ရွှေလင်းပြည့်စုံ
မြန်မာမှု နယ်ပယ်၏
လောကီမင်္ဂလာ (၁၂) ပါးတွင် ဖွားမြင်ပြီး နောက် ၇၅ ရက်မြောက်၌ ကွမ်းဦးခွံ့ခြင်း ဟူသော
တမ္ဗူလပတ္တ မင်္ဂလာကို သုတေသန သရုပ်ပြ အဘိဓာန်တွင် လည်းကောင်း၊ သုခမှတ်စု အဆိုတွင်
တမ္ဗူလပတ္တ မင်္ဂလာ၊ ကွမ်းခွံ့ခြင်း မင်္ဂလာကို လည်းကောင်း ပြုလုပ်သည့် ဓလေ့ ရှိသည်ကို
မှတ်သားရသည်။
လောကီမင်္ဂလာဆယ့်နှစ်ပါး၌
ကွမ်းခွံ့မင်္ဂလာဟူ၍ ညွှန်းဆို သည်။ ကွမ်းခွံ့ ၊ ကွမ်းစားဓလေ့ကို မှတ်သားပြု၍
''တံတားဦးက ကွမ်းနုဝါ၊ ငန်းမြာက ဆေး၊ ကွမ်းသီးတောင်ငူနှင့်၊ ကိုင်းထုံးဖြူ၊
ပြည်ရှား၊ သာဝါးလို့ထွေး'' ဟူ၍ စာဆိုဖွဲ့ခဲ့ကြသည်။
မြန်မာ့ဓလေ့အစဉ်အလာတွင် ရိုးရာတိုင်း၊ ဓလေ့တိုင်းက မင်္ဂလာမဟုတ်ပါ။ ကွမ်းစားခြင်းကြောင့် လူသားတစ်ဦးချင်းစီ တွင် ငွေကုန်သည်။ အချိန်ကုန်သည်။ ကျန်းမာရေးနုံချာသည်။ ကွမ်း၊ ဆေးလိပ်တို့သည် ငွေဖြုန်းတီးရေးအလုပ်တစ်ခုအဖြစ် ဝန်ပိစေသည်။ ''ကွမ်းစားတာ ပါးစပ်အမှိုက်ရှုပ်တာပဲ''ဟူ၍ ညည်းညူကြသည်။ ပါးစပ်အမှိုက်ရှုပ်ရုံသာမက ပတ်ဝန်းကျင်ကို ပါ ညစ်ပတ်စေသည်။ သန့်ရှင်းမှုကို ဟန့်တားသည်။
မြန်မာ့ဓလေ့အစဉ်အလာတွင် ရိုးရာတိုင်း၊ ဓလေ့တိုင်းက မင်္ဂလာမဟုတ်ပါ။ ကွမ်းစားခြင်းကြောင့် လူသားတစ်ဦးချင်းစီ တွင် ငွေကုန်သည်။ အချိန်ကုန်သည်။ ကျန်းမာရေးနုံချာသည်။ ကွမ်း၊ ဆေးလိပ်တို့သည် ငွေဖြုန်းတီးရေးအလုပ်တစ်ခုအဖြစ် ဝန်ပိစေသည်။ ''ကွမ်းစားတာ ပါးစပ်အမှိုက်ရှုပ်တာပဲ''ဟူ၍ ညည်းညူကြသည်။ ပါးစပ်အမှိုက်ရှုပ်ရုံသာမက ပတ်ဝန်းကျင်ကို ပါ ညစ်ပတ်စေသည်။ သန့်ရှင်းမှုကို ဟန့်တားသည်။
ကွမ်းသည်
အိမြေဲ့သကဲ့သို့ ဂုဏ်ကျက်သရေကိုလည်း မဲ့စေနိုင်သည်။ ကွမ်းစားသူတိုင်း
စည်းကမ်းမဲ့နေကြသည်။ ကွမ်းတံတွေးကို တွေ့ရာကြုံရာနေရာမှာ ထွေးချင်သလို လွတ်
လွတ်လပ်လပ်ထွေးနေကြသည်။ နေရာမရွေး၊ အချိန်မရွေး။
အင်းဝ ဒုတိယမင်းခေါင်လက်ထက်တွင်
ရှင်မဟာ သီလဝံသဆရာတော်၏ ဆုံးမစာလင်္ကာတွင် ''ကွမ်းဆေးမီ လျှင်၊ ဧည့်သည်မြင်သော်၊
