နေပြည်တော် ၊ ဖေဖေါ်ဝါရီ ၆
နိုင်ငံသားစိစစ်ရေး ကတ်ပြားသည် နိုင်ငံသားတစ်ဦးအတွက်
နိုင်ငံသားအရည်အချင်း အပြည့်အဝ ရရှိနိုင်သည့် အထောက်အထားတစ်ခုဖြစ်ပါကြောင်း၊ ယင်းကတ်ပြားသည်
နိုင်ငံတော်လုံခြုံရေးနှင့် အမျိုးသား အကျိုးစီးပွား တို့နှင့် ဆက်စပ်လျက်ရှိပြီး လူတစ်ဦးချင်းစီ၏
မျိုးရိုးစဉ်ဆက်မှတ်တမ်းမှတ်ရာများနှင့် တိုက်ဆိုင်စစ်ဆေးကာ ဥပဒေလုပ်ထုံး လုပ်နည်းများနှင့်အညီ
ဆောင်ရွက်ထုတ်ပေးရပါကြောင်း၊ သို့သော် ပြည်သူတို့၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးမှုအဖြစ်
နိုင်ငံသားစိစစ်ရေးကတ်ပြားကို သတ်မှတ်နှုန်းထား ဖြင့် လွယ်ကူလျင်မြန်စွာ ထုတ်ပေးနိုင်ရန်
ဖြေလျော့မှုနည်းလမ်းများဖြင့် မိုးပွင့်စီမံချက်များရေးဆွဲ၍ နိုင်ငံ တစ်ဝှမ်းကွင်းဆင်း
ထုတ်ပေးခဲ့ပါကြောင်း၊
နိုင်ငံတကာတွင် နိုင်ငံသားဖြစ်မှုနှင့်ပတ်သက်၍ ၎င်းတို့မြေပေါ် တွင်
ကာလမည်မျှကြာ နေထိုင်သည်ကို လည်းကောင်း၊ တစ်ဦးနှင့်တစ်ဦး သွေးချင်းဆက်စပ်မှုပေါ် မူတည်
၍လည်းကောင်း ဆုံးဖြတ် သတ်မှတ်ကြ ပါကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် နိုင်ငံသားဖြစ်မှုကို
သွေးချင်း ဆက်စပ်မှုကို မူတည်ဆုံးဖြတ်ပြီး မွေးရာပါ နိုင်ငံသားနှင့် ဥပဒေအရ ဖြစ်သော
နိုင်ငံသားဟူ၍ (၂)မျိုး သတ်မှတ်ထားပါကြောင်း၊
မိုးပွင့်စီမံချက် များသည် မွေးရာပါနိုင်ငံသားများအတွက် ကွင်းဆင်း ဆောင်ရွက် ပေးနေသော်လည်း အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံသားစိစစ်ရေးကတ်ပြား
မပြုလုပ်ရသေးသူများရှိ နေသည့်အတွက် ယခုအခါမိုးပွင့် (အထူး)စီမံချက်ဖြင့် ဆောင်ရွက်ပေးသွားမည်
ဖြစ်ပါကြောင်းဖြင့် လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး
ဦးခင်ရီသည် ဖေဖေါ်ဝါရီလ ၃ ရက် နံနက် ၈နာရီခွဲတွင် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့၊
မြရွှေဝါခန်းမ၌ ကျင်းပသည့် မိုးပွင့်(အထူး) စီမံချက်နှင့် ပတ်သက်သည့် ရှင်းလင်းခြင်းအခမ်းအနား၌
ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများနှင့် ဒေသခံ ပြည်သူများအား ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မြောင်းမြမြို့၊
ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာန၊ ခရိုင်ဦးစီး ဌာနမှူးရုံးရှိ အဆောက်အအုံ၌ ဒေသခံအမျိုးသမီးများ
အလုပ်အကိုင် အခွင့်အလမ်းရရှိစေမည့် စက်ချုပ် သင်တန်းဖွင့်လှစ်နိုင်ရေး ပြင်ဆင်ထားရှိမှုကို
လည်းကောင်း၊ ဒနှုံးချောင်းကျေးရွာ အခြေခံပညာမူလတန်း လွန်ကျောင်းအခြေအနေနှင့် ကလေးငယ်များ
ပညာသင်ကြားနေမှုကို လည်းကောင်း လှည့်လည်ကြည့်ရှု စစ်ဆေးကာ တာဝန်ရှိသူများအား လုပ်ငန်းလိုအပ်ချက်များ
မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


No comments:
Post a Comment