ဆူးငှက်
တကယ်တော့ ၁၇ နှစ်ဟူသည်မှာ ပြန်လှန်စဉ်းစားလိုက်
တော့ တစ်နေ့မနေ့ကပဲဟု ထင်မှတ်နေဆဲဖြစ်သည်။ ကျွန်တော် ယခုနေရာလေးသို့ ပြောင်းရွှေ့ အခြေချခဲ့တာ
၁၇ နှစ်တဲ့။ ၁၇ နှစ်ဆိုတာ လူပျိုပေါက်အရွယ်ပဲ။ ပညာရေးအရပြောလျှင် တက္ကသိုလ်ဝင်တန်း(သို့မဟုတ်)
တက္ကသိုလ်သို့ရောက်ရှိပြီး တစ်စုံတစ်ရာ ခိုင်မာမှုလမ်းကြောင်းပေါ်သို့ ခြေချမြဲမြံနေရမယ့်
ကာလပေပဲ။
သို့သော် အခုနေရာလေးအပေါ် ယုံကြည်မှုက သံသယဖြစ်ဆဲ။
တည်ငြိမ်ပြီဟု ခိုင်မာစွာ မယူဆရဲ။တရေးနိုးလေတိုင်း တစ်တီတူးတစ်ကောင်လို မြေကြီးထကာစမ်းပြီး
မလုံမလဲအိပ်နေရဆဲ။ သည်နေရာလေးကို ရောက်သည်မှစ၍ ကျော်ဖြတ်ခဲ့ရသော အခက်အခဲတွေက နည်းနည်းနောနောမှ
မဟုတ်ဘဲ။ နောက်ကြောင်းကို ပြန်လှန်လိုက်မှ ဒီခရီးက အာဏာရှင်တို့၏ အဓမ္မ
အနိုင်ကျင့်မှုဖြစ်စဉ်တွေက အထင်းသားပေါ်ခဲ့တာပဲ။
ကြီးကြီးကျယ်ကျယ် ပြောရလျှင် ဒီနေရာလေးသမိုင်းက မြန်မာ့နိုင်ငံရေးသမိုင်း၏ ပုံရိပ်ပဲမဟုတ်ပါလော။
ကျွန်
တော် အခု ဒီနေရာလေး၏ ရက်စွဲသမိုင်း ဒိုင်ယာရီကို
ချရေးကြည့်သည်။ မိတ်ဆွေတို့ ဖတ်ကြည့်ပြီး ထင်မြင်သုံးသပ်ချက်ပေးကြပါကုန်။ ဒိုင်ယာယီလေးက
အရည်မရ အဖတ်မရ အလဟဿတော့မဟုတ်တန်ဟု ထင်ပါ၏။
ရက်စွဲ
သမိုင်း
သက္ကရာဇ်
၅၁၇ ခုနှစ်
မန္တလေးမြို့မတည်မီ ပုဂံခေတ် မင်းရှင်စော
လက်ထက်ကတည်းက အောင်ပင်လယ်ကန် ရေသောက် လမိုင်းလယ်များ စိုက်ပျိုးလုပ်ကိုင်ကြသည့် ရွာများအနက်
တစ်ရွာဖြစ်သည်။
သက္ကရာဇ်
၁၁၅ဝ ပြည့်နှစ်
ဘိုးတော်ဘုရားက အောင်ပင်လယ်ကန်ကို ပြန်လည်ဆည်ဖို့ပြီး
လမိုင်းလယ်လုပ် ကျေးရွာများကို ချီးမြှင့် မြှောက်စားကာ လယ်ယာမဲ့များကို လယ်မြေများချထား
ပေးသနားခဲ့သည်။
သက္ကရာဇ်
၁၁၅ဝ ပြည့်နှစ်
အောင်ပင်လယ်ကန်နယ်နိမိတ်နှင့် လမိုင်းလယ်များ
ထိန်းသိမ်းမှု၊ ဘေးမဲ့ပေးမှုနှင့် ပတ်သက်သည့် ကျောက်
စာများ ရေးထိုးစိုက်ထူရာ သရက်ကုန်းရွာဦးတွင်
ကျောက်စာတစ်ချပ် စိုက်ထူခဲ့သည်။ (ယခု မြို့ပတ်ကား
လမ်းဘေး နန်းဦးလွင်၌ရှိ)
သက္ကရာဇ်
၁၁၅၃ ပြည့်နှစ်
ဘိုးတော်ဘုရားက အောင်ပင်လယ်ကန်ကို သုံးနှစ်
