နေပြည်တော်၊
မတ် ၂၄
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊
ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် မြန်မာနိုင်ငံဆိုင်ရာ စင်္ကာပူနိုင်ငံ သံအမတ်ကြီး
Mr. Robert Chua နှင့်အဖွဲ့အား မတ် (၂၄) ရက် ယနေ့ နံနက်(၁၁)နာရီခွဲတွင် နေပြည်တော်ရှိ
အဆိုပါဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာ-စင်္ကာပူနှစ်နိုင်ငံ
လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လုပ်ငန်းများ ပူးပေါင်းဆောင်ရွက် ရေးနှင့် နည်းပညာဆိုင်ရာပံ့ပိုးကူညီရေး၊
နှစ်နိုင်ငံအကြား ပြည်ဝင်ဗီဇာလွယ်ကူ အဆင်ပြေစေရေးနှင့် ပြည်ဝင်ဗီဇာကင်း လွတ်ခွင့် သဘောတူညီချက်ဆိုင်ရာ
ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)
No comments:
Post a Comment