ထားဝယ် အောက်တိုဘာ ၁၆
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ၏လမ်းညွှန်ချက်နှင့်အညီ မြန်မာနိုင်ငံသား တိုင်ရင်းသားများနှင့်ဥပဒေအရ နိုင်ငံသားများအား ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုးထုတ်ပေးရေး လုပ်ငန်းများကို လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၊ သရက်ချောင်း မြို့နယ်ဦးစီးမှူးရုံး က ထားဝယ်ခရိုင်၊ သရက်ချောင်း မြို့နယ်၊ မော်ရှည်ကုန်းကျေးရွာ၌ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်း တွင်တနင်္သာရီ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမြတ်ကို၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ထိုနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမြတ်ကို က ရပ်ကွက်နေပြည်သူများ အားရင်ရင်းနှီးနှီး တွေ့ဆုံပြီး ပန်းခင်းစီမံချက်ဖြင့်ဆောင်ရွက် ပြီးစီးသည့်အိမ်ထောင်စုလူဦးရေစာရင်း နှင့် နိုင်ငံသား စိစစ်ရေး ကတ်ပြားများအား ဒေသခံပြည်သူများထံလက်ဝယ် အရောက်ပေးအပ်ခဲ့သည်။
ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုးထုတ် ပေးရေး လုပ်ငန်းများကို (၃.၅.၂၀၂၁) ရက်နေ့မှ(၃.၁၁.၂၀၂၂)ရက်နေ့အထိ ဆောင်ရွက်သွား မည်ဖြစ်ကြောင်းသတင်းရရှိသည်။
တိုင်းဒေသကြီးပြန်/ဆက်
No comments:
Post a Comment