အလျင်ခဏ၊ တည်ပါကြ''ဟူ၍ ထည့်သွင်းဖော်ပြခဲ့ရာ မြန်မာ့ကွမ်းဓလေ့သည် ကုန်းဘောင်
ခေတ်နန်းတွင်းဓလေ့ပင်ရှိနေသည်ကို မှတ်သားရသည်။
ကုန်းဘောင်ခေတ်နန်းတွင်း
အမှုထမ်းများခန့်အပ်ရာတွင် ''ယာတော်ကွမ်း၊ ကွမ်းရေတော်ကိုင်''ဟူသော နန်းတွင်းအသုံး
အနှုန်းများကို ဖတ်ရသည်။
ကွမ်းကို ပန်းတနော်၊
မ္တလေးတိုင်းဒေသကြီး မတ္တရာ၊ ကျောက်ဆည်၊ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာ၊
ရွှေဘိုတို့က စိုက်ပျိုးကြသည်။
ကွမ်းစားဆေးသောက်ခြင်းဓလေ့ဆိုးကြောင့်
က္ဘာတွင် ခြောက်စက္ကန့်အချိန်ပိုင်းလေးတွင် လူသားတစ်ဦးနှုန်း သေဆုံး နေကြောင်း
သုတေသီများက ညွှန်းဆိုသည်။
အလွှာမရွေး၊ အရွယ်မရွေး၊
အရွယ်သုံးပါးစလုံးက ကွမ်းစားဓလေ့ကို လက်ခံကျင့်သုံးနေကြသည်။ ကွမ်းစားသုံး ခြင်းက
လူသားတစ်ဦးချင်းစီ၏ ကျန်းမာရေးရှုထောင့်အရ အကျိုးမပြုသော စားသုံးမှုဖြစ်သည်။ ကွမ်းက
ကင်ဆာနှင့် ဆက်နွှယ်သောရောဂါ၊ သွားဖုံး၊ ပါးစပ်ရောဂါ မျိုးစုံကို သယ်ဆောင်လာသည်။
လူအများ သွားလာနေသော
လမ်းတစ်ဝိုက်တွင် စည်းကမ်းမဲ့ အမှိုက်ပစ်ခြင်း၊ စည်းကမ်းမဲ့ ကွမ်းထွေးခြင်းသည်
တိုင်းပြည်နှင့် လူမျိုးဂုဏ်သိက္ခာကို ကျဆင်းစေသည်။ တိုင်းတစ် ပါးခရီးစဉ်ဖြင့် သွားလာခဲ့သူတိုင်းက
အမိမြန်မာပြည်တွင် ကွမ်းဓလေ့ဖြင့် ထင်တိုင်းစား၊ ထင်တိုင်းထွေး၊ ထင်တိုင်းစည်းမဲ့
ကမ်းမဲ့ဖြစ်နေမှုကို ရှက်တတ်စေချင်ပါသည်။
ကွမ်းစားသုံးသူ
တစ်ဦးချင်းက အသိစိတ်ဖြင့် ရှောင်ကြဉ် ကြလျှင် စည်းကမ်းကျနသော၊
စည်းကမ်းစောင့်ထိန်းသော၊ စည်းကမ်းကိုလေးစားသော နိုင်ငံကြီးသားဖြစ်လာမည်မှာ
မြေကြီးလက်ခတ်မလွဲနိုင်ပါ။
ကွမ်းတံတွေးကိစ္စ
ပြဿနာမကြီးထွားမီ မီဒီယာလောကမှ ပညာပေးစည်းရုံးဟောပြောခြင်းကို လုပ်ဆောင်သင့်ပါသည်။
စာနယ်ဇင်းမီဒီယာလောကမှ သတင်း၊ ဆောင်းပါးများဖြင့် နေ့စဉ်ဖော်ပြပေးခြင်းဖြင့်
လူထုနယ်ပယ်သို့ ထိုးဖောက် ဝင်ရောက် သင့်ပါသည်။
ကွမ်းဓလေ့က
လူမှုမီဒီယာတွင် ရှေ့တန်းမှရောက်နေသည်။ ကွမ်းစားခြင်းဓလေ့က မကောင်းကြောင်း၊
