နေပြည်တော် စက်တင်ဘာ ၂၁
နိုင်ငံ့ဝန်ထမ်းများကိုဖိနှိပ်မှုရှိပြီး
ကိုယ်စားလှယ်တစ်ချို့ကို ခံဝန်ထိုးခိုင်းသည်ဆို သည့် မေးမြန်းချက် နှင့်စပ်လျဉ်း၍ သတင်းမီဒီယာများ
ဖိတ်ခေါ်ရှင်းလင်းပွဲကို ယနေ့ နံနက်ပိုင်းက နေပြည်တော်ရှိ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးတွင်
ပြုလုပ် သည်။
ရှင်းလင်းပွဲတွင်
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှ စစ်ဆေးရေးမှူး ချုပ် ဦးသန့်ဇော်က ၂၀၁၈
ခုနှစ်အတွင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင် သို့ တိုင်ကြားစာ ၁၀၅၄၃ စောင်
ရောက်ရှိပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ အပေါ် တိုင်ကြားစာ (၇၅)ရာခိုင်နှုန်းပါဝင်ပြီး
ပြည်သူ့ဝန်ထမ်း များအပေါ် တိုင်ကြားစာ(၁၈) ရာခိုင်နှုန်းသာရှိပါကြောင်း၊ အဆိုပါ ပြည်သူ့ဝန်ထမ်းများတွင်
ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး မှစပြီး နိုင်ငံရေးအရ လုပ်ပိုင်ခွင့်ရှိသူများအဆင့်ထိ
ပါဝင်ပါကြောင်း၊ နိုင်ငံဝန်ထမ်းများ အပေါ် တိုင်ကြားမှုများပြားခြင်းကြောင့် ကော်မရှင်က
အရေးယူ ဆောင်ရွက်မှုမှာ နိုင်ငံ့ဝန်ထမ်းများအပေါ် ပိုမိုသက်ရောက်မှုရှိနေခြင်းဖြစ်ကြောင်းကို
နားလည်စေ လိုပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ၎င်းက အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သို့
ရောက်ရှိ လာ သည့် တိုင်ကြား စာများကို ကော်မရှင်အဖွဲ့ဝင်(၆)ဦးပါဝင်သော အဖွဲ့ဖြင့် ကနဦး
စိစစ်ပြီး တွေ့ရှိချက်အပေါ် အရေးကြီး သည့် သက်သေခံချက်များပါရှိသော တိုင်ကြားမှု များကို
အများဆန္ဒ သဘောတူညီချက်ဖြင့်သာ စုံစမ်းစစ်ဆေးရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ စုံစမ်းစစ်ဆေးရေးအဖွဲ့သည်
ငွေစာရင်းများ သိမ်းဆည်းခြင်းနှင့် တိုင်ကြား ခံရသူနှင့် တိုင်ကြားခံရသူဘက်မှ သက်သေခံချက်များရယူခြင်း
စသည်ဖြင့် စုံစမ်းစစ်ဆေး တွေ့ရှိချက်အစီရင်ခံစာကို ကော်မရှင်ဥက္ကဋ္ဌထံသို့ ဆောလျင်စွာ
တင်ပြရ ပါကြောင်း။
ဥပဒေပါ ပြစ်မှုတစ်ခုခုကို
ကျူးလွန်ကြောင်း ခိုင်လုံသောအထောက်အထားများ ပေါ်ပေါက်ခြင်း မရှိပါက ကော်မရှင်က စွပ်စွဲတိုင်တန်းချက်ကိုပယ်ချပြီး
ခိုင်လုံသော အထောက်အထားများ ပေါ်ပေါက်ပါက တိုင်ကြားခံရသူကို တရားစွဲဆိုရန် ကြိုတင်ခွင့်ပြု
မိန့်ထုတ်ပေးပြီး နည်းဥပဒေ (၁၆၅)(ခ)နှင့်အညီ သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့် အဖွဲ့ အစည်းအကြီးအမှူးထံမှ
ဖမ်းဆီးချုပ်နှောင်ခွင့် ပြုမိန့်တောင်းခံခြင်း၊ သက်ဆိုင်ရာ ရဲစခန်းတွင် ပထမသတင်းပေး
တိုင်တန်းချက် ဖွင့်လှစ်ခြင်း၊ ဖမ်းဆီးခံရသူအားတရားရုံးတွင် ချုပ်ရမန်တောင်းခံခြင်းများကို
စစ်ဆေးရေးမှူးချုပ်က ကြီးကြပ်၍ ဆောင်ရွက်ရခြင်းဖြစ်ပါ ကြောင်း။
တရားလိုပြသက်သေများသည်
ကော်မရှင်ကဖွဲ့စည်းပေးသည့် စုံစမ်းစစ်ဆေးရေး အဖွဲ့ထံအစစ်ဆေး ခံစဉ်ကခိုင်လုံစွာထွက်ဆိုခဲ့သည့်အတိုင်းတရားရုံးတွင်
အမှန်အတိုင်း အစစ်ခံချက်ပေးသည့်အခါ အမှုခိုင်မာမှုအားကောင်းပြီး အောင်မြင်မှုများ ရရှိပါကြောင်း။
အချို့သောအမှုများ၌
စုံစမ်းစစ်ဆေးရေးအဖွဲ့ရှေ့မှောက်တွင် စစ်ဆေးစဉ်က အမှန်အတိုင်းထွက်ဆို စစ်ဆေးခံခဲ့သော်လည်း
တရားရုံးရှေ့မှောက် အစစ်ခံသည့်အခါ အကြောင်းအမျိုးမျိုးကြောင့် ဆန့်ကျင်ကွဲလွဲ၍ အစစ်ခံချက်ပေးသည်များ
ရှိတတ်ပါကြောင်း၊ သက်သေအချို့မှာ တရားရုံးသို့ သွားရောက် အစစ်ခံချက် ပေးလိုမှုမရှိခြင်း၊
အချိန်ကြာလာသည်နှင့်အမျှ မေ့လျော့တတ်ခြင်း၊ လူမှုရေး အရစွပ်စွဲ ခံရသူအပေါ် သနားငဲ့ညှာလိုခြင်း၊
အားနာတတ်ခြင်း၊ မလျော်ဩဇာအသုံးပြုခံရခြင်း၊ ဖြစ်ရပ်မှန်အားအ ပြည့်အစုံထွက်ဆိုရန် ဝန်လေးတတ်ခြင်းတို့ကြောင့်
အမှုခိုင်မာမှုကို ထိခိုက်ပြီး စွပ်စွဲခံရ သူဘက်သို့ အခွင့်အရေးပေးသကဲ့သို့ ဖြစ်သွားတတ်ပါကြောင်းနှင့်
တရားရုံးများ အနေဖြင့် လည်း ရုံးရှေ့ထွက်ချက်ကိုသာအခြေခံ၍ စီရင်ဆုံးဖြတ်ကြ ရကြောင်း
ရှင်းလင်း ပြောကြားသည်။
ရှင်းလင်းဆွေးနွေးပွဲအပြီးတွင်
သတင်းထောက်များ မေးမြန်းထားသည့် မေးခွန်းများကို ပြန်လည် ဖြေကြားခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:
Post a Comment