ကြာပြုပြင်ရာတွင် ဘုရင့်ဆင်နှင့် မြင်းများ သောက်သုံးရန်အတွက် ရေကန်ငယ်များကို အောင်ပင်လယ်ကန်ပေါင်ပတ်လည်၌
တူးဖော်ခဲ့ရာ ထိုစဉ်ကတည်းက တည်ရှိခဲ့သည့် သရက်ကုန်းဘုန်းတော်ကြီးကျောင်း၏ တောင်ဘက်ယွန်းယွန်းတွင်
တစ်ကန် ပါဝင်ခဲ့သည်။ ထိုကန်ကို မင်းတုန်းမင်းနှင့် သီပေါမင်းလက်ထက်တိုင် လယ်ထွန်မင်္ဂလာအချိန်၌
ဆင်တော်မြင်းတော် နွားရှဉ်းတော်များ သောက်ရေအတွက် အသုံးပြုခဲ့ပြီး ကျန်အချိန်များတွင်
လမိုင်းလယ်သားများ၏ ကျွဲနွားများ သောက်ရေကန် အဖြစ် အသုံးပြုခဲ့သည်။ (ယခုအခါ ပုဂ္ဂလိက
အိမ်ဝင်း ခြံဖြစ်နေပါသည်)
သက္ကရာဇ်
၁၁၈၁ ခုနှစ်
ဘကြီးတော်မင်းကလည်း သရက်ကုန်းရွာအနီးရှိ
မင်္ဂလာလယ်တော်၌ တပ်အင်္ဂါ အခင်းအကျင်းနှင့် လယ်ထွန်မင်္ဂလာဆင်းခဲ့သည်။
သက္ကရာဇ်
၁၂၂၇-၂၈-၃ဝ ခုနှစ်
ရတနာပုံမန္တလေးမြို့တည်နန်းတည် မင်းတုန်းမင်းကလည်း
သက္ကရာဇ် ၁၂၂၇ တွင် တစ်ကြိမ်၊ သက္ကရာဇ် ၁၂၂၈ တွင်တစ်ကြိမ်၊ သက္ကရာဇ် ၁၂၃ဝ ပြည့်တွင်တစ်ကြိမ်၊
သရက်ကုန်းရွာအနီးရှိ မင်္ဂလာလယ်တော်၌ လယ်ထွန်
မင်္ဂလာဆင်းခဲ့ရာ ရွာထိပ်ရှိယာယီနန်းတော်၌
စံမြန်းသည်။ (မင်္ဂလာလယ်တော်များမှာ သရက်ကုန်းဘုန်းကြီး ကျောင်းအနီး ယခု ငါးစခန်းဝင်းအတွင်းရှိခဲ့သည်။)
သက္ကရာဇ်
၁၂၂၇ မှ ၄၇ ခုနှစ်
မင်းတုန်းမင်း လယ်ထွန်မင်္ဂလာဆင်းသောအခါ၌
လည်းကောင်း၊ သားတော်သီပေါမင်း ဝါခင်းကုန်းဘုရား ဖူးစဉ်အခါ၌လည်းကောင်း ရွှေမြို့တော်၏
အရှေ့ဦးထိပ်တံခါးမှထွက်၍ တပ်အင်္ဂါ အခင်းအကျင်းနှင့်ချီရာ
လမ်းမှာ ဆင်လမ်းဟုအမည်တွင်ပြီး ယခုသရက်ကုန်း
ကွက်သစ်၏ ၅၇ လမ်း အမည်ပေါက်လမ်းဖြစ်သည်။
ခရစ်နှစ်
၁၈၉ဝ ခုနှစ်
အင်္ဂလိပ်ခေတ်တွင် မင်္ဂလာရှိသော ဤနေရာများကို
နာမ်နှိမ်၍ မြေပုပ်မြေဆိုးအသွင်ပြောင်းလဲ၍ သမိုင်းမြှုပ်ခဲ့သည်။
၁၉၉၁
ခုနှစ်
၁၉၉၁ခုနှစ်တွင် ဇွန်လ (၁၁) ရက်နေ့စွဲပါ
စာအမှတ် ၂၂၁/မအ-၁(၂ဝ/၉ဝ-၉၁)ဖြင့် လယ်မြေ ၂၅ ဒသမ ၅၇ ဧကကို လန ၃၈(၁) ထုတ်ပေးခဲ့သည်။
၁၉၉၃-၉၄
ခုနှစ်
၁၉၉၃-၉၄တွင် လန၃၈(၁)ကျပြီး ကွင်းအမှတ်
၄၉၂ကို အောင်မြေသာစံမြို့နယ် သရက်ကုန်းကွက်သစ်အဖြစ် အမှတ်(၁)မြေတိုင်းအဖွဲ့က မြေပုံထုတ်ကာ
မူလပိုင်ရှင်များ၊ ဝန်ထမ်း၊ အရာထမ်းများကို နေရာချထားပြီး လတ်တလောနေထိုင်သူများကို
