Home

Friday, March 4, 2016

ပြည်သူ့လွှတ်တော် နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဒေါ်စုစုလွင် ပြည်ပဧည့်သည်များ သီးခြားစီတွေ့ဆုံ



နေပြည်တော် မတ် ၎

ပြည်သူ့လွှတ်တော် နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဒေါ်စုစုလွင် သည် မြန်မာနိုင်ငံဆိုင်ရာ ကနေဒါနိုင်ငံ သံအမတ်ကြီး H.E. Mr. Mark McDowell အား ယနေ့မွန်းလွဲ(၂)နာရီတွင်လည်းကောင်း၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး H.E. Mr.Gautam Mukhopadhaya အား ယနေ့မွန်းလွဲ(၃)နာရီတွင် လည်းကောင်း ကော်မတီရေးရာ ဆောင် (I-5)၌ သီးခြားစီတွေ့ဆုံသည်။


တွေ့ဆုံစဉ် လွှတ်တော်အချင်းချင်း အတွေ့အကြုံဖလှယ်ရေး ကိစ္စများကို လည်းကောင်း၊ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်လျက်ရှိသော ပညာရေးနှင့် စိုက်ပျိုးရေး ကိစ္စရပ်များကိုလည်းကောင်း ဆွေးနွေးကြသည်။


တွေ့ဆုံပွဲသို့ နိုင်ငံတကာဆက်ဆံရေးကော်မတီ အတွင်းရေးမှူး ဦးဘိုဘိုဦးနှင့် အဖွဲ့ဝင် ဦးဇော်သိန်းတို့ တက်ရောက်ကြသည်။ 

No comments:

Post a Comment