Thursday, June 25, 2026

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း မြိတ်တပ်နယ်နှင့် ကျွန်းစုမြို့နယ်မြေခံတပ်ရှိ အရာရှိ၊ စစ်သည် မိသားစုဝင်များအား သီးခြားစီတွေ့ဆုံအမှာစကားပြောကြား၊ တပ်ရင်း/တပ်ဖွဲ့များအား ကြည့်ရှုစစ်ဆေး


နေပြည်တော် ဇွန် ၂၄

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး‌ ကျော်စွာလင်းသည် ဇနီးဒေါ်နန်းကူးကူ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကျော်ကျော်ဟန်နှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် မြိတ်တပ်နယ်နှင့် ကျွန်းစုမြို့ရှိ နယ်မြေခံတပ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား သီးခြားစီသွားရောက်တွေ့ဆုံ၍ အမှာစကားပြောကြားသည်။

ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး “ဒီဂျစ်တယ်အခြေပြု မြန်မာ့အေအိုင်ခေတ်ဆီသို့” စကားဝိုင်းဆွေးနွေးပွဲ တက်ရောက်


နေပြည်တော် ဇွန် ၂၄

“ဒီဂျစ်တယ်အခြေပြု မြန်မာ့အေအိုင်ခေတ်ဆီသို့” စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီ ခွဲတွင် နေပြည်တော်ရှိ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပသည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ


ရန်ကုန် ဇွန် ၂၄

ဘယ်လာရုစ်နိုင်ငံ ဘရက်စ်မြို့၌ ကျင်းပပြုလုပ်သည့် 2 International Forum of the Union State " Great Heritage Common Future " ဖိုရမ် တက်ရောက်ရာမှ ပြန်လည်ထွက်ခွာလာသည့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီဦးဆောင်သော မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့သည် ဇွန် ၂၄ ရက် ဒေသစံတော်ချိန် ည ၇ နာရီ ၁၅ မိနစ်တွင် ထိုင်းနိုင်ငံ ဗန်ကောက်မြို့ သုဝဏ္ဏဘုမ္မိလေဆိပ်မှတစ်ဆင့် လေကြောင်းခရီးဖြင့် ဆက်လက်ထွက်ခွာလာရာ ည ၈ နာရီ ၁၅ မိနစ်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိခဲ့သည်။

ပြည်ထောင်စုလွှတ်တော်နာယက၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီးအား လက်ခံတွေ့ဆုံ


နေပြည်တော် ဇွန် ၂၄

ပြည်ထောင်စုလွှတ်တော်နာယက၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးသည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Abhay Thakur အား ယနေ့မွန်းလွဲ ၂ နာရီ တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ အမျိုးသားလွှတ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

ရန်ကုန်-မော်လမြိုင်-ရန်ကုန်ခရီးစဉ်တွင် အမှတ် (၈၃) အဆန်/ အမှတ် (၈၄) အစုန် လေအေးပေးစက်ပါ ခေတ်မီ DEMU လူစီးအမြန်ရထားများ စတင်ပြေးဆွဲမည်

 


နေပြည်တော် ဇွန် ၂၄

ပို့ဆောင်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားသည် ခရီးသွားပြည်သူများ အဆင်ပြေစွာသွားလာနိုင်ရေးအတွက် ရန်ကုန်-မန္တလေးလမ်းပိုင်းအတွင်း ရန်ကုန်- နေပြည်တော်-ရန်ကုန် ရထားခရီးစဉ်နှင့် ရန်ကုန်-မန္တလေး-ရန်ကုန် ရထားခရီးစဉ်များအား လေအေးပေးစက်ပါခေတ်မီ DEMU လူစီးအမြန်ရထားများဖြင့် ပြေးဆွဲပေးခဲ့ပြီး ခရီးသည်များကြိုက်နှစ်သက်၍ စီးနင်းမှုများသောကြောင့် ရန်ကုန်-မော်လမြိုင်လမ်းပိုင်းအတွင်း အမှတ် (၈၃) အဆန် ရန်ကုန်-မော်လမြိုင်ခရီးစဉ်နှင့် အမှတ် (၈၄) အစုန် မော်လမြိုင်-ရန်ကုန် ရထားခရီးစဉ်များကို လေအေးပေးစက်ပါ ခေတ်မီ DEMU လူစီးအမြန်ရထားများ အသုံးပြု၍ ၂၀၂၆ ခုနှစ်၊ ဇူလိုင် ၁ ရက်မှစတင်၍ အောက်ပါအချိန်ဇယားအတိုင်း တိုးချဲ့ပြေးဆွဲပေးသွားမည် ဖြစ်သည်။