နေပြည်တော် သြဂုတ် ၁
မြန်မာနိုင်ငံလွှတ်တော်အဖွဲ့
(Myanmar Parliamentary Union) အစည်း အဝေး (၄/၂၀၁၈)ကို ယနေ့ မွန်းလွဲ(၂)နာရီတွင် နေပြည်တော်ရှိ
လွှတ်တော် အဆောက်အအုံ ဇမ္ဗူသီရိဆောင်အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာမြန်မာနိုင်ငံလွှတ်တော်အဖွဲ့
ဥက္ကဋ္ဌ၊ ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ယနေ့အစည်းအဝေး၏
ရည်ရွယ်ချက်အနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ ဒေသန္တရစီမံကိန်းနှင့် ဘဏ္ဍာငွေအရအသုံးဆိုင်ရာ
စိစစ်ဆောင်ရွက်မှုလုပ်ငန်းစဉ်များနှင့် လွှတ်တော် ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးရန်
ဖြစ်ပါကြောင်း၊ ယခုကျင်းပနေသည့် ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော် နဝမပုံမှန်အစည်းအဝေးသည်
၂၀၁၈ - ၂၀၁၉ဘဏ္ဍာရေးနှစ်၏ အမျိုးသား စီမံကိန်းဥပဒေကြမ်းနှင့် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကြမ်း
နှစ်ခုကိုတင်သွင်းခဲ့ပြီး ဆွေးနွေးနေဆဲ ကာလ အချိန် ဖြစ်ပါကြောင်း။
တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်
ဒေသန္တရစီမံကိန်းနှင့် နှစ်စဉ် ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းကိုစိစစ်ပြဋ္ဌာန်းရာတွင်အချိန်သတ်မှတ်ချက်များမပါရှိသည့်အတွက်
တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များတွင်လည်း ဘဏ္ဍာငွေအရအသုံး ရေးဆွဲတင်ပြခြင်းဆိုင်ရာ
ဥပဒေကိုရေးဆွဲပြဋ္ဌာန်း ပေးရန်လိုအပ်လာပြီဟု သုံးသပ်ရရှိပါကြောင်း၊ ထို့ကြောင့်စီမံကိန်းနှင့်
ဘဏ္ဍာ ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်အတူ စီမံကိန်းရေးဆွဲရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊
ရသုံးမှန်းခြေငွေစာရင်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ပြည်သူ့ငွေစာရင်း ပူးပေါင်းရေးကော်မတီမှ
ဒုတိယဥက္ကဋ္ဌများ အားလုံးဝိုင်းဝန်း ဆွေးနွေးပေးကြရန် ဖိတ်ခေါ်ပါကြောင်း။
ဥပဒေပြုရေးနှင့်ပတ်သက်၍ လည်းဥပဒေရေးရာနှင့်
အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်အနေဖြင့် ပကတိဖြစ်ပျက်နေသည့် အနေအထားများကိုလည်း
သုံးသပ်တင်ပြသွားရန် စီစဉ်ထားပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌများ
အနေဖြင့်လည်း ပွင့်ပွင့်လင်းလင်း ဝိုင်းဝန်းညှိနှိုင်းဆွေးနွေးပေးကြရန် ဖိတ်ခေါ်ပါကြောင်းပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံလွှတ်တော်အဖွဲ့
ဒုတိယဥက္ကဋ္ဌ၊ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ
ဘတ်ဂျက်ကို လွှတ်တော်မှ စိစစ်ရာတွင် အချိန်မလုံလောက်၍ အခက်အခဲ တွေ့ရသည်ကို သိရပါကြောင်း၊
ပြည်ထောင်စုလွှတ်တော်တွင် အမျိုးသားစီမံ ကိန်းဥပဒေကြမ်းနှင့် ဘဏ္ဍာငွေအရအသုံး ဆိုင်ရာဥပဒေကြမ်းများကို
စိစစ်ရန် အတွက် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံး ရေးဆွဲတင်ပြခြင်းဆိုင်ရာ ဥပဒေ ကို ပြဋ္ဌာန်းထားပြီးဖြစ်ပါကြောင်း၊
ပြည်ထောင်စုအစိုးရအဖွဲ့မှ လွှတ်တော် သို့တင်ပြရမည့်နေ့ရက်၊ လွှတ်တော်စိစစ်ရေး အဖွဲ့များက
