နေပြည်တော် -မတ်
၎
အမျိုးသားလွှတ်တော်
နိုင်ငံတကာဆက်ဆံရေး၊ လွှတ်တော်ချင်း ချစ်ကြည်ရေး နှင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီဥက္ကဋ္ဌ
ဦးဇုန်လှယ်ထန်းအား တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံရုံးမှ သံအမတ်ကြီး မစ္စတာဟုန်လျန်သည်
ယနေ့နံနက်(၁၁)နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်ကော်မတီရေးရာဆောင် အမှတ်(၂၀)
ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံ သည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံ၌
တရုတ်ကုမ္ပဏီများ စီးပွားရေးရင်းနှီးမြှုပ်နှံနေမှုအပေါ် ပိုမို ပွင့်လင်းမြင်သာပြီး လူထုအကျိုးပြုလုပ်ငန်းများ
ပိုမိုလုပ်ဆောင်နိုင်ရေး၊ တရုတ်ပြည်လုံးကျွတ် ဆိုင်ရာညီလာခံ(MPC)ဖွဲ့စည်းထားရှိမှုနှင့်
တရုတ်-မြန်မာနှစ်နိုင်ငံ ချစ်ခင်ရင်းနှီးစွာ ပူးပေါင်း ဆောင်ရွက်ရေးတို့ကို ဆွေးနွေးကြသည်။
အလားတူ ကနေဒါနိုင်ငံ
သံရုံးမှ သံအမတ်ကြီး H.E. Mr. Mark McDowell သည် မွန်းတည့် (၁၂)နာရီတွင် အဆိုပါဧည့်ခန်းမ၌
လာရောက်တွေ့ဆုံပြီး ကနေဒါ-မြန်မာ နှစ်နိုင်ငံ လွှတ်တော်ချင်း ပူးပေါင်းဆောင်ရွက်ရေး၊
စီးပွားရေးကဏ္ဍများတွင် အတူတကွ ပူးပေါင်း ဆောင်ရွက်ရေးနှင့် သတ္တုတွင်းဆိုင်ရာကိစ္စရပ်များကို
ဆွေးနွေးကြသည်။
ထို့ပြင် အိန္ဒိယနိုင်ငံ
သံရုံးမှ သံအမတ်ကြီး H.E. Mr. Gautam Mukhopadhaya သည် မွန်းလွဲ(၂)နာရီတွင် လာရောက်တွေ့ဆုံပြီး
အိန္ဒိယ-မြန်မာနှစ်နိုင်ငံအကြား အာဆီယံလမ်းမကြီး တစ်လျှောက် ခရီးသွား Bus ကားများပြေးဆွဲရေး၊
မြန်မာနိုင်ငံ အနောက်ဘက်ခြမ်းနှင့် အိန္ဒိယ အရှေ့မြောက်ဘက်ခြမ်းခရီးသွားလုပ်ငန်းများ
တိုးမြှင့် ရေးကိစ္စရပ်များကို ဆွေးနွေးကြသည်။
အဆိုပါတွေ့ဆုံပွဲများသို့
လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြ သည်။



No comments:
Post a Comment