ရန်ကုန် ဇန်န၀ါရီ ၂၄
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဒေါက်တာဖေမြင့် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့၌ ဇန်န၀ါရီ
၂၄ ရက်မှ ၂၇ ရက်အထိ ကျင်းပမည့် မြန်မာ-ဖိလစ်ပိုင် နှစ်နိုင်ငံအကြား ပြန်ကြားရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ
နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးပွဲ အခမ်းအနားသို့ တက်ရောက်ရန် ယနေ့နံနက် ၇ နာရီ
မိနစ် ၅၀ က ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် ထွက်ခွာသွားသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့်အဖွဲ့အား
ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။
(သတင်းစဉ်)


No comments:
Post a Comment