ပင်လည်ဘူး ဇူလိုင် ၁၃
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ပင်လည်ဘူးမြို့၌
စားသုံးသူများနှင့်ဆေးဝါး၊ အလှကုန်ပစ္စည်း သုံးစွဲသူများ အန္တရာယ်မဖြစ်စေရန်အတွက် စားသုံးသူရေးရာဦးစီးဌာန၊
အစားအသောက်နှင့်ဆေးဝါး ကြီးကြပ်ကဲရေးဦးစီးဌာနနှင့် ခရိုင်/မြို့နယ်သက်ဆိုင်ရာဌာနတို့
ပူးပေါင်းပြီး ဇူလိုင် ၁၂ ရက်နေ့က မြို့ပေါ်ရပ်ကွက်အတွင်းရှိ ကုန်စုံဈေးဆိုင်များ၊
ဆေးဆိုင်များ၊ အလှကုန်ဆိုင်များနှင့် ကျောင်းတွင်းဈေးဆိုင်များတွင် စားသောက် သုံးစွဲရန်မသင့်သည့်
အန္တရာယ် ဖြစ်စေမည့် ပစ္စည်းများ ရောင်းချမှု ရှိ/မရှိ စစ်ဆေးမှုများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း
သိရသည်။
ထိုသို့ စစ်ဆေးရာတွင် ရက်လွန်ပြီး ဆိုးဆေးပါသောပစ္စည်းများ၊
ဓာတုဆေးဝါးပါပြီး တားမြစ်ထားသော ပစ္စည်းများ၊ တံဆိပ် မှတ်ပုံတင်ထားခြင်း မရှိသော ပစ္စည်းများကို
ရောင်းချခြင်း မပြုကြရန် စစ်ဆေးမှာကြားပြီး အသိပညာပေး စကားများပြောကြားကာ အန္တရာယ် ဖြစ်စေသည့်
ပစ္စည်းများကိုလည်း သိမ်းဆည်း ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ထို့နောက် ပူးပေါင်းစစ်ဆေးရေးအဖွဲ့သည်
အခြေခံပညာ အထက်တန်းကျောင်းရှိ ကျောင်းသား ကျောင်းသူလေး များအား ကျန်းမာရေးနှင့်ပတ်သက်သည့်
အသိပညာပေး အကြောင်းကို ပရိုဂျက်တာဖြင့် ပြသဟောပြော ဆောင်ရွက်ပြီး မြို့ပေါ်မုန့်ဖုတ်သည့်လုပ်ငန်းနှင့်
ရေသန့် ထုတ်လုပ်သည့် လုပ်ငန်းများကိုလည်း ကြည့်ရှုစစ်ဆေး ခဲ့ကြောင်း သိရသည်။
မျိုးလွင် (ပြန်/ဆက် - ပင်လည်ဘူး)
No comments:
Post a Comment