နေပြည်တော် ဧပြီ ၂၄
တပ်မတော်အနေဖြင့် တိုင်း စစ်ဌာနချုပ်နယ်မြေအသီးသီးရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီး များအပါအဝင် လူမျိုးမရွေး၊ ဘာသာမရွေး အသက်(၆၅)နှစ် အထက် သက်ကြီးဘိုးဘွားများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် တိုင်းရင်းသား ပြည်သူများကို COVID- 19 ရောဂါကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် ဆေးပစ္စည်း များကို တပ်မတော်လေယာဉ် များဖြင့်သယ်ယူပို့ဆောင်ပေးခြင်းများနှင့် ကာကွယ်ဆေးထိုးနှံပေး ခြင်းများ ဆောင်ရွက်ပေးလျက် ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့၊ -ညောင်ရွှေမြို့၊ ကလောမြို့၊ “ရပ်စောက်မြို့၊ ဖယ်ခုံမြို့၊ ဟိုပုံး “မြို့၊ ဆီဆိုင်မြို့၊ ပင်လောင်းမြို့၊ ရွာငံမြို့၊ ပင်းတယမြို့နှင့် ကယား ပြည်နယ် လွိုင်ကော်မြို့၊ ဧရာ ဝတီတိုင်းဒေသကြီး ကန်ကြီး
ထောင့်မြို့၊ ညောင်တုန်းမြို့၊ ပန်းတနော်မြို့နှင့် အင်္ဂပူမြို့များ အတွင်းရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဒေသခံတိုင်းရင်း သားပြည်သူများကို သတ်မှတ် နေရာအသီးသီး၌ တပ်မတော်သား ပါရဂူများ၊ ဆရာဝန်များနှင့် သူနာ ပြု များပါဝင်သော ဆေးအဖွဲ့ များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ ကျန်းမာရေး ဝန်ထမ်းများနှင့်အတူ ပူးပေါင်း ၍ ကျန်းမာရေးစစ်ဆေးပေးပြီး COVID- 19 ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက် ပေးခဲ့ကြကြောင်း သတင်းရရှိ သည်။
သတင်းစဉ်
No comments:
Post a Comment