Home

Saturday, October 16, 2021

နေပြည်တော်ရှိ ပရိယတ္တိစာသင်တိုက်ကြီး(၇)တိုက်သို့ ထာဝရပဒေသာပင်စိုက်ထူလှူဒါန်းပွဲ ကျင်းပ



နေပြည်တော်  အောက်တိုဘာ  ၁၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရှိ ပရိယတ္တိစာသင်တိုက်ကြီး(၇)တိုက်သို့ ရွှေအိမ် ဆောက်လုပ်ရေးပစ္စည်းနှင့်စတိုးမိသားစုမှ ကျပ်သိန်း(၃၄၀၀)အား ထာဝရပဒေသာပင် စိုက်ထူ လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီက နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်ရှိ ရွှေကံလှ ပညာဒါနကျောင်းတွင် ကျင်းပသည်။

အခမ်းအနားသို့  နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ  မစိုးရိမ် ပရိယတ္တိစာသင်တိုက် ပဓာနနယက၊ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ၊ ဘဒ္ဒန္တအဂ္ဂဓမ္မ မထေရ်မြတ် အမှူးပြုသော ဆရာတော်၊သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး နေပြည်တော် ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလှူရှင်များတက်ရောက်သည်။

ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကိုဖွင့်လှစ်ခဲ့ပြီး မြို့နယ်သံဃနာယက အဖွဲ့ ဥက္ကဋ္ဌ မစိုးရိမ်ပရိယတ္တိစာသင်တိုက် ပဓာနနယက၊ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ၊ ဘဒ္ဒန္တအဂ္ဂဓမ္မ မထေရ်မြတ်ထံမှ တက်ရောက်လာသည့် ဧည့်ပရိတ်သတ်များက ငါးပါးသီလခံယူ ဆောက်တည်ကြပြီး ဆရာတော်၊သံဃာတော်များ ရွတ်ဖတ်သရဇ္ဈာယ်တော်မူသည့် မေတ္တာသုတ် ပရိတ်တရားတော်အား နာယူကြည်ညိုကြသည်။

ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင်ဦးမြင့်စိုးက အလှူရှင်မိသားစုမှလှူဒါန်းသော အလှူငွေ ကျပ်သိန်း(၃၄၀၀)အား ကျောင်းတိုက်အားလုံးကိုယ်စား လက်ခံရယူကာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည် ပေးအပ်ခဲ့ပြီး တက်ရောက်လာကြကသူများက မြို့နယ်သံဃနာယက အဖွဲ့ ဥက္ကဋ္ဌ မစိုးရိမ် ပရိယတ္တိစာသင်တိုက် ပဓာနနယက၊ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ၊ ဘဒ္ဒန္တအဂ္ဂဓမ္မ မထေရ်မြတ်ထံမှ အနုမောဒနတရား နာကြားကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။

အလှူရှင်မိသားစုအနေဖြင့် နေပြည်တော်ရှိ အုန်းတော ပရိယတ္တိစာသင်တိုက်ကြီးအတွက် အလှူငွေကျပ်သိန်းတစ်ထောင်၊ မစိုးရိမ်ပရိယတ္တိစာသင်တိုက်ကြီးအတွက် အလှူငွေကျပ်သိန်ငါးရာ၊ စိန်ရာဇပရိယတ္တိစာသင်တိုက်ကြီးအတွက်အလှူငွေကျပ်သိန်းငါးရာ၊ ရာဇာဓာနီ သာမဏေကျော် ပရိယတ္တိစာသင်တိုက်ကြီးအတွက် အလှူငွေကျပ်သိန်းငါရာ၊ မဟာဝိဇိတာရုံ ပရိယတ္တိ စာသင်တိုက်ကြီးအတွက် အလှူငွေကျပ်သိန်းသုံးရာ၊ ဝဇီရာနန္ဒဓမ္မစင်တာ ပရိယတ္တိ စာသင်တိုက်ကြီး အတွက် အလှူငွေ ကျပ်သိန်းသုံးရာ၊ ထူးကြီး ပရိယတ္တိ စာသင်တိုက်ကြီး အတွက် အလှူငွေကျပ်သိန်းသုံးရာ စုစုပေါင်း အလှူငွေ ကျပ်သိန်း(၃၄၀၀)ကိုလှူဒါန်းခဲ့ပြီး အခြားမြို့နယ်များရှိ ပရိယတ္တိစာသင်တိုက်ကြီးများကိုလည်း ထာဝရ ပဒေသာပင်စိုက်ထူလှူဒါန်းခဲ့ရာ ယနေ့လှူဒါန်းမှု အပါအဝင် စုစုပေါင်းလှူဒါန်းငွေ သိန်းတစ်သောင်းကျော် ရှိပြီဖြစ်ကြောင်း သိရသည်။

ဥတ္တရခရိုင်ပြန်/ဆက်

                                                                                                                           

No comments:

Post a Comment