ကွမ်းမစားသင့် ကြောင်း ကျန်းမာရေးရှုထောင့်က ရေးကြပြောကြသည်။
အမိနိုင်ငံတွင်
ကွမ်းစားသူဦးရေက ကျမသွားပါ။ နိုင်ငံ တစ်လွှားတွင် လူငယ်ထုများထဲသို့ ထိုးဖောက်၍
ကွမ်းစားသူ အရေအတွက်က ပိုလာသည်။ ကွမ်းမစားလျှင်ပင် ခေတ်မမီ သည့်
အသွင်သို့ဆောင်လာသည်။
ကွမ်းကို ဥပဒေ၊
အာဏာလုပ်ရပ်ဖြင့် ပိတ်ပင်တားဆီးမှု ထက် ကွမ်းကိုကျန်းမာရေးရှုထောင့်အရ
မစားသင့်ကြောင်း၊ ကွမ်းစားနှုန်း လျှော့ချသင့်ကြောင်း၊ ကွမ်း၏ဘေးထွက်ဆိုးကျိုး များ
သိရှိခံယူကျင့်သုံးလာအောင် ပညာပေးသင့်ပါသည်။
စည်းမဲ့ကမ်းမဲ့
ကွမ်းထွေးနေမှုကို အစဉ်အလာကောင်း တစ်ရပ်ပမာ လက်ခံခဲ့ကြသည်မှာလည်း ရာစုနှစ်ထက်ဝက်ပင်
ပြည့်ခဲ့ပါပြီ။ မကောင်းသည့် အလေ့အကျင့်မှန်း မသိကျိုးကျွံ ဖြစ်လာအောင်
မျိုးဆက်သစ်လူငယ်ထုအပေါ် ဥပေက္ခာပြုလွန်း သည်။
ကွမ်း၏ဘေးထွက်ဆိုးကျိုးကား
ကင်ဆာ ..... ကင်ဆာ ..... ကင်ဆာ ..... ။
ကွမ်းကပေးသော ကင်ဆာ။
နေ့စဉ်ငွေပေးဝယ်၍ရသော ကင်ဆာ။ အဆိုပါကင်ဆာသည် ခံတွင်းကင်ဆာအဖြစ် ကျန်းမာ ရေးကို
ဆိုးကျိုးဖြစ်စေနိုင်သည်။ ကွမ်းစားသုံးသူ၏ ခံတွင်းထဲ၌ အချွဲမြှေးခြောက်နေခြင်းကို
သွားနှင့်ခံတွင်းဆရာဝန်ထံ ပြသခြင်း ဖြင့် အဖြေရှာသင့်ပါသည်။
ကွမ်းစားသူတိုင်း
ခံတွင်းကင်ဆာမဖြစ်သော်လည်း ခံတွင်း ကင်ဆာရောဂါသည် ကွမ်းစားဓလေ့ကြောင့် ဆိုသည်ကို
ကျန်းမာ ရေးဆရာဝန်တိုင်းက လက်ခံထားကြသည်။ ပါးစပ်အတွင်းမှ မလိုလားအပ်သော
အနံ့ဆိုးနှင့်အတူ အချွဲမြှေးများက ခြောက်ကပ်လာသည်။ ပါးစောင်က ခြောက်ကပ်လာသည်။
လျှာဖြင့်စမ်းသပ် ကြည့်ပါက ခြောက်၍ကြမ်းတမ်းနေတတ်သည်။ မိမိလျှာဖြင့် ပါးစပ်ကို
ပွတ်တိုက်ကြည့်ပါက ချောနေလျှင်၊ ချွဲတဲတဲ ဖြစ်နေလျှင် ကင်ဆာရောဂါလက္ခဏာ
စသည့်လက္ခဏာဖြစ်သည်။
အမိနိုင်ငံတွင် ၂ဝဝ၁
ခုနှစ်မှ ၂ဝ၁ဝ ပြည့်နှစ်အထိ ၁ဝနှစ် တာကာလအတွင်း ကျောင်းသားလူငယ်များ
ကွမ်းစားသုံးမှု အရေအတွက် သုံးဆပိုလာကြောင်း ပြည်သူ့ကျန်းမာရေး ဖောင်ဒေးရှင်းက