ဂရန်ချထားပေးသည်။
၁၉၉၉
ခုနှစ်
၁၉၉၉ ခုနှစ်တွင် မန္တလေးမြို့တော်စည်ပင်သာယာရေးအဖွဲ့ကမြေကြီးမြေပုံမှန်ကန်ရေးနှင့်
မူလမြေပုံ အတည်ပြု နိုင်ရေး အတွက် ကွင်းဆင်းတိုင်းထွာခဲ့သည်။
၂ဝဝ၃
ခုနှစ်
၂ဝဝ၃ ဇူလိုင်လတွင် ခ-ယ-က ဥက္ကဋ္ဌက အိမ်ထောင်ဦးစီးများကို
ခ-ယ-ကရုံးသို့ ဆင့်ခေါ်ပြီး နိုင်ငံတော်စီမံကိန်းဟု အကြောင်းပြကာ ချက်ချင်းဖယ်ရှားရန်
နှုတ်မိန့်ပေးသည်။
၂ဝဝ၃
- ၂ဝဝ၄ ခုနှစ်
ရပ်ကွက်ထိပ် ၂၆ ဘီလမ်းတစ်လျှောက် 'စီမံကိန်းမြေ၊
တပ်ပိုင်မြေ မကျူးကျော်ရ' ဟူသော ဆိုင်းဘုတ်များ၊ အကြိမ်ကြိမ်တင်၊ ကန့်သတ်နယ်မြေအလံများစိုက်ပြီး
ခြိမ်းခြောက်။
၂ဝဝ၃
- ၂ဝဝ၄ ခုနှစ်
ရပ်ကွက်ပြည်သူများက မတရားမှုကို တပ်မတော်ထောက်လှမ်းရေးအကြီးအကဲနှင့်
နိုင်ငံတော်အကြီး အကဲများထံ အကြိမ်ကြိမ်တိုင်ကြားခဲ့သည်။
၂ဝဝ၎
ခုနှစ်
နိုင်ငံတော်အဆင့် စီမံကိန်းမရှိပါဘဲ လိမ်ညာအာဏာ
သုံးသဖြင့် ခရိုင်အဆင့်၊ တိုင်းအဆင့် တာဝန်ရှိသူအချို့ အရေးယူခံရသည်။
၂ဝဝ၎
မှ ၂ဝ၁ဝ ခုနှစ်
သို့သော် အဓိကလက်သည် ပုဂ္ဂိုလ်က လွတ်နေသဖြင့်
ခရိုနီများနှင့် ပူးပေါင်းကာ သရက်ကုန်းကွက်သစ်မြေကို ကိုယ်ကျိုးအတွက် သိမ်းဆည်းရန်
နည်းလမ်းပေါင်းစုံဖြင့် အကြိမ်ကြိမ်ကြိုးစားခဲ့ပြီး မူလဂရန်များ ပိုင်ဆိုင်မှု စာချုပ်စာတမ်းများကို
သိမ်းဆည်းခဲ့သည်။
၂ဝ၁၂
ခုနှစ်
ရပ်ကွက်နေပြည်သူများကလည်း မတရားမှုကို
ငုံ့မခံဘဲအဖြစ်မှန်ပေါ်ပေါက်ရေးကို ပြန်လှန် တောင်းဆိုခဲ့ ရာ အရပ်သားအစိုးရဖွဲ့စည်းပြီးနောက်
၂ဝ၁၂ ခုနှစ် စက်တင်ဘာ ၂၅ ရက်နေ့တွင် ပြည်သူ့လွှတ်တော်၊ အမျိုး
သားလွှတ်တော်ကိုယ်စားလှယ်များ၊ မြို့တော်ဝန်၊
တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များနှင့် ရပ်ကွက်လူထုတွေ့ဆုံပွဲ၌ အဖြစ်မှန် အသေးစိတ်တင်ပြကာ
တရားဝင်ဂရန်များ ထုတ်ပေးနိုင်ရေးတင်ပြခဲ့သည်။
၂ဝ၁၆
ခုနှစ်
၂ဝ၁၆ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့တွင်
ကွင်းဆင်းလာသော ပြည်သူ့ကိုယ်စားလှယ်နှင့် ဌာနဆိုင်ရာများထံ အောက်ပါအချက်များတင်ပြခဲ့။
(၁) ဂရန်ထုတ်ပေးခြင်းကို စီမံချက်ဖြင့်
အလျင်မြန်ဆုံး ဆောင်ရွက်ပေးရေး။
(၂) ဂရန်ပါမြေပုံအတိုင်း ဝင်းခြံများ
စနစ်တကျ ကာရံပြီး လမ်းမြေသတ်မှတ်၍ လမ်းများခင်းရေး။
(၃) ရေဝပ်ဧရိယာဖြစ်၍ ရေထုတ်မြောင်းများ
စနစ်တကျ တူးဖော်ပေးရေး။
(၄) သန့်ရှင်းသော သောက်သုံးရေ ရှားပါးသောကြောင့်
ရေစစ်ကန်မှပေးဝေသော စီမံကိန်းရေကို ရေမီတာများဖြင့် သွယ်ယူပေးရေးတို့နှင့်အတူ
(၅) ဤသရက်ကုန်းကွက်သစ်သည် ရှေးခေတ်လယ်ယာ
မြေနှင့်ပတ်သက်၍ သမိုင်းဝင်နေရာဖြစ်သည့်အပြင် အာဏာဖြင့် မတရားအနိုင်ကျင့် သိမ်းဆည်း
မှုကို ညီညီညွတ်ညွတ် ကြံ့ကြံ့ခံကာ တရားကိုနတ် စောင့်သည့် ပြယုဂ်ဖြစ်သောကြောင့် 'ဒီမိုကရေစီခေတ်၏
စံပြရပ်ကွက်' အဖြစ် အသိအမှတ်ပြုပေးပါ ရန်နှင့် တာဝန်ရှိသူများနှင့် ရပ်ကွက်ပြည်သူလူထု
ပူးပေါင်းမှုဖြင့် 'မြို့ပြအင်္ဂါရပ်နှင့်အညီ ရပ်ရွာစည်ပင်တိုးတက်ရေး' ကို နမူနာပြဆောင်ရွက်နိုင်ပါရန်
ဟူ၍ဖြစ်သည်။
ဤ ရက်စွဲသမိုင်းကိုဖတ်ရှုပြီးနောက် 'ပြောင်းလဲချိန်တန်ပြီ'
ဟူသောကြွေးကြော်မှုနှင့်အတူ ဇာတ်သိမ်းပိုင်း၌ ပျော်ရွှင်စွာ ဇာတ်ပေါင်းကြလေသတည်းဟု စွဲမြဲစွာယုံကြည်ပြီး
သတင်းစာ စာမျက်နှာကို မပိတ်လိုက်ပါနှင့်ဦး။ ''အခုတော့ မြို့ကြီးတွေလို၊ ဓာတ်မီးရောင်ထိန်''
ကုသိုလ်ဖြစ်ဆေးရုံ၊ ပွဲနှင့်လမ်းနှင့် သာသာယာယာ ဖြစ်ဖို့တော့လိုသည်။ ဒီ'အပြောင်းအလဲ'က
ပြည်သူတစ်ဦး
တည်းမရ။ ပြည်သူက အဓမ္မမှုပေါင်းစုံကြားက
လွတ်ကင်းအောင် ရဲရဲဝံ့ဝံ့ရုန်းထွက်ခဲ့ရပြီ။ ဒါကို ဥပဒေဘောင်အတွင်း အတည်ဖြစ်ဖို့ ဂရန်တွေလိုသည်
(တချို့တစ်ဝက်ပဲရသေးသည်။ ဆောင်ရွက်ချက်နှေးသေးသည်)။ ရေ
တွေလိုသည် (ရေပေးဝေဖို့ ပိုက်တွေ ချသွားသည်၊
လသားအရွယ် ကိုယ့်အားကိုယ်ကိုး လမ်းလေးတွေ ပျက်သွားသည်)။ လမ်းတွေလိုသည်။ မြောင်းတွေလိုသည်။
မီးတွေလိုသည် (လျှပ်စစ်မီးကတော့မဆိုး)။ ဒါမှလည်း 'အခုတော့ မြို့ကြီးတွေလို ဓာတ်မီးရောင်ထိန်
ကုသိုလ် ဖြစ်ဆေးရုံ၊ ပွဲနှင့် လမ်းနှင့် သာသာယာယာ'' ဖြစ်ပေလိမ့်မည်။ ပြည်သူက ရွှေပြည်တော်ဆီ
မျှော်လင့်သည်။ ပြည်သူ့ကိုယ်စားလှယ် ပြည်သူ့ဝန်ထမ်းတွေက 'ပြည်သူနှင့်အတူ' ထက်ကြပ်မကွာပါမှ။
No comments:
Post a Comment