Home

Saturday, October 16, 2021

ပွင့်ဖြူမြို့နယ်တွင် စေတနာ့ဝန်ထမ်း ပရဟိတအဖွဲ့များအား ကျန်းမာရေးသုံး အကာအကွယ်ပစ္စည်း(၉)မျိုး ထောက်ပံ့ပေးအပ်

 



ပွင့်ဖြူ အောက်တိုဘာ ၁၆

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ရှိ စေတနာ့ဝန်ထမ်း ပရဟိတအဖွဲ့များအား ကျန်းမာရေးသုံး အကာ အကွယ်ပစ္စည်း(၉)မျိုး ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ ညနေ ၄ နာရီက ပွင့်ဖြူမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး မုန်းသီတာခန်းမတွင် ကျင်းပသည်။

စေတနာ့ဝန်ထမ်း ပရဟိတအဖွဲ့များအား ကျန်းမာရေးသုံး အကာအကွယ်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ထောက်ပံ့ပေးအပ်ခြင်း ဖြစ်ပြီး ထောက်ပံ့ပေးအပ်ပွဲတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ခိုင်က စေတနာ့ဝန်ထမ်း ပရဟိတအဖွဲ့များအား ကျန်းမာရေးသုံး အကာအကွယ်ပစ္စည်းများ ထောက်ပံ့ပေးအပ်ရခြင်းနှင့် စပ်လျဉ်းပြီး ရှင်းလင်းဆွေးနွေး ပြောကြားသည်။

ထို့နောက် ကျန်းမာရေးသုံးအကာအကွယ်ပစ္စည်း(၉)မျိုးကို မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက စေတနာ့ဝန်ထမ်း ပရဟိတ အဖွဲ့အစည်းများ ဖြစ်ကြသည့် သမ္မာဆန္ဒကရုဏာရှင်များ နာမှုကူညီရေးအသင်းနှင့် မြို့နယ် ကြက်ခြေနီအသင်းခွဲတို့မှ တာဝန်ရှိသူများထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။  

ရဲဝင်းနိုင် (ညောင်ဦး)

No comments:

Post a Comment