ညွှန်းဆိုသည်။ ကွမ်းစားသုံးသူ ၁ဝဝ တွင် ၁ဝ ဦးက ခံတွင်းကင်ဆာရောဂါကို
သယ်ဆောင်ကြသည်။ ကွမ်းကြောင့် ကင်ဆာ ဖြစ်ပွားမှု၊ ခံတွင်းအနာပေါက်မှု ၈ ဒသမ ၅
ရာခိုင်နှုန်းအထိရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးတွင် ကင်ဆာ ရောဂါဖြစ်သူ အသက် ၁၈
နှစ်အထက် လူငယ် ၅၄၂ ဦးအထိ ဖြစ်လာကြောင်း ကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံက
ညွှန်းဆိုသည်။
မိမိအာဟာရဖြစ်မည့်အစာကို
ငွေဖြင့်မဝယ်ယူကြဘဲ မိမိ ခန္ဓာကိုယ်ကို လူရာမဝင်အောင် အသေဆိုးနှင့်သေစေသော
ကြောက်စရာကင်ဆာရောဂါဆိုးကို နေ့စဉ်ငွေပေး၍ မှီဝဲနေကြ သည်။ လူမြင်ကွင်းဝယ်
ခန္ဓာကိုယ်အာဟာရဖြစ်စေသော အစာ အာဟာရအဖြစ် ဟန်ဆောင်၍ နေ့စဉ်လွှမ်းမိုးနေသည်။ နေ့စဉ်
ငွေရာထောင်ချီ၍ ကုန်နေသည်။
ငွေကြေးအကုန်ခံ၍
နေ့စဉ်မှီဝဲသော အာဟာရအစာတစ်ခု က တစ်နေ့ မိမိ၏သေခြင်းကို ဖိတ်ခေါ်လာသူဖြစ်ကြောင်း
စားသုံးသူပင်မသိ ဘာသိဘာသာနေလိုက်ပြီး စားသုံးမှီဝဲနေ ကြသည်။
ရောင်းချသော
ဈေးဆိုင်ကလေးများကလည်း လမ်းဘေး ဝဲယာတွင် အလွယ်တကူရနိုင်သည်။ ဝယ်နိုင်သည်။
ရထားပေါ်၊ ကားပေါ်၊ သင်္ဘောပေါ်များမှာပင် သူတို့ နယ်မြေကြီးစိုးနေကြ သည်။ အလွယ်တကူ
စားသုံးနိုင်အောင် ပလတ်စတစ်ထုပ်ကလေး များဖြင့် ထုပ်ထားသည်။ အလွယ်တကူ
စားသုံးမှီဝဲလိုက်ကြသည်။
ထိုအရာကား အခြားမဟုတ်
'ကွမ်းယာ'။
ကွမ်းယာကို
နိုင်ငံတစ်ဝန်း နေရာတိုင်း၊ အချိန်တိုင်း တွေ့ကြ ရသည်။ မှီဝဲစားသုံးကြရသည်။
မြို့နေ၊ တောနေလူဦးရေ၏ထက်ဝက်ခန့်က ကွမ်းယာစားသုံးမှုအဖြစ် နေရာယူနေကြသည်။
လူမှုရေးလောကဝတ်တွင်
ကွမ်းစား၊ ဆေးသောက်ကို ရိုးရာ ဧည့်ဝတ်လုပ်ငန်းအဖြစ် ရှေးမြန်မာမင်းများလက်ထက်ကပင်
ခံယူဝတ်ပြုနေကြသည်ကတော့ မှန်ပါသည်။
သို့သော် ..... အစဉ်အလာ
မလုပ်သင့်ပါ။ 'စဉ်' ထား၍ 'လာ' ကြခြင်းသာဖြစ်သည်။
အစဉ်အလာမလုပ်ဘဲ၊
ဝတ္တရားဟူ၍ မသတ်မှတ်ဘဲ ရှောင်ကြဉ်ကြမည်ဆိုလျှင် တစ်နေ့တွင် ဒီဓလေ့စရိုက်ဆိုးက လည်း
ကွယ်ပျောက်သွားကြရမည်သာ ဖြစ်သည်။
''ကွမ်းစား
