Home

Saturday, February 7, 2015

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးသက်နိုင်ဝင်းအား ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) မှ ဌာနေညွှန်ကြားရေးမှူး လာရောက်တွေ့ဆုံ



နေပြည်တော်၊ ဖေဖော်ဝါရီ  ၆ 

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးသက်နိုင်ဝင်းအား ကုလသမဂ္ဂကမ္ဘာ့ စားနပ်ရိက္ခာအစီအစဉ် (WFP) မှ ဌာနေညွှန်ကြားရေးမှူး Mr. Dom Scalpelliသည် ယနေ့နံနက် (၉)နာရီခွဲအချိန်တွင် ရုံးအမှတ် (၄၂)ရှိ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံသည်။



ထိုသို့တွေ့ဆုံရာတွင် နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP)တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် စားနပ်ရိက္ခာ ထောက်ပံ့ဖြန့်ဝေရေး စီမံကိန်း၏ ဖြစ်ပေါ် တိုးတက်မှုများ၊ စီမံကိန်းဆောင်ရွက်လျက်ရှိသည့် ပြည်နယ်နှင့် တိုင်းဒေသကြီး (၁၀)ခုတွင် စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်မှု၊ ပညာရေးအတွက် စားနပ်ရိက္ခာ၊ လုပ်အားအတွက် စားနပ်ရိက္ခာအစီအစဉ် ဆောင်ရွက်မှု အခြေအနေများ၊ ရခိုင်ပြည်နယ်နှင့် ကချင်ပြည်နယ်တို့တွင် ကူညီထောက်ပံ့ရန် လိုအပ်နေသူများအတွက် စားနပ်ရိက္ခာထောက်ပံ့ ဖြန့်ဝေရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးသည်။

No comments:

Post a Comment