Tuesday, August 7, 2018

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း အစ္စရေးသံအမတ်ကြီး H. E. Mr. Daniel Zonshine အား လက်ခံတွေ့ဆုံ


နေပြည်တော် သြဂုတ် ၇

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းသည် တာဝန်ပြီးဆုံး၍ ပြန်လည် ထွက်ခွာတော့မည့် အစ္စရေးနိုင်ငံ သံအမတ်ကြီး H. E. Mr. Daniel Zonshine အား ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။


ထိုသို့တွေ့ဆုံစဉ် မြန်မာ-အစ္စရေး နှစ်နိုင်ငံအကြား စိုက်ပျိုးရေး၊ ပညာရေး၊ ကျန်းမာရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ နှစ်နိုင်ငံလွှတ်တော် နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာစေရေးတို့နှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်း စွာ ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်နှင့် အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။         

(သတင်းစဉ်)

No comments:

Post a Comment