ဆေးသောက်''ဟူ၍ ပေါ့ပေါ့လေးပြောပြီး ပေါ့ပေါ့လေး လုပ်ခဲ့ကြသောကြောင့်
''ဓလေ့''အသွင်ဟန် ဆောင်၍ လူ့ခန္ဓာကိုယ်ကို နှိပ်စက်နေကြောင်း၊ သေမင်းဆီ
လက်တွဲခေါ်ခဲ့ကြောင်း မသိကြတော့ပါ။
ကျန်းမာရေးအသိ၊
ကျန်းမာရေးဗဟုသုတကို သိအောင် လည်းမလုပ်၊ ရှာမှီးခြင်းလည်းမရှိ။ ကွမ်းစားခြင်း၊
ဆေးလိပ် သောက်ခြင်းကို နိုင်ငံကြီးသားများက ဖယ်ရှားကုန်ပြီ။ ယဉ်ကျေးသော
နိုင်ငံသားတိုင်းက လူ့ဝန်းကျင်တွင် သန့်ရှင်းမှု ကိုလည်း အကျည်းတန်စေနိုင်ကြောင်း
လက်ခံယုံကြည်ကြပါ သည်။
ကွမ်းကို
တစ်နေ့ကုန်ကျစရိတ် ငွေကျပ် ၅ဝဝ-၁ဝဝဝ စားသောလူတန်းစား။ တစ်နေ့ငွေကျပ်၂ဝဝဝ-၃ဝဝဝ
ကုန်သော လူတန်းစား။ နေရာအနှံ့ပေါများနေသော မြို့ပြ၏ပြယုဂ် ကွမ်းယာဆိုင်များက ၂၄
နာရီ တွေ့မြင်နိုင်သည်။
ကွမ်းကို
စည်းကမ်းရှိရှိစားလျှင်၊ ဝါးလျှင် လူမှုရေးနယ်ပယ် ၌ ပြဿနာမရှိ။ တွေ့သည့်နေရာ
ထွေးချလိုက်ကြသည်။ ''ကွမ်းတံတွေးမထွေးရ'' ဆိုင်းဘုတ်စာတန်းပေါ်၌ပင် ကွမ်း
တံတွေးများ ရဲရဲနီသွားကြပြီ။ ကွမ်းတံတွေးများက မြို့၏အဂ¯ရပ်ကို
အကျည်းတန်အရုပ်ဆိုးစေသည်။ ဝန်းကျင်အလှကို ဖျက်ဆီးလိုက်ကြသည်။
ကွမ်းယာရောင်းသော
ဆိုင်များတွင် ကွမ်းနှင့်ဆက်စပ် ပစ္စည်းများ၊ အိန္ဒိယဆေးမျိုးစုံများ ပူးတွဲရောင်းချသည်ကို
တွေ့ကြရသည်။ ကွမ်းနှင့်အလားတူ Shikhar ဆေးများက နေရာယူလာကြသည်။ တစ်ထုပ်လျှင် ငွေ
၅ဝ-၁ဝဝ ပေးလိုက်က အိန္ဒိယဆေးတစ်ထုပ် ရနိုင်သည်။ ဆေးငုံကြသူများ၏ ပါးစပ် ခံတွင်း၌
ရောဂါတစ်မျိုးကို ဖန်တီးလိုက်သည်။ 'ကင်ဆာ' ရောဂါ .....။ အမှုမဲ့
အမှတ်မဲ့ဝယ်ယူသုံးစွဲရာမှ လတွေ၊ နှစ်တွေ ကြာလာသောအခါ ကုစား၍မရနိုင်သော သေမင်း၏တမန်
တော်ရှေ့ပြေးတပ်သား 'ကင်ဆာ'ဟူ၍ အမည်တပ်လိုက်ပြီး ကုစားမရနိုင်သော ရောဂါ
ဆိုးကြီးအဖြစ် ငွေကုန်သော်လည်း အသက်မမီလိုက်သော အခြေအနေသို့ ရောက်လာသည်။
ကွမ်းစားခြင်း၊
ဆေးစားခြင်း၊ ကွမ်းဝါးခြင်း၊ ဆေးဝါးခြင်း အတတ်ပညာသည် အိမ်နီးချင်းနိုင်ငံအိန္ဒိယမှ
တစ်ဆင့်ခံဓလေ့ ဖြစ်သည်။ မြန်မာ့နန်းတွင်းဓလေ့တွင် ''ကွမ်းစားခြင်း၊ ကွမ်းအစ်၊
ကွမ်းဖိုး''တို့ကို တွေ့မြင်ကြရသည်။ ရာဇဝတ်ပြစ်မှု ကျူးလွန်မှု အပေါ် ကျေအေးစေရန်
ကွမ်းဖိုးပေးခဲ့ရသည်။
မြန်မာ့သမိုင်း
ပုဂံရာဇဝင်မှတ်တမ်းတစ်ခုတွင် အိမ်ရှေ့ မင်းသားသီဟသူက လာလမ်းကြောင်းကို မဖယ်ပေး၊
အရို အသေမပြုသော အမတ်ကြီးရာဇသင်္ကြန်၏ အင်္ကျီလက်ပေါ်သို့ ကွမ်းတံတွေး ထွေးချခဲ့သည်။
ရခိုင်မင်းကြီးက ကွမ်းစားပြီး နန်းတော်တိုင်ကို ထုံးဖြင့် တို့ခဲ့မိ၍ ကိုယ့်ထုတ်ပြန်ချက် ဥပဒေအတိုင်း ကိုယ်တိုင် ကိုယ့်လက်ညှိုးကိုယ် ပိုင်းဖြတ်ခဲ့သည်။
ရခိုင်မင်းကြီးက ကွမ်းစားပြီး နန်းတော်တိုင်ကို ထုံးဖြင့် တို့ခဲ့မိ၍ ကိုယ့်ထုတ်ပြန်ချက် ဥပဒေအတိုင်း ကိုယ်တိုင် ကိုယ့်လက်ညှိုးကိုယ် ပိုင်းဖြတ်ခဲ့သည်။
ရတနာပူရ
စေတုတ္တရာမြို့တည်မင်းတရားကြီး၏ မိဖုရား ခေါင်ကြီးက ကွမ်းသုံးဆောင်သောအခါ
ထွေးပစ်သောကွမ်းရည် က ပန်းရောင်အဆင်းဖြစ်ကြောင်း စားတော်ဆက်သခဲ့ရာ အချိန် ၅ဝရှိ
ငွေဖလားကို ချီးမြှင့်တော်မူခဲ့သည်။
ယခုခေတ်ဝယ်
ကွမ်းယာဆိုင်များမှ စပ်ပြီးထုံး၊ နှပ်ပြီး ဆေး၊ ယာပြီးကွမ်းယာများက
ပလတ်စတစ်အိတ်ကလေးတွေ ဖြင့် စားသုံးသူ၊ မှာကြားသူအတွက် အသင့်အနေအထားမှာ ရှိနေကြသည်။
ကွမ်းစားရာ၌
ကွမ်းသီးတွင်ပါသော(Arecoline) အေရီကိုလင်းဓာတ်က ခန္ဓာကိုယ်ကို လန်းဆန်းစေသည်။
တက်ကြွစေသည်။ စိတ်ကိုငြိမ်သက်စေသည်။ အကြောအချဉ် ပြေစေသည်။ ထုံးဓာတ်က တံတွေးကိုပိုထွက်စေသည်။
ကွမ်းယာတွင်ရှိသော
(Alkaloid) အယ်လ်ကာလွိုက်၊(Polyphenals) ပေါ်လီဖနယ်များက ဘေးထွက်ဆိုးကျိုး အနေဖြင့်
လူကိုကင်ဆာဖြစ်စေနိုင်စွမ်းသည့် သွားနှင့်ခံတွင်း ဆိုင်ရာရောဂါများ ဖြစ်စေသည်။
သွားဖုံးရောင်ရောဂါ၊ မျိုးစုံလှသော အပိုဒုက္ခ၊ အပိုငွေကုန်ကျမည့် ဝဋ်ဒုက္ခများ၊
ကြောက်စရာ ကင်ဆာရောဂါဆိုးကြီးကို ယနေ့ပင် ဖယ်ရှား လိုက်ကြပါစို့ .....။
နေ့စဉ်ငွေပေးဝယ်နေကြသော
ကွမ်းယာသည် ကင်ဆာ ရောဂါကို ဖြစ်စေပြီ .....။
No comments:
Post a Comment