေး တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီ တိုင်းဒေသကြီးတို့တွင် နေ့အပူချိန်များ အနည်းငယ် တိုးလာနိုင်ပါသည်။

နေပြည်တော်နှင့် အနီးတစ်ဝိုက်အတွက် မနက်ဖြန်နံနက်အထိ ခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပါသည်။ ရွာရန်ရာနှုန်း(၆၀) ဖြစ်ပါသည်။

ရန်ကုန်မြို့နှင့် အနီးတစ်ဝိုက်အတွက် မနက်ဖြန်နံနက်အထိ ခန့်မှန်းချက်။    နေရာကွက်ကျား မိုး ထစ်ချုန်း ရွာနိုင်ပါသည်။ ရွာရန်ရာနှုန်း(၆၀) ဖြစ်ပါသည်။

မန္တလေးမြို့နှင့် အနီးတစ်ဝိုက်အတွက် မနက်ဖြန်နံနက်အထိ ခန့်မှန်းချက်။   နေရာကွက်ကျား မိုး ထစ်ချုန်းရွာနိုင်ပါသည်။ ရွာရန်ရာနှုန်း(၆၀) ဖြစ်ပါသည်။

 နေပြည်တော်နှင့်အနီးတစ်ဝိုက်တွင်ဖြစ်ပေါ်ခဲ့သော မိုးလေ၀သအခြေအ‌နေ  

အမြင့်ဆုံးအပူချိန် - (၃၄.၈)ဒီဂရီစင်တီဂရိတ် (၉၅)ဒီဂရီဖာရင်ဟိုက်(၁၂ - ၀၅ - ၂၀၂၁)

အနိမ့်ဆုံးအပူချိန် - (၂၃.၈)ဒီဂရီစင်တီဂရိတ် (၇၅)ဒီဂရီဖာရင်ဟိုက်  (၁၃ - ၀၅ - ၂၀၂၁)

(၀၉:၃၀)နာရီအချိန်စိုထိုင်းဆ  - (၇၇)ရာခိုင်နှုန်း(၁၃ - ၀၅ - ၂၀၂၁)

မိုးရေချိန် - (၀.၅၁)လက်မ(၁၃ - ၀၅ - ၂၀၂၁)

နေပြည်တော်လေဆိပ်(ဧလာ)နှင့် အနီးတစ်ဝိုက်တွင် ဖြစ်ပေါ်ခဲ့သော မိုးလေ၀သအခြေအ‌နေ        

အမြင့်ဆုံးအပူချိန် - (၃၄.၈)ဒီဂရီစင်တီဂရိတ် (၉၅)ဒီဂရီဖာရင်ဟိုက်(၁၂ -၀၅ - ၂၀၂၁)

အနိမ့်ဆုံးအပူချိန် - (၂၂.၃)ဒီဂရီစင်တီဂရိတ် (၇၂)ဒီဂရီဖာရင်ဟိုက်   (၁၃ - ၀၅ - ၂၀၂၁)

(၀၉:၃၀)နာရီအချိန်စိုထိုင်းဆ  - (၇၀)ရာခိုင်နှုန်း(၁၃ - ၀၅ - ၂၀၂၁)

မိုးရေချိန် - (၁.၃၀)လက်မ(၁၃ - ၀၅ - ၂၀၂၁)

 မိုးရေချိန်


ရက်စွဲ

နေပြည်တော်

ရန်ကုန်(ကမ္ဘာအေး)

မန္တလေး

၁၃ - ၀၅ - ၂၀၂၁

(၀.၅၁)လက်မ

(၀.၀၈)လက်မ

(၁.၁၅)လက်မ

၀၁- ၀၁-၂၀၂၁ မှ ယနေ့အထိ

(၈.၅၈)လက်မ

(၂.၉၅)လက်မ

(၅.၆၇)လက်မ

 

နေပြည်တော်၏ အများဆုံးလေတိုက်နှုန်းမှာ (၁၃-၀၅-၂၀၂၁)ရက်နေ့ (၁၂:၃၀)နာရီအချိန်တွင် အရှေ့မြောက်ဘက်မှ တစ်နာရီလျှင် (၂)မိုင်နှုန်းခန့် တိုက်ခတ်ခဲ့ပါသည်။

 

#မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

No comments:

Post a Comment