နေပြည်တော်
ဇူလိုင် ၁၀
ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ
လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည်
မြန်မာနိုင်ငံဆိုင်ရာ ကနေဒါ သံအမတ်ကြီး H.E Mrs Karen MacArthur အား ယနေ့ မွန်းလွဲ
၁ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင်အမှတ် (I-11) ၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် ဥပဒေဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံဆက်ဆံရေးဆိုင်ရာ
ကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာကိစ္စရပ်များအပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
(သတင်းစဉ်)
No comments:
Post a Comment