Sunday, November 8, 2026

Development Projects Propel Growth in Insein, Hlinethaya and Shwepyitha

 


President of the Republic of the Union of Myanmar U Min Aung Hlaing made an inspection tour of Yangon Technological University under the Department of Advanced Science and Technology in Insein Township, and urban development projects in Hlinethaya and Shwepyitha townships in Yangon Region yesterday.

စက်တင်ဘာ ၂၁ ရက်မှ ၂၂ ရက်အထိ နေပြည်တော်၌ကျင်းပခဲ့သည့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်မှုမှသည် နိုင်ငံ့ထုတ်ကုန်တိုးတက်မှုသို့ အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခင်ဇာကျော်၏ ဆီထွက်သီးနှံ နှမ်းနှင့် ပဲပုပ်တိုးချဲ့ထုတ်လုပ်ခြင်းဖြင့် ပြည်တွင်းစားသုံးဆီဖူလုံရေးမှသည် ပြည်ပတင်ပို့နိုင်ရေး စာတမ်းကောက်နုတ်ချက်

 

၁။        မြန်မာနိုင်ငံတွင် လူဦးရေတိုးတက်လာသည်နှင့်အမျှ ဆီစားသုံးမှုများပြားလာသကဲ့သို့ ပြည်တွင်းစားသုံးဆီထုတ်လုပ်မှုမှာ လုံလောက်မှုမရှိသဖြင့် ပြည်ပမှစားအုန်းဆီကို နှစ်စဉ် တင်သွင်းလျက်ရှိပါသည်။ ပြည်တွင်းစားသုံးဆီအဖြစ် ထုတ်လုပ်ရာတွင် မြေပဲ၊ နှမ်းနှင့် နေကြာသီးနှံတို့ကို အဓိကထား၍ စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ မြေပဲ၊ နှမ်းနှင့် နေကြာသီးနှံများမှရရှိသော စားသုံးဆီကို စားသုံးသူအများစု စားသုံးလျက်ရှိပြီး လက်ရှိအချိန်တွင် ပဲပုပ်ဆီကိုလည်း စားသုံးလာကြပါသည်။ ဆီထွက်သီးနှံတစ်မျိုးစီတွင် ပါဝင်သည့် အာဟာရ ဓာတ်များ မတူညီကြသောကြောင့် ဆီထွက်သီးနှံ မျိုးစုံစိုက်ပျိုးခြင်းဖြင့် စားသုံးသူများအနေဖြင့်လည်း မိမိတို့ကြိုက်နှစ်သက်သောဆီကို ရွေးချယ်ဝယ်ယူနိုင်မည့် အခွင့်အလမ်းပိုမိုရရှိလာနိုင်မည်ဖြစ်ပြီး ပြည်တွင်းစားသုံးဆီဖူလုံမှုကိုလည်း အထောက်အကူ ဖြစ်စေမည်ဖြစ်ပါသည်။

အသက်မွေးဝမ်းကျောင်းနှင့် လုပ်ငန်းခွင်အကြို အခြေခံကွန်ပျူတာသင်တန်း(၂/၂၀၂၆) ဖွင့်လှစ်

 

နေပြည်တော် နိုဝင်ဘာ ၇

မြန်မာနိုင်ငံ လူငယ်ရေးရာဗဟိုကော်မတီ၊ နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီနှင့် အစိုးရစက်မှုလက်မှုသိပ္ပံ(နေပြည်တော်)တို့ ပူးပေါင်းဆောင်ရွက်သည့် အသက်မွေးဝမ်းကျောင်းနှင့် လုပ်ငန်းခွင်အကြို အခြေခံကွန်ပျူတာသင်တန်း (၂/၂၀၂၆)သင်တန်းကို ယမန်နေ့နံနက်ပိုင်းတွင် အစိုးရစက်မှုလက်မှုသိပ္ပံ(နေပြည်တော်)၌ ကျင်းပရာ လူငယ်ရေးရာဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ လူငယ် ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမောင်သင်း၊ ဒုတိယဝန်ကြီး ဦးစစ်နိုင်၊ နေပြည်တော် ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ၊ ဆရာ ဆရာမများနှင့် သင်တန်းသားသင်တန်းသူများ တက်ရောက်ကြသည်။

ဒုတိယဝန်ကြီး ဦးသွင်အောင် အမှတ်(၂)သံမဏိစက်ရုံ(ပင်းပက်) ကြည့်ရှုစစ်ဆေး

 

နေပြည်တော် နိုဝင်ဘာ ၇

အမှတ်(၂) သံမဏိစက်ရုံ (ပင်းပက်)အနေဖြင့် ဘဏ္ဍာရေးနှစ်အလိုက် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့မှုနှင့်စပ်လျဉ်း၍ရရှိသည့် ဘဏ္ဍာရန်ပုံငွေနှင့် ရန်ပုံငွေ အသုံးပြုခဲ့မှုတို့ကို တစ်ခုချင်းစီအလိုက် ပြန်လည်စိစစ်သုံးသပ်ရမည်ဖြစ်ကြောင်း၊ လုပ်ငန်းတစ်ခုချင်းစီအလိုက် ရရှိလာသည့် ဘဏ္ဍာငွေများကို အသေးစိတ်စိစစ်၍ လေလွင့်ဆုံးရှုံးမှုများ မရှိစေရေးနှင့် အကျိုးရှိထိရောက်စွာ သုံးစွဲရန်လိုကြောင်း၊ စွန့်ပစ်အပူသုံး ဓာတ်အားပေးစက်ရုံ (HRPS)ကို ပြည်ပပညာရှင်များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ လုပ်ငန်းများအား သတ်မှတ်အချိန်ဇယားများအတိုင်း အောင်မြင်စွာပြီးစီးနိုင်ရေးအတွက် မိမိတို့ဘက်က ဖြည့်ဆည်းပေးရမည့် စက်အရန်ပစ္စည်းလိုအပ်ချက်များကို အချိန်မီဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက်ရန်လိုကြောင်း စက်မှုနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသွင်အောင်က မှာကြားသည်။

မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့၏ ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာနှစ် ဒုတိယအကြိမ်အစည်းအဝေးကျင်းပ

 

နေပြည်တော် နိုဝင်ဘာ ၇

မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ဒုတိယအကြိမ် အစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ရုံးအမှတ်(၃) အစည်းအဝေးခန်းမ-၂ ၌ ကျင်းပသည်။