တင်ပြရမည့် နေ့ရက် များကို သတ်မှတ်ထားပါကြောင်း၊ ထို့ပြင် ပြည်သူ့ငွေစာရင်းပူးပေါင်း
ကော်မတီ နှင့် ဥပဒေကြမ်းပူးပေါင်းကော်မတီတို့ကလွှတ်တော်သို့ အစီရင်ခံစာ များတင် သွင်းရက်ကိုလည်း
သတ်မှတ်ထားပြီးဖြစ်ပါကြောင်း၊ သို့မှသာ လွှတ်တော်တွင် ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးရန်
အချိန်ရပြီးအတည်ပြုပေးရ မည်ဖြစ်ပါကြောင်း၊ မိမိတို့ဘက်မှ အတည်ပြုရန် နောက်ကျသွားလျှင်
တိုင်း ဒေသကြီးနှင့်ပြည်နယ် တွင် အခက်အခဲ ဖြစ်ရသည်ကိုသိရပါကြောင်း ပြောကြားသည်။
ယင်းနောက် မြန်မာနိုင်ငံလွှတ်တော်အဖွဲ့အတွင်းရေးမှူး
ပြည်ထောင်စု လွှတ်တော်ဒုတိယနာယက ဦးထွန်းထွန်းဟိန်က အစည်းအဝေး (၃/၂၀၁၈) ဆုံးဖြတ် ချက်များအပါအဝင်
လွှတ်တော်လုပ်ငန်း ဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်း တင်ပြသည်။
ဆက်လက်၍ မြန်မာနိုင်ငံလွှတ်တော်အဖွဲ့
အဖွဲ့ဝင် အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်က လွှတ်တော်ဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်
ရာတွင် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ရန်နှင့် လွှတ်တော်လုပ်ငန်းများ ဆောင်ရွက် နေမှု
အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ရုံးအဖွဲ့မှူး၊
ပြည်ထောင်စု လွှတ်တော်ရုံး ညွှန်ကြားရေး မှူးချုပ်က တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်
များ၏ ဘဏ္ဍာငွေရေးဆွဲ တင်ပြခြင်းဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရှင်းလင်း တင်ပြသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့်
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းနှင့် ဒုတိယဝန်ကြီး
ဦးမောင်မောင်ဝင်းတို့က တိုင်းဒေသကြီး၊ပြည်နယ် ဒေသန္တရစီမံကိန်းနှင့် နှစ်စဉ် ဘဏ္ဍာငွေအရအသုံးဆိုင်ရာ
ဥပဒေကြမ်းတင်သွင်းခြင်းလုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးကြသည်။
ဆက်လက်၍ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊
စီမံကိန်းရေးဆွဲရေး ဦးစီးဌာနနှင့် ရသုံးမှန်းခြေငွေစာရင်း ဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊
တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ဒုတိယဥက္ကဋ္ဌများ၊ ပြည်သူ့ ငွေစာရင်းပူးပေါင်းကော်မတီ ဒုတိယဥက္ကဋ္ဌတို့ကရှင်းလင်းဆွေးနွေးကြသည်။
ဆက်လက်ပြီး ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့်အထူး ကိစ္စရပ် များလေ့လာဆန်း စစ်သုံးသပ်ရေးကော်မရှင်က ပြည်ထောင်စု လွှတ်တော်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော်တို့က ပြဋ္ဌာန်းသည့် ဥပဒေများဆန့်ကျင်မှု၊ ကွဲလွဲမှု၊ မညီညွတ်မှုမဖြစ်ပေါ်စေရေးတို့ကိုရှင်းလင်း ဆွေးနွေးသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယကနှင့်
အမျိုးသားလွှတ်တော် ဥက္ကဋ္ဌတို့က သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် တင်ပြဆွေးနွေး
ချက်များအပေါ် ပြန်လည်ရှင်းလင်း၍ လိုအပ်သည်များ ဖြည့်စွက်မှာကြားပြီး နိဂုံးချုပ် အမှာစကားပြောကြားသည်။
(သတင်းစဉ်)


No comments:
Post a Comment