Monday, September 14, 2026

MSME ကဏ္ဍကို နိုင်ငံတော်ကအလေးထားဆောင်ရွက်နေသည့်အတွက် ဝန်ကြီးဌာနရှိ စက်ရုံများနှင့် တာဝန်ရှိသူများ ဝိုင်းဝန်းပူးပေါင်းကြိုးစားဆောင်ရွက်ကြရန် ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း မှာကြား

 

နေပြည်တော် စက်တင်ဘာ ၁၃

MSME ကဏ္ဍကို နိုင်ငံတော်က အလေးထားဆောင်ရွက်နေသည့်အတွက် မိမိတို့ဝန်ကြီးဌာနရှိ စက်ရုံများနှင့်တာဝန်ရှိသူအဆင့်ဆင့်အားလုံး ဝိုင်းဝန်းပူးပေါင်းကြိုးစားဆောင်ရွက်ကြရန် စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ကျိုက်ဝိုင်း MSME ဗဟိုဌာန အစည်းအဝေးခန်းမ၌ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ ဦးစီးဌာန/လုပ်ငန်းတာဝန်ခံများနှင့် တွေ့ဆုံစဉ် မှာကြားသည်။

လိမ်လည်မှုထောင်ချောက်သတိပြု ဘေးကင်းလုံခြုံမှုကိုတည်ဆောက်

 


လူကုန်ကူးမှုသည် အဆိုးရွားဆုံး လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်ပြီး လူသားမျိုးနွယ်တစ်ခုလုံး၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် လူ့ဂုဏ်သိက္ခာများကို ကြီးမားစွာထိပါး ဖျက်ဆီးနေသည့်အန္တရာယ်ဖြစ်သည်။ လူသားများကို ခြိမ်းခြောက်နေသည့် လူကုန်ကူးမှုအန္တရာယ်ကို ကမ္ဘာ့နိုင်ငံများက နိုင်ငံဖြတ်ကျော်မှုခင်းများအဖြစ် တိုက်ဖျက်လျက်ရှိသည်။ ခေတ်ရေစီးကြောင်းပြောင်းလဲမှုများ၊ နည်းပညာတိုးတက်မှုများနှင့်အတူ မျက်မှောက်ကာလတွင် ဒုစရိုက်သမားများက လူကုန်ကူးမှုကို ဆန်းပြားသည့် ပုံစံအမျိုးမျိုးကျူးလွန်လာသည်ကို တွေ့ရမည်ဖြစ်သည်။

လူကုန်ကူးမှုသားကောင်မဖြစ်ရန် သတိပြုဆင်ခြင် ကြိုတင်ကာကွယ်

 


လူကုန်ကူးမှုသည် လူလူချင်းရက်စက်စွာဖြင့် ခေါင်းပုံဖြတ်ခြင်းဖြစ်ပြီး လူ့အခွင့်အရေးကို ချိုးဖောက်ခြင်းလည်းဖြစ်သည်။ လူကုန်ကူးမှုသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု နိမ့်ကျသည့်နိုင်ငံများတွင် အဖြစ်များသည် ဟုဆိုသော်လည်း ဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံများ၌ပါ ဖြစ်ပွားလျက်ရှိရာ ကမ္ဘာတစ်ဝန်းလုံးတွင်ဖြစ်ပွားနေသည့် ကမ္ဘာ့ပြဿနာဟုဆိုရမည် ဖြစ်သည်။

Sunday, September 13, 2026

နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် စစ်ဆင်ရေးတာဝန်များကို ထမ်းဆောင်ခဲ့သည့် ရှေ့တန်းပြန် နိုင်ငံ့သားကောင်း တပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုပွဲ ကျင်းပ

 

နေပြည်တော် စက်တင်ဘာ ၁၃

နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် နယ်မြေလုံခြုံရေးတာဝန်များကို သက်စွန့်ကြိုးပမ်းထမ်းဆောင်၍ ပြန်လည်ရောက်ရှိလာသော ရှေ့တန်းပြန် နိုင်ငံ့သားကောင်းတပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုခြင်း အခမ်းအနားကို ယနေ့ညနေပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့ရှိ နယ်မြေခံတပ်ရင်း၌ပြုလုပ်ရာ ဟုမ္မလင်းတပ်နယ်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ကျောင်းသား/ ကျောင်းသူများနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက်ကြသည်။

တရားမဝင် Online လောင်းကစားဂိမ်း ဦးဆောင်လုပ်ကိုင်သူ (Senior Agent) များအား ဖော်ထုတ်ဖမ်းဆီး

 

နေပြည်တော် စက်တင်ဘာ ၁၃

နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ပြည်တွင်းစီပွားရေးတည်ငြိမ်စေရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိရာ အချို့သော ဝိသမလောဘသားများသည် Online အခြေပြုလောင်းကစား Website များ တည်ထောင်၍ လူမှုကွန်ရက်များပေါ်တွင် ကြော်ငြာခြင်း၊ Online လောင်းကစားဂိမ်းကစားနိုင်ရန် တရားမဝင်ဝန်ဆောင်မှုပေးခြင်းများ ဆောင်ရွက်လျက်ရှိခြင်းကြောင့် ပြည်သူအချို့အနေဖြင့် ဝင်ရောက်ကစားလျက်ရှိသည်ကို တွေ့ရှိရပြီး ထိုသို့လောင်းကစားဂိမ်းများကစားခြင်းကြောင့် ငွေကြေးဆုံးရှုံးမှုများ ဖြစ်ပေါ်လျက်ရှိ၍ အကျင့်စာရိတ္တပျက်ပြားခြင်း၊ နောက်ဆက်တွဲ ဒုစရိုက်မှုများကျူးလွန်ခြင်းနှင့် မိမိကိုယ်ကို အဆုံးစီရင်ခြင်းများ ဖြစ်ပွားသည်အထိ ပြည်သူတို့၏ လူမှုစီးပွားဘဝများ ထိခိုက်နစ်နာလျက်ရှိကြောင်း တွေ့ရှိရသည်။