Home

Wednesday, September 18, 2019

ဒုတိယဝန်ကြီး ဦးအောင်လှထွန်းနှင့်အဖွဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ထွက်ခွာ




ရန်ကုန်   စက်တင်ဘာ ၁၈

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်းရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့၌ စက်တင်ဘာ ၁၈ ရက် မှ ၂၁ ရက်အထိ ကျင်းပမည့်  (၁၆)ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲကာလအတွင်း တရုတ်-အာဆီယံ  ရုပ်မြင်သံကြား ရက်သတ္တပတ်နှင့် ရေဒီယိုရုပ်မြင်သံကြားနှင့် မီဒီယာအသစ်ဖိုရမ်သို့
တက်ရောက်ရန် ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်း ဦးဆောင်သော  ကိုယ်စားလှယ်အဖွဲ့သည်   ယနေ့မွန်းလွဲပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့မှ  နန်နင်းမြို့သို့ ထွက်ခွာရာ ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။

ဒုတိယဝန်ကြီးနှင့်အတူ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ညွန်ကြားရေးမှူး(ဂီတ) ဦးတိုးကျော်နှင့် လက်ထောက် ညွန်ကြားရေးမှူး ဒေါ်ခိုင်မိုးနိုင်တို့ လိုက်ပါသွားကြသည်။

(သတင်းစဉ်)

No comments:

Post a Comment