နေပြည်တော် စက်တင်ဘာ ၁၈
အမျိုးသားအဆင့်
ဘူမိဥယျာဉ်ဆိုင်ရာ ကော်မတီ ပထမအကြိမ် အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ
သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင်
အမျိုးသားအဆင့် ဘူမိဥယျာဉ်ဆိုင်ရာ ကော်မတီဥက္ကဋ္ဌ သယံဇာတနှင့် သဘာဝ
ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက သယံဇာတနှင့်
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနအနေဖြင့် သဘာဝသယံဇာတများအား ရေရှည်
တည်တံ့စေရန်ထိန်းသိမ်းကာကွယ်၊ စီမံအုပ်ချုပ်၊ စနစ်တကျ အသုံးပြုခြင်းတို့ကို
ဆောင်ရွက်လျက် ရှိကြောင်း၊ ဇီဝမျိုးစုံမျိုးကွဲများ၊ ဂေဟစနစ်များနှင့် ထူးခြားသည့်
ဘူမိသွင်ပြင်များကို သဘာဝ ထိန်းသိမ်းရေးနယ်မြေအဖြစ်သတ်မှတ်ပြီး
ကာကွယ်ထိန်းသိမ်းထား ပါကြောင်း၊ အာဆီယံဒေသ အဆင့်တွင် သတ်မှတ်သည့်
အာဆီယံအမွေအနှစ်ဥယျာဉ် ၊ ကမ္ဘာ့အဆင့်တွင် သတ်မှတ်သည့် ကမ္ဘာ့အမွေအနှစ်၊
ရမ်ဆာရေဝပ်ဒေသ၊ လူသားနှင့်ဇီဝအဝန်းနယ်မြေ စသည့် နိုင်ငံတကာနှင့် ဒေသအဆင့်
အသိအမှတ်ပြု ထိန်းသိမ်းရေးနယ်မြေများ သတ်မှတ်ခံရရန် ကြိုးပမ်းနေပါကြောင်း။
ယနေ့တွင် နောက်ထပ်
နိုင်ငံတကာအသိအမှတ်ပြု ထိန်းသိမ်းကာကွယ်ရေးနယ်မြေ အမျိုးအစား တစ်ခုဖြစ်သည့်
ကမ္ဘာ့ဘူမိဥယျာဉ် သတ်မှတ်ခံရရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းများကို
ဆွေးနွေးကြမည်ဖြစ်ကြောင်း၊ ကမ္ဘာ့ဘူမိဥယျာဉ် အစီအစဉ်သည်ကုလသမဂ္ဂ ပညာရေး၊
သိပ္ပံနှင့် ယဉ်ကျေးမှု အဖွဲ့၏ ဖွံ့ဖြိုးရေးနှင့်ထိန်းသိမ်းရေးကို ဆောင်ရွက်နေသည့်
အစီအစဉ်တစ်ခုဖြစ်ပြီး၊ မြန်မာနိုင်ငံဘူမိသိပ္ပံအသင်း၏ လေ့လာမှုအရ
မြန်မာနိုင်ငံတွင် Global Geopark အဖြစ် သတ်မှတ်ခံရရန် အလားအလာရှိသည့်
နေရာအများအပြားရှိသည်ဟု သိရှိရပါကြောင်း။
UNESCO
သည်ကမ္ဘာ့ဘူမိဥယျာဉ်အစီအစဉ်ကို ၂၀၀၁ ခုနှစ်တွင်စတင်ခဲ့ပြီး လက်ရှိမှာ (၄၁)
နိုင်ငံတွင်ကမ္ဘာ့ဘူမိဥယျာဉ် (၁၄၇) ခု ရှိကြောင်း၊ တရုတ်နိုင်ငံတွင်
ကမ္ဘာ့ဘူမိဥယျာဉ် (၃၉)ခု၊ ထိုင်း၊ အင်ဒိုနီးရှား၊ ဗီယက်နမ်နှင့်
မလေးရှားနိုင်ငံများတွင်လည်း ကမ္ဘာ့ဘူမိ ဥယျာဉ်များရှိပြီးဖြစ် ကြောင်း၊
မြန်မာနိုင်ငံတွင်ကမ္ဘာ့ဘူမိဥယျာဉ်အဖြစ် သတ်မှတ်ခံရရန် အလားအလာကောင်းများ
ပိုင်ဆိုင်သည့် နေရာအများ အပြားရှိသည့်အနက်မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်း၏
လေ့လာမှုအရ ပုပ္ပါးတောင်ဒေသသည် အလားအလာအကောင်း ဆုံးဖြစ်ကြောင်းနှင့် ယင်းဒေသတွင်
ထူးခြားသည့် ကျောက်ဖြစ်ရုပ်ကြွင်းများ၊ ပုဂံခေတ် သံရည်ကြိုမီးဖိုများ၊ ထူးခြားသည့်
ဇီဝမျိုးစုံမျိုးကွဲများနှင့် အစွယ်(၂)ထပ်
ဆင်၏ကျောက်ဖြစ်ရုပ်ကြွင်းမေးရိုးများရှိကြောင်း၊ အာဆီယံအမွေအနှစ် ဥယျာဉ်၊
ကမ္ဘာ့အမွေအနှစ်၊ ရမ်ဆာရေဝပ်ဒေသနှင့် လူသားနှင့်ဇီဝအဝန်းနယ်မြေများသည် ပုံမှန်အားဖြင့်
ဝန်ကြီးဌာနအောက် တွင်ရှိစီမံခန့်ခွဲပိုင်ခွင့်ရှိသော သစ်တောနယ်မြေတွင်
သစ်တောဦးစီးဌာနမှ အဓိကဆောင်ရွက်လျက်ရှိကြောင်း၊ ဘူမိဥယျာဉ်အခြေအနေများ
သည်ကွဲပြားသည့် စီမံခန့်ခွဲမှုများ ပါဝင်သည့်သဘောသဘာဝရှိသည့်
အတွက်ဝန်ကြီးဌာနတစ်ခုတည်း ဆောင်ရွက်၍မရဘဲ ဆက်စပ် သည့် ဌာနအဖွဲ့အစည်းအားလုံး
ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း။
ကမ္ဘာ့ဘူမိဥယျာဉ်
(Global Geopark) သည် ကျယ်ပြန့်သည့်နယ်မြေ တစ်ခုကို လွှမ်းခြုံပြီး
ထိန်းသိမ်းကာကွယ်မှု၊ သိမြင်နိုးကြားလာစေမှုနှင့်
စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုစသည့် ဒေါက်တိုင်(၃)ခုအပေါ် အခြေခံရသောကြောင့်
နယ်မြေစီမံခန့်ခွဲရေး၊ ပညာရပ်နှင့်သုတေသန ဆိုင်ရာဌာနအဖွဲ့အစည်းများ
ပူးပေါင်းဆောင်ရွက်မှုဖြင့် အောင်မြင်မှုပန်း တိုင်သို့ ရောက်ရှိနိုင် ကြောင်း၊
ယခုကဲ့သို့ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နိုင် ရန် ပြည်ထောင်စုအစိုးရအဖွဲ့မှ
သက်ဆိုင်ရာ ဝန်ကြီးဌာနများပါဝင်သော အမျိုးသားဆင့် ဘူမိဥယျာဉ်ဆိုင်ရာကော်မတီကို
ဖွဲ့စည်းပေးခဲ့ခြင်း ဖြစ်ကြောင်း၊ ကမ္ဘာ့ဘူမိဥယျာဉ် (Global
Geopark)သတ်မှတ်ခံရရေးနှင့် သတ်မှတ်ခံရပြီးနောက် စီမံခန့်ခွဲရေးဆောင်ရွက်နိုင်ရန်
ဌာနအဖွဲ့အစည်း များ စုံလင်စွာပါဝင်သော ဘူမိဥယျာဉ် (Geopark) ဆိုင်ရာ လုပ်ငန်းကော်မတီကိုလည်း
ဖွဲ့စည်းသွားမည်ဖြစ်ပြီး လုပ်ငန်းကော်မတီ တွင် ဒုတိယ ဝန်ကြီးက
ဦးဆောင်သွားမည်ဖြစ်ကြောင်းပြောကြားသည်။
အခမ်းအနားသို့
အမျိုးသားအဆင့်ဘူမိဥယျာဉ်ဆိုင်ရာ ကော်မတီဝင်များ တက်ရောက်ကြပြီး
တက်ရောက်လာကြသူများမှ မြန်မာနိုင်ငံတွင် ပထမဦးဆုံး ကမ္ဘာ့ဘူမိဥယျာဉ် (Global
Geopark) သတ်မှတ်ခံရနိုင်ရေး နှင့် ပတ်သက်၍ ဝိုင်းဝန်းဆွေးနွေးကြကြောင်းသိရသည်။
(သတင်းစဉ်)

No comments:
